backup og meta

မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

    မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာက ခန္ဓာကိုယ်ရဲ့ပြတင်းပေါက်ပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ်ဖြစ်နေတဲ့အချို့သောအရာတွေက ခန္ဓာကိုယ်တွင်းမှာခံစားနေရတဲ့ လက္ခဏာတွေကိုဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံကပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေကို အချက်ပြပေးပါတယ်။

    မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

    မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေက ခန္ဓာကိုယ်မှာခံစားနေရတဲ့ရောဂါတွေကိုဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရောဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။

    မျက်ခုံးအထက်မှာ

    မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်း နဲ့ သည်းခြေအိတ်မကောင်းဘူးဆိုတာကိုဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင် ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကိုလျှော့စားဖို့လိုပါမယ်။ အဆီတွေကိုလည်းလျှော့စားဖို့လိုပါမယ်။

    မျက်ခုံးနှစ်ခုကြားမှာ

    မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာက ဆေးလိပ်တွေသောက်တာ၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အများကြီးသောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့အများကြီးထိမိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ထောပတ်၊ ချိစ်တွေမစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

    နှာခေါင်း ပေါ်မှာ

    နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာက အဆုတ်နဲ့ နှလုံးမကောင်းဘူးဆိုတာကိုဖော်ပြပေးနေတာပါ။ ဒီလိုဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့လိုပါမယ်။

    ဘယ်ဘက်ပါး

    မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် အသည်းကျန်းမာရေးအားနည်းနေတာပါ။ အိပ်ရေးဝအောင်အိပ်စက်တာ၊ အာဟာရမျှတအောင်စားသုံးပေးတာတွေ လုပ်ဆောင်ပေးဖို့လိုပါမယ်။

    ညာဘက်ပါး

    ညာဘက်ပါးမှာ ဝက်ခြံအများကြီးဖြစ်နေတာက အဆုတ်မကောင်းဘူးဆိုတဲ့လက္ခဏာပါ။ ဒါကြောင့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးတာ၊ မနက်ခင်းမှာ အဆုတ်အားကောင်းစေမယ့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေလုပ်ပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ သရေစာတွေတတ်နိုင်သမျှလျှော့စားပေးပါ။ ပင်လယ်စာတွေနဲ့ ဝိုင်လိုမျိုးအရာတွေကိုလည်းလျှော့စားပေးပါ။

    ပါးစပ်တစ်ဝိုက်

    ဒါကတော့ အစားအသောက်ပုံစံမှားယွင်းနေတာကြောင့်ပါ။ အစာခြေစနစ်၊ အူလမ်းကြောင်းနဲ့ အသည်းကျန်းမာရေးအားနည်းနေတာတွေကြောင့်လည်း ပါးစပ်တစ်ဝိုက်မှာ ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ အစပ်များတဲ့ အစားအစာတွေကို လျှော့စားပါ။ ဆီကြော်စားတွေတတ်နိုင်သမျှလျှော့ပါ။ အမျှင်ဓာတ်များများစားပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။

    ကိုယ်တွင်းဟော်မုန်းပမာဏ မမျှတတာကြောင့်ပါ။ စိတ်ဖိစီးမှုများနေတာကြောင့်လည်း မေးစေ့မှာ ဝက်ခြံဖြစ်နိုင်ပါတယ်။ omega-3ြပည့်ဝအောင်စားပေးပါ။ လက်ဖက်စိမ်းရေနွေးကြမ်းသောက်သုံးပေးပါ။

    မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံလေးတွေက အသားအရေကျန်းမာလို့တင် မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါလေးတွေ မကျန်းမာတာမျိုးလည်းဖြစ်နေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement