backup og meta

ကလေးများတွင် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ကွာခြားမှု ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိနိုင်ဖို့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိဖို့ ခက်ခဲပါတယ်။ တခါတရံမှာ ဒါကို ဘာလဲဆိုတာမသိပဲ အခြားရောဂါထင်တာမို့ လိုအပ်တဲ့ကုသမှုတွေကို မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကို သိရှိနားလည်ခြင်းဟာ သင့်ကလေးငယ်ကို သူတို့လိုချင်တဲ့ အရာတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

သင့်ကလေးငယ်ဟာ ဝမ်းနည်းနေပြီး နှစ်ပတ်ထက်ပို ကြာမြင့်ခြင်း (သို့) သူတို့ရဲ့ ခံစားချက်တွေကြောင့် စာလုပ်ခြင်း၊ အိမ်၊ ကျောင်းတွေမှာ ဆက်ဆံရေး အဆင်မပြေခြင်းတွေကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ရုတ်တရက်ပျော်ပြီး ခဏနေ စိတ်မကောင်းကြီးစွာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပြောင်းလဲမှုတွေက အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။

ပြင်းထန်သော ခံစားမှုများ

သင့်ကလေးငယ်တွေကို ကြည့်ရှုသင့်ပါတယ်။ သူတို့မှာ စိတ်ရောဂါရှိတယ်ဆိုရင် သူတို့ဟာ အကြောင်းရင်းမရှိပဲ အရာရာကို ကြောက်ရွံ့နေတတ်ပါတယ်။ ဒီကြောက်ရွံ့မှုဟာ သူတို့ရဲ့ နှလုံခုန်ခြင်း၊ အသက်ရှူခြင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

နှလုံးခုန်နှုန်းမြန်လာခြင်း၊ မောလာခြင်းတွေ ဖြစ်နိုင်ပါတယ်။ အချို့ကြောက်ရွံ့မှုတွေက နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။

အပြုအမူ ပြောင်းလဲခြင်း

အချို့အပြုအမူတွေပြောင်းလဲခြင်း၊ အပြုအမူတွေကို မထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အခြားသူတွေကို ထိခိုက်ဖို့ လက်နက်တွေအသုံးပြုခြင်း၊ အခြားသူတွေကို သတ်ချင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အခြားကလေးတွေရဲ့ ပစ္စည်းတွေကိုလည်း ခိုးနိုင်ပါတယ်။

ဒီအပြုအမူ ပြောင်းလဲမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အာရုံစူးစိုက်ရန် ခက်ခဲခြင်း

သူတို့ဟာ စာမေးပွဲ၊ အိမ်စာ၊ ကျောင်းလုပ်ငန်းတွေမှာ အာရုံစိုက်ဖို့ ခက်ခဲပါတယ်။ ဒါတွေဟာ ကျောင်းမှာ အမှတ်နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းခြင်း

သူတို့ မဖြစ်ချင်ရင်တောင်မှ၊ ကိုယ်အလေးချိန်ကျဆင်းနိုင်တဲ့ နည်းလမ်းတွေ မလုပ်ရင်တောင်မှ ပိန်သွားတတ်ပါတယ်။ စိတ်ရောဂါတွေဟာ အိပ်စက်ခြင်း၊ စားသောက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ သူတို့မှာ အိပ်စက်မှု၊ စားသောက်မှုဆိုင်ရာ ပြဿနာတွေ စိတ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

မိမိကိုယ်ကို ထိခိုက်ခြင်း

တခါတရံမှာ သူတို့ဟာ ကိုယ့်ကိုယ်ကို ထိခိုက်လိုကြပါတယ်။ သူတို့ကိုယ်ခန္ဓါကို ဓါးနဲ့ ဖြတ်ခြင်း၊ မီးလောင်စေခြင်းတွေ လုပ်နိုင်ပါတယ်။ သေကြောင်းကြံနိုင်တဲ့ အတွေးတွေ ရှိနိုင်ပြီး သေကြောင်းကြံဖို့ ကြိုးစားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

စိတ်ရောဂါရှိတဲ့ ကလေးငယ်တွေဟာ ကိုယ်ခန္ဓါ လက္ခဏာတွေ ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း တွေ ဖြစ်နိုင်ပါတယ်။

အရက်သောက်ခြင်း

အချိုကကလေးတွေဟာ အရက်သောက်ခြင်း၊ ဆေးသုံးခြင်းတွေက စိတ်ရောဂါပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ကြပါတယ်။ သူတို့ဟာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ လုပ်နိုင်ပါတယ်။ အပန်းပြေစေဖို့ ဆေးလည်းသုံးနိုင်ပါတယ်။

စိတ်ရောဂါရှင်ကလေးငယ်အများစုဟာ ဒီလက္ခဏာတွေ မခံစားရပေမယ့် ရောဂါရှာဖွေဖို့ ဆေးရုံကို ခေါ်သွားသင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ သင့်လျော်တဲ့အချိန်မှာ အထိရောက်ဆုံး ကုသမှု ပေးနိုင်စေမှာပါ။ သင့်ကလေးကို ဂရုစိုက်ဖို့ သတိရသင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Mental illness in children: Know the signs. http://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/mental-illness-in-children/art-20046577. Accessed December 5, 2016.
2. A Look at Mental Illness in Children. http://www.webmd.com/anxiety-panic/mental-health-illness-in-children. Accessed December 5, 2016.
Child Mental Health. https://medlineplus.gov/childmentalhealth.html. Accessed December 5, 2016.

ယခုပုံစံ

21/04/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/04/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement