backup og meta

အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ

    ()    မတော်တဆမှုတွေကို ရှောင်တိမ်းနိုင်မယ်

    ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်မှုတွေရဲ့ တစ်ဝက်လောက်ဟာ အရက်သောက်ခြင်းကြောင့် ဖြစ်ရတာပါ။ မီးလောင်ခြင်း၊ ရေနစ်ခြင်းနဲ့ လူသတ်မှုတွေကြောင့် သေဆုံးမှု တစ်ဝက်လောက်ဟာလည်း အရက်သောက်ခြင်းကြောင့်ပါပဲ။ အမြင့်ကနေပြုတ်ကျခြင်း၊ ယာဉ်မတော်တဆမှုတွေနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေလည်း အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ကို ဖြည်းဖြည်းချင်း လျှော့ချသောက်သုံးခြင်းဟာ ဒီလိုထိခိုက်မှုတွေနဲ့ အနာတရဖြစ်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

    ()    နှလုံး ကျန်းမာလာမယ်

    ဝိုင်အနီနဲ့ အရက်အနည်းငယ်သောက်သုံးခြင်းဟာ သင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းငယ်နဲ့ တစ်ခါတစ်ရံ သောက်သုံးသူတွေအတွက်ကိုပဲ ဆိုလိုပါတယ်။ လွန်လွန်ကျွံကျွံသောက်သုံးမှုမျိုးကို မဆိုလိုပါဘူး။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် သွေးပေါင်ချိန်မှန်လာမယ်၊ မကောင်းတဲ့အဆီ (TG) တွေကျလာမယ်၊ နှလုံးရောဂါဖြစ်ပွားမှုတွေ လျော့ကျလာမှာပါ။

    ()    အသည်း ပြန်လည် ကောင်းမွန်လာမယ်

    လူ့ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာပါ။ အရက်ဟာ အသည်းဆဲလ်တွေကို အဆိပ်ဖြစ်စေပါတယ်။ အရက်အလွန်အကျွံသောက်သုံးရင်တော့ ကြာလာတဲ့အခါ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းနဲ့ အခြားပြဿနာတွေခံစားရမှာပါ။ သတင်းကောင်းအနေနဲ့ အသည်းဆဲလ်တွေဟာ သူ့ဖာသာ ပြန်လည်ပြုပြင်နိုင်ပြီး အသစ်ပြန်တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မြန်မြန် အရက်ဖြတ်လိုက်ခြင်းဟာ အသည်းအတွက် အလွန်ကောင်းပါတယ်။

    ()    ကိုယ်အလေးချိန် ကျဆင်းမယ်

    ဘီယာတစ်ခွက်ဟာ ကယ်လိုရီ (၁၅၀) ရှိပြီး ဝိုင်တစ်ခွက်ဟာ (၁၂၀) ရှိပါတယ်။ အရက်၊ ဘီယာသောက်ရင်း အမြည်းအနေနဲ့ အားလူးကြော်၊ ငါးမုန့်ကြော်တွေကို အများ အားဖြင့် စားမိကြပါသေးတယ်။ ဒီတော့ အရက်ဖြတ်လိုက်ရုံနဲ့ ကိုယ်အလေးချိန် ကျဆင်းသွားတာဟာ မဆန်းပါဘူး။

    ()    အချစ်ရေး အဆင်ပြေလာမယ်။

    အရက်သောက်ခြင်းကြောင့် သင့်စိတ်အခြေအနေမြင့်တက်နိုင်သလို အပေါင်းအသင်းတွေနဲ့ သောက်ဖြစ်တာကြောင့် လူမှုဆက်ဆံရေးကောင်းမွန်လာမှာပါ။ ဒါပေမဲ့ နေတိုင်းလိုလိုသောက်မိလာရင် တော့ မကောင်းတဲ့ဘက်ကို ဦးတည်သွားပါပြီ။ မထိန်းချုပ်နိုင်တော့တဲ့အခါ စိတ်ဓာတ်ကျခြင်းတွေပါ ခံစား လာရမှာပါ။ အရက်ဖြတ်လိုက်ရင်တော့ အချစ်ရေးတင်မကပဲ အလုပ်နယ်ပယ်တွေ၊ ပေါင်းသင်းဆက်ဆံရေး တွေမှာပါ လေးလေးနက်နက် အာရုံစူးစိုက်လာနိုင်ပြီး မိမိကိုယ်ကိုပါ တန်ဖိုးထားတတ်လာမှာပါ။

    ()    ကင်ဆာနှုန်း လျော့ကျလာမယ်

    အရက်သောက်ခြင်းကြောင့် အစာရေမြိုကင်ဆာတွေ၊ ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာတွေဖြစ်ပွားစေနိုင်ပါတယ်။ ကင်ဆာရောဂါကို တတ်နိုင်သမျှ ကာကွယ်ချင်ရင်တော့ အရက်ဖြတ်လိုက်ပါ။

    ()   လိင်မှုကိစ္စတွေ ပိုမိုတိုးတက်လာမယ်

    အရက်သောက်ခြင်းဟာ မိန်းမနဲ့ ယောကျာ်းကြားမှာ ပိုပြီးစိတ်ကြွစေနိုင်ပေမဲ့ အကျင့်ကြီးတစ်ခုလို ဖြစ်လာပြီဆိုရင်တော့ မကောင်းပါဘူး။ အမျိုးသားတွေမှာ လိင်အင်္ဂါမထောင်မတ်နိုင်တော့တဲ့ပြဿနာမျိုး ရှိလာနိုင်သလို အမျိုးသမီးတွေမှာဆိုရင်လည်း လိင်စိတ်လျော့ပါးလာတာမျိုး၊ မိန်းမကိုယ်ခြောက်ကပ်လာ တာမျိုးဖြစ်နိုင်ပါတယ်။ အရက်ဖြတ်လိုက်မယ်ဆိုရင်တော့ စိတ်ကူးယဉ်ဆန်တဲ့ လိင်အထိအတွေ့ကို ပြန်လည်ရရှိစေနိုင်မှာပါ။

    ()    အိပ်ကောင်းခြင်း အိပ်ရစေမယ်

    အစပိုင်းတော့ အရက်ဟာ သင့်ကိုမိန်းမောစေမှာပါ။ အိပ်ပျော်သွားပြီဆိုရင်တော့ ခဏခဏလန့်နိုး တာမျိုး၊ အသက်ရှူခြင်းကို နှောင့်ယှက်တာမျိုးတွေဖြစ်လာမှာပါ။ ခဏခဏဆိုသလိုလည်း ဆီးထသွားရ တာမျိုးဖြစ်လာမှာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုမျိုးကို ခံစားချင်တယ်ဆိုရင်တော့ အရက်ဖြတ်ပါ။

    ()    မကြာခဏဖျားနာတာမျိုး ကင်းဝေးမယ်

    အရက်ဟာ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးတဲ့အတွက် အရက်ဖြတ်လိုက်တာနဲ့ ကိုယ်ခံအားစနစ်ပုံမှန် ပြန်ဖြစ်ပြီး နေမကောင်းတာတွေ မဖြစ်နိုင်တော့ပါဘူး။

    (၁၀သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်မယ်

    အရက်သောက်ထားသူတစ်ယောက်ဟာသွေးပေါင်ချိန်မြင့်တက်နေနိုင်ပါတယ်။

    ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မှာရှိမှာပါ။ အရက်သောက်ခြင်းကြောင့် ဒီသွေးပေါင်ချိန်ထက် မြင့်နေမှာပါ။ အရက်ဖြတ်လိုက်တာနဲ့ သွေးပေါင်ချိန်ထိန်းညှိပြီးသားဖြစ်သွားမှာပါ။

    (၁၁ဦးနှောက်စွမ်းရည် ပြန်လည် မြင့်တက်လာမယ်

    အရက်စွဲနေသူတစ်ယောက်ရဲ့ အတွေးတွေဟာ ရှုပ်ထွေးနေတတ်သလို မှတ်ဉာဏ်စွမ်းအားလည်း လျော့နည်းသွားတတ်ပါတယ်။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် နဂိုမူလဦးနှောက်စွမ်းရည်မျိုး ပြန်ဖြစ်လာနိုင် ပါတယ်။

    အရက်အလွန်အကျွံ သောက်သုံးရာကနေ ရုတ်တရက်ဖြတ်လိုက်ရင်လည်း သင့်ခန္ဓာကိုယ်ကဆိုးရွား စွာ တုံ့ပြန်နိုင်ပါတယ်။ ချွေးစေးတွေပြန်လာမယ့်နှလုံးခုန်မြန်လာမယ်။ မူးဝေမယ်၊ အော့အန်မယ်၊ တုန်ရီမယ်၊ စိတ်ဖိစီးမှုတွေကိုခံစားရနိုင်ပါတယ်။ အချို့လူတွေဆိုရင်တော့ တက်ခြင်းနဲ့ အာရုံခြောက်ခြား ခြင်းတွေ၊ ကယောက်ကတမ်းဖြစ်ခြင်းတွေခံစားရမှာပါ။ ဒါကြောင့်အရက်အလွန်အကျွံသောက်သုံးရာက

    ဖြတ်ဖို့ဆိုပြီးရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ တိုင်ပင်ပြီးဖြတ်သင့်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement