brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပြောပြောနေကျ BMI ဆိုတာ ဘာလဲ

Body mass index (BMI) ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီ (body fat) ပမာဏကို အနီးစပ်ဆုံးသိရဖို့ သုံးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွက်ရတာလည်း အလွန်လွယ်ကူပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကို တည်ပြီး မိမိရဲ့အရပ် (m2) နဲ့ စားလိုက်ရုံပါပဲ။ အခုခေတ်မှာဆို BMI ကို အလွယ်တကူတွက်ပေးတဲ့ mobile application တွေ၊ ပေါင်ချိန်စက်တွေလည်း ပေါပေါများများရှိနေပါပြီ။

ပြောပြောနေကျ BMI ဆိုတာ ဘာလဲ

BMI ကို ဘယ်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသလဲဆိုရင်တော့

  • body builders (ခန္ဓာကိုယ် အချိုးအစားကျနစွာလှပအောင် ကြိုးစားနေသူများ)
  • အားကစားသမားများ
  • ကိုယ်ဝန်ဆောင်မိခင်များပဲဖြစ်ပါတယ်။
  • BMI interpretation

    အရွယ်ရောက်ပြီးသူတွေ (young and middle-aged adults) အတွက် healthy BMI range ကတော့ 18.5 မှ 24.9 အတွင်းဖြစ်ပါတယ်။ 18.5 အောက်ဆိုရင် underweight ပိန်သည်ဟု သတ်မှတ်နိုင်ပြီး 25-29.9 ဆိုရင်တော့ overweight ဝသည်ဟု သတ်မှတ်ပါတယ်။ Over 30 ဆိုရင်တော့ အဝလွန်နေတဲ့ အခြေအနေဖြစ်ပါတယ်။

    BMI rule ရဲ့ခြွင်းချက်အခြေအနေများ

    BMI တွက်နည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏနဲ့ ကြွက်သားပမာဏကို တိတိကျကျခွဲထုတ်မပြပေးပါဘူး။ ထို့ကြောင့် အောက်ပါအခြေအနေတွေမှာတော့ BMI တစ်ခုတည်းကို ကြည့်ပြီး ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ကောက်ချက်ချဖို့ ခက်နိုင်ပါတယ်။

    ၁. ကြွက်သား– ကြွက်သားထုကြီးမားသော အားကစားသမားများမှာ BMI ဟာများနေတတ်သော်လည်း overweight မဟုတ်ပါ။

    ၂. ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ– ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုချို့ယွင်းပြီး လမ်းမလျှောက်နိုင်သူများတွင် ကြွက်သားဆုတ်ယုတ်မှုများရှိနိုင်သည့်အတွက် BMI နည်းနေနိုင်သော်လည်း underweight မဟုတ်ပါ။

    ၃. အရပ်– အရပ်ပုလွန်းသူ (<150cm) နှင့် အရပ်ရှည်လွန်းသူ (>190cm) တို့တွင်လည်း BMI တစ်ခုတည်းကို အသုံးပြု၍ ကောက်ချက်မချနိုင်ပါ။ အရပ်ပုသူတွေမှာ BMI ဟာ 25 ကျော်နေတတ်ပြီး အရပ်ရှည်သူတွေမှာ BMI ဟာ underweight ဘက်ရောက်နေတတ်ပါတယ်။

    ၄. လူမျိုးစု– ဥပမာ- အာရှတိုက်သားများနဲ့ အိန္ဒိယလူမျိုးများဟာ ဥရောပတိုက်သားများနဲ့ယှဉ်ရင် BMI တူနေရင်တောင် ခန္ဓာကိုယ်ရဲ့ အဆီပမာဏပိုများပါတယ်။ အချို့ အာရှတိုက်သားတွေမှာ BMI ၂၅ မပြည့်သေးပေမဲ့ ကိုယ်တွင်းအဆီပိုများနေတာကြောင့် ဝတဲ့ အနေအထားကို ရောက်နှင့်ပြီးသားဖြစ်နေတတ်ပါတယ်။

    BMI မြင့်ခြင်း နှင့် သင့်ကျန်းမာရေး

    အကယ်၍သင်ဟာ overweight ဖြစ်ပြီး (with a BMI >25), ကိုယ်လက်လှုပ်ရှားမှုလည်း နည်းတဲ့သူမျိုးသာဖြစ်တယ်ဆိုရင် အောက်ပါ ရောဂါအခြေအနေတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။

    BMI နည်းလွန်းသောအခါ

    BMI 18.5 အောက်ရောက်နေပြီး underweight ဖြစ်နေတဲ့ အခြေအနေမှာဆိုရင်တော့ သင်ဟာ အာဟာရချို့တဲ့သောအခြေအနေဖြစ်နေနိုင်ပြီး အောက်ပါရောဂါများ ဝင်လာနိုင်ချေရှိပါတယ်။

    • ကိုယ်ခံအားမကောင်းခြင်း
    • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
    • အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ
    • အရိုးပွခြင်း

    BMI ကို အသုံးပြုတိုင်းတာ၍ ကျန်းမာလှပသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက်…

    ရေးသားသူ – Dr. Saint

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/06/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။