backup og meta

ဇင့်ဓါတ် ချို့တဲ့ရင်လည်း သွေးတိုးနိုင်တယ်

ဇင့်ဓါတ် ချို့တဲ့ရင်လည်း သွေးတိုးနိုင်တယ်
ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါကြားမှာ ဆက်နွှယ်မှုရှိနေတာကိုသုတေသနလေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကသွေးတိုးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိနေသူတွေအတွက် ကြိုတင်ကာကွယ်နိုင်မယ့်လမ်းစတစ်ခုလည်းဖြစ်ပါတယ်။
အဖြစ်များဆုံးကျန်းမာရေးပြဿနာတွေထဲပါဝင်နေတဲ့သွေးတိုးရောဂါဟာ ဇင့်ဓါတ်မလုံလောက်မှုနဲ့ဆက်နွှယ်နေတယ်ဆိုတာကို သုတေသီတွေက မကြာသေးခင်နှစ်တွေအတွင်းမှာ တွေ့ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်သွေးတိုးဖြစ်စေတဲ့အထဲမှာ ဇင့်ရဲ့အခန်းကဏ္ဍကို အတိအကျမထောက်ပြနိုင်ခဲ့ပါဘူး။

အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါလိုမျိုးရောဂါတွေရှိတဲ့သူတွေဟာ ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါရှိတာများပါတယ်။ ကြွက်တွေကိုလေ့လာတဲ့အခါမှာတော့သွေးထဲမှာ ဇင့်ဓါတ်နည်းလာတာနဲ့ အငန်နည်းနည်းစားရုံနဲ့သွေးဖိအားမြင့်တက်စေတာတွေ့ရတာပါ။

မကြာသေးခင်က သုတေသနမှာ ဒီထက်ပိုတဲ့တွေ့ရှိမှုကိုAmerican Journal of Physiology–Renal Physiologyမှာဖော်ပြခဲ့ပါတယ်။

ကျောက်ကပ်နဲ့ သွေးတိုး

သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ဆိုဒီယမ်စုပ်ယူမှုက အဓိကအရေးပါပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တစ်ခုက ဆီးဖြစ်တော့မယ့် အရည်တွေထဲကနေ ဆိုဒီယမ်ကိုပြန်စုပ်ယူပြီး ခန္ဓါကိုယ်ထဲပြန်ပို့ပေးတာဖြစ်ပါတယ်။ အများအားဖြင့် ဆီးထဲမှာ ဆိုဒီယမ်နည်းနေပြီဆိုသွေးဖိအားမြင့်တက်ပါတယ်။ တကယ်တော့ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲပြန်ရောက်လာတဲ့ ဆိုဒီယမ်တွေများလာစေပြီး ဆီးကနေစွန့်ထုတ်တာနည်းမယ်၊သွေးတိုးတက်မယ်၊ ဒါပါပဲ။

သည်လိုလုပ်ဆောင်ချက်ပြောင်းလဲစေဖို့ပေါင်းစပ်လှုပ်ရှားစေတဲ့ ပရိုတင်းတွေအများကြီးရှိပါတယ်။ အင်ဇိုင်းတွေအပါအဝင် ပရိုတင်းအမျိုးအစားများစွာကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဇင့်ဓါတ်ဟာ ဒီအချက်မှာ လှုံ့ဆော်လုပ်ဆောင်ပေးတဲ့အရာတစ်ခုဖြစ်နေပါတယ်။

ဇင့်နဲ့ သွေးတိုး

ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး သုတေသနပြုလုပ်တဲ့အခါ တစ်စုကို ဇင့်ဓါတ်မပြည့်ဝတဲ့အစားအစာကျွေးတော့ သွေးဖိအားမြင့်တာတွေ့ရပြီး ဇင့်ဓါတ်အာဟာရတွေပြန်ဖြည့်လိုက်တဲ့အခါ သွေးဖိအားပုံမှန်ဖြစ်တာတွေ့ရပါတယ်။နောက်တစ်စုကိုလည်း အလားတူပဲ ဇင့်ဓါတ်မပြည့်ဝအောင်ကျွေးပြီးမှ ခုနက ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲမှုမျိုးကိုဟန့်တားနိုင်တဲ့hydrochlorothiazide တိုက်ကျွေးပါတယ်။ ဒုတိကအုပ်စုမှာလည်းသွေးဖိအားပုံမှန်ပြန်ဖြစ်သွားပါတယ်။

ဒါ့ကြောင့် အငန်စားလို့၊ တက်စာစားလို့သွေးတိုးတက်တာတင်မကပါဘူးလို့။ တချို့မှာဆို အစာလည်းရှောင်နေရင်းနဲ့ကို သွေးပေါင်တက်တက်နေတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလောက်ဆို ဗီတာမင်နဲ့သတ္တုဓါတ်တွေ ညီညွတ်ပြည့်ဝဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိသင့်ပါတယ်နော်။

ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ အခွံမာငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ အာလူး၊ကိုက်လန်၊ အနက်ရောင်ချောကလက် တို့ပါဝင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/324273.php

Accessed Feb 5, 2019.

ယခုပုံစံ

08/11/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement