backup og meta

တက်တူး ထိုးပြီးချိန် အရေပြား ယားယံတာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

တက်တူး ထိုးပြီးချိန် အရေပြား ယားယံတာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

တက်တူး ထိုးတာကို အရေပြားပေါ်က အနုပညာလို့ တင်စားခေါ်ကြတယ်။ အရေပြားကို အလှဆင်ခြင်းတစ်မျိုးပေါ့။ လက်ဝတ်ရတနာတွေဝတ်ဆင်ပြီး လူကို အလှဆင်သလိုမျိုးလို့ ယူဆလို့ရပါတယ်။

ဒါပေမယ့် တက်တူးထိုးဖူးသူတိုင်း ကြုံရတတ်တဲ့ ပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ တက်တူးထိုးပြီးချိန်မှာ ယားယံတာပါပဲ။ အရေပြားပေါ်မှာ စုတ်ချက်တွေနဲ့ ဖန်တီးဆေးချယ်ပြီးတဲ့နောက်မှာ အရေပြားဟာ မူလအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရပါတယ်။

ဒီလိုမျိုး သဘာဝအတိုင်း အရေပြားက ပြန်လည်ကုစားနေချိန်မျိုးမှာ ယားယံတာ၊ အနီကွက်တွေထွက်တာတွေ ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို လူတိုင်းနီးပါး ကြုံရတတ်တာပါ။ ဒီလိုကြုံလာပြီဆိုရင် တက်တူးခရေဇီတို့အတွက်တော့ တကယ့် စိတ်ညစ်စရာ ကာလပါပဲ။ ကိုယ်လှလှပပထိုးထားတဲ့ ပုံလေးကိုလည်း မထိခိုက်စေချင်၊ ယားကလဲယားနဲ့ဆိုတော့ တကယ့်အခက်ခဲဆုံးအချိန်ပဲပေါ့။

ဘာလို့ ယားယံနေတာလဲ

တက်တူးတွေကို ယားယံစေရတဲ့အကြောင်းအရင်းက အမျိုးမျိုးရှိနေတတ်ပါတယ်။ ပုံမှန်အတိုင်း အရေပြားသဘာဝအလျောက် ပြန်လည်ကုစားတဲ့ဖြစ်စဉ်ကြောင့် ဖြစ်နိုင်သလို အောက်ပါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။

  • တက်တူးထိုးထားတဲ့ အရေပြားအလွှာမှာ ရောဂါပိုးကူးစက်ခံရတာ၊
  • တက်တူးမှာအသုံးပြုတဲ့ဆေးနဲ့ ဓာတ်မတည့်မှုဖြစ်တာ၊
  • အသုံးပြုတဲ့ဆေး မသန့်တာ၊
  • Eczema နဲ့ Psoriasis တို့လို အရေပြားပြဿနာတွေ ရှိနေတာ၊
  • ကိုယ်ခံအားစနစ်ကြောင့် တက်တူးအဟောင်းတွေကို ယားယံစေတတ်တဲ့ Sarcoidosis အခြေအနေရှိနေတာ၊
  • အရေပြားကင်ဆာရောဂါရှိနေတာ စတာတွေပါပဲ။

ပုံမှန် Healing Process ကြောင့် ယားယံတာမျိုးထက် ပိုမိုဆိုးရွားတယ်လို့ ခံစားရတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။

ယားယံမှုကို သက်သာစေဖို့ဆိုရင်

ပုံမှန်အားဖြင့် တက်တူးအသစ်တွေချည်းပဲ ယားယံတတ်တယ်လို့ လူတွေက ထင်တတ်ကြတယ်။ တကယ်တော့ တက်တူးအဟောင်းတွေလည်း ယားယံတာမျိုးဖြစ်တတ်ပါတယ်။ တက်တူးကြောင့်ဖြစ်လာတဲ့ ယားယံမှုတွေကို လျော့ပါးသက်သာစေချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို အသုံးချနိုင်ပါတယ်။

  • OTC creams နဲ့ Ointments တွေသုံးတာ – ဆေးဆိုင်မှာ ဆရာဝန်အညွှန်မလိုဘဲ ဝယ်လို့ရတဲ့ သောက်ဆေး၊ လိမ်းဆေးတွေပါ။ ဒီလိုလိမ်းဆေးတွေကိုတော့ တက်တူးဆရာတွေက လက်ဆောင်အဖြစ် ပေးလိုက်လေ့ရှိပါတယ်။
  • အေးမြအောင်ထားတာ – တက်တူးထိုးထားတဲ့နေရာကို အရမ်းမခြောက်သွေ့ပဲ အေးမြအောင်ထားတာက ယားယံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • အစိုဓာတ်ကို ထိန်းသိမ်းထားပါ – အစိုဓာတ်များရင်လည်း ယားယံနိုင်သလို၊ အစိုဓာတ်နည်းလွန်းရင်လည်း ယားယံတတ်ပါတယ်။ ဒါကြောင့် တက်တူးထိုးပြီးချိန်မှာ oatmeal-based body lotion မျိုး၊ moisturizer တစ်မျိုးမျိုး လိမ်းပေးတာက နည်းလမ်းကောင်းဖြစ်ပါတယ်။
  • Oatmeal ပါဝင်တဲ့ ဆပ်ပြာနဲ့ ရေချိုးတာ – ဒီနည်းလမ်းက တက်တူးအဟောင်းတွေအတွက်ပါ။ အသစ်တွေက ဆပ်ပြာကို ရှောင်ဖို့ လိုအပ်ပါတယ်။ တက်တူးအဟောင်းတွေ ယားယံလာတယ်ဆိုရင်တော့ Oatmeal နဲ့ ရေချိုးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
  • ကိုယ်ခံအားကောင်းအောင်နေပါ – ကိုယ်ခံအားနည်းသူတွေ၊ ကိုယ်ခံအားဆိုင်ရာ ရောဂါတစ်မျိုးမျိုးရှိသူတွေဟာ ယားယံမှုပိုဖြစ်တတ်ပါတယ်။ eczema၊ rosacea၊ psoriasis နဲ့ sarcoidosis တို့လို အရေပြားပြဿနာတွေကလည်း ကိုယ်ခံအားနည်းချိန်မှာ ပိုထကြွတတ်ကြတာကြောင့်ပါ။
  • တက်တူးထိုးချိန်မှာ ဆေးအဟောင်းတွေကို မသုံးမိအောင် သတိထားပါ – တက်တူးဆရာကို ဆေးအဟောင်းတွေ မသုံးဖို့ တောင်းဆိုသင့်ပါတယ်။ အဟောင်းတွေဟာ ဓာတ်မတည့်မှုဖြစ်နိုင်ခြေမြင့်မားတာကြောင့်ပါ။

နောက်ပြီး အောက်ပါအချက်တွေကိုလည်း သတိထားဖို့ လိုအပ်ပါသေးတယ်။

  • မကုတ်ပါနဲ့ – တက်တူးအသစ်တွေဆိုရင် ထိုးပြီးကာစအချိန်တွေမှာ ယားယံတတ်ပါတယ်။ ကုတ်မိရင် ပိုဆိုးသွားနိုင်တာမို့ မကုတ်ပါနဲ့။
  • အနာဖေးကို မခွာပါနဲ့ – တက်တူးထိုးပြီးချိန်မှာ အပေါ်ယံ အရေပြားက သဘာဝအတိုင်း ကွာကျသွားမှာပါ။ ကိုယ်တိုင်လိုက်ခွာတာမျိုးက အရေပြားကို ထိခိုက်စေမှာဖြစ်သလို တက်တူးကိုလည်း မလှမပဖြစ်စေနိုင်ပါတယ်။
  • ရေမကူးခင် အကြံဉာဏ်ရယူပါ – တက်တူးထိုးပြီးကာစ အချိန်မျိုးတွေမှာ ရေကူးဖို့ စိတ်ကူးရှိတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် တက်တူးဆရာရဲ့ အကြံဉာဏ်ကိုတောင်းခံပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ အထူးသဖြင့် ရေကူးကန်တွေက ကလိုရင်းကြောင့် ထိခိုက်လာနိုင်တာကြောင့်ပါ။

အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သတိထားပြီး ဂရုတစိုက်စောင့်ရှောက်ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရေပြားကို အလှဆင်ဖို့အတွက် တက်တူးထာက ပြဿနာမဟုတ်ပေမယ့် အမှားအယွင်းမရှိအောင် ကာကွယ်ရမှာက ကိုယ့်တာဝန်မဟုတ်လား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/326992#summary

https://www.healthline.com/health/itchy-tattoo

ယခုပုံစံ

11/07/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မလှမပတက်တူးတွေ မဖြစ်ရလေအောင်

တက်တူးထိုး ထားတဲ့နေရာက ယားနေရင် ဘာလုပ်သင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement