backup og meta

အိပ်စက်ခြင်းပုံစံ အမျိုးမျိုးနဲ့ ကျန်းမာရေး ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်စက်ခြင်းပုံစံ အမျိုးမျိုးနဲ့ ကျန်းမာရေး ။ ။

    လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်အနားယူတဲ့ ပုံစံတွေက မတူကြပါဘူး။ လူအများကြီး မပြောနဲ့။ လူတစ်ယောက်တည်းမှာတင် စစအိပ်တုန်းကတစ်ပုံစံ၊ နောက်ပိုင်းကျ ပုံစံမအမျိုးမျိုးပြောင်းပြီး အိပ်တဲ့သူချည်းပါပဲ။ ဒီတော့ ကိုယ်အိပ်တဲ့ပုံစံတွေက ကိုယ့်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှု ရှိလဲမသိချင်ကြဘူးလား။

    အိပ်စက်တဲ့ပုံစံတွေအကြောင်းဘာလို့ပြောနေရတာလဲဆိုတော့ ကိုယ်အိပ်တဲ့ ပုံစံတွေကြောင့် အိပ်ရင်းဟောက်တာ၊ ရင်ပူတာတွေနဲ့ အသားအရေတွန့်တာတွေဖြစ်နိုင်လို့ပါ။ ဒီတော့ ဘယ်လိုအိပ်စက်နည်းပုံစံတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ ။ ။

    ပက်လက်လှန်အိပ်ခြင်း။

    အားသာချက် – ပက်လက်လှန်အိပ်ခြင်းက သင့်ကျောရိုးနဲ့ လည်ပင်းကို သက်တောင့်သက်သာရှိစေပြီး ကျောပြင်ကိုဆန့်စေတဲ့အတွက်ကြောင်း ကိုယ်ခန္ဓါကို တကယ်အနားရစေမယ့် ပုံစံတစ်ခုပါ။ ပက်လက်လှန်အိပ်နေတဲ့အတွက်ကြောင့် မျက်နှာနဲ့ ေအာက်ဆီဂျင်နဲ့ထိတွေ့မှု များပြီး အရေးအကြောင်း တွေ လျော့ပါးစေမှာ ဖြစ်ပါတယ်။

    အားနည်းချက် – အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတဲ့ SLEEP APNEA ဆိုတဲ့ပြဿနာဟာ ပက်လက်လှန်အိပ်ရင် ပိုဆိုးသွားနိုင်တဲ့ ပြဿနာတစ်ခုပါ။ တစ်ချို့ ပက်လက်လှန်အိပ်တဲ့အခါ ပျော့နေတဲ့လျှာက အသက်ရှူလမ်းကြောင်းကို လိပ်ပြီးပိတ်ပိတ်သွားတတ်လို့ ဟောက်သံတွေ ဆူနေအောင် ကြားရတော့မှာပါ။ ဒါ့ကြောင့် Sleep apnoea ပြဿာနရှိတဲ့သူတွေဆို ဘေးစောင်းအိပ်တာ အကောင်းဆုံးပါ။

    ဘေးစောင်းအိပ်ခြင်း။

    အားသာချက် – ဘေးစောင်းအိပ်ခြင်းက လူတွေ အများဆုံးအိပ်စက်တတ်တဲ့ပုံစံတစ်ခုပါ။ ဘေးစောင်းအိပ်ခြင်းကြောင့် အစာခြေအက်ဆစ်ပြန်ဆန်တက်တဲ့ပြဿနာတွေ၊ ရင်ပူတဲ့ပြဿနာတွေ သက်သာစေပြီး အစာခြေအားကိုလည်း ကောင်းစေတဲ့အပြင် သွေးလည်ပတ်မှုကိုပါကောင်းစေလို့ ကိုယ်တွင်းက အညစ်အကြေးတွေကို သန့်စင်ပြီးသားဖြစ်မှာပါ။

    အားနည်းချက် – စောင်းအိပ်တဲ့အခါဘယ်ဘက်ကို စောင်းအိပ်တာများရင် အဆုတ်နဲ့ အစာအိမ်တို့မှာ ဖိအားဖြစ်စေတတ်ပါတယ်။ နောက်ပြီး ဘယ်ဘက်လက်နဲ့ ဘယ်လက်ခြေထောက်နဲ့က အဖိခံထားရတတ်လို့ နိုးလာတဲ့အခါ ထုံကျင်တဲ့ ပြဿနာရှိတတ်ပါတယ်။ နောက်ပြီး ပခုံးနာတဲ့ ပြဿနာရှိသူတွေက နာနေတဲ့ဘက်ကို စောင်းမအိပ်မိစေဖို့လိုပါတယ်။

    မှောက်အိပ်ခြင်း ။

    အားသာချက် ကတော့ မှောက်အိပ်ရင် ဟောက်သံတွေ သိပ်မထွက်တော့တာလောက်ပါပဲ။

    အားနည်းချက် – အိပ်စက်တဲ့ပုံစံတွေ အားလုံးထဲမှာ မှောက်အိပ်တဲ့ပုံစံက အဆိုးဆုံလို့တောင် ပြောလို့ရပါတယ်။ မှောက်အိပ်တဲ့အခါ ေကျာရိုးကြီးက စောင်းပြီး ခွက်နေရတာကြောင့် ခါးနာတဲ့ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ နောက်ပြီး မှောက်အိပ်တာမှာ ကိုယ်ခန္ဓါအပြင် ခေါင်းကြီးကပါ တစ်ဘက်ကို လှည့်ထားရတာကြောင့် လည်ပင်းနာတဲ့ပြဿနာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် မှောက်အိပ်မှအိပ်ပျော်တယ်ဆိုတဲ့သူတွေအတွက်တော့ အိပ်တိုင်း ဗိုက်အောက်ပိုင်းနားနဲ့တင်ပါးနားလောက်မှာ ခေါင်းအုံးလေးတစ်လုံးခံပြီး အိပ်ဖို့ အကြံပေးချင်ပါတယ်။

    အချုပ်ပြောရမယ်ဆိုရင်တော့ လူတိုင်းက ကိုယ့်စိတ်ကြိုက်ပုံစံ၊ ကိုယ်အသက်သာဆုံဖြစ်တဲ့ ပုံစံနဲ့ အိပ်ကြတဲ့သူချည်းပါပဲ။ ဒါကိုမှ အပေါ်မှာပြောထားတဲ့ ေဟာက်တတ်တဲ့ပြဿနာ၊ အစာအိမ်ပြဿနာတွေ ရှိခဲ့မယ်ဆိုရင်တော့ စစအိပ်တည်းက ပုံစံမှန်နဲ့အိပ်သင့်ပြီး တရေးနိုးလာတဲ့အခါမှာ အိပ်တဲ့ပုံစံတွေကို ပြောင်းပေးဖို့လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement