backup og meta

1

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ကြက်သွန်နီ အခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့ တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်း တစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို မှိုတက်တာမှန်သမျှ အန္တရာယ်ပါ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

အစားအစာတင် မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား။ အဲဒီ မှိုက ထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ ဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြား ရောဂါပိုးတွေ ကူးစက်ခံရလွယ်စေနိုင်ပါတယ်။

မှိုကို ထိမိတာ၊ ရှူမိတာနဲ့ ဓာတ်မတည့်တတ်သူ မဟုတ်ရင်တောင် သာမန်လူတွေမှာ မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေ ဖြစ်လာနိုင်လဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –

ပုံမှန်အားဖြင့် မှိုတွေကြောင့် –

  • ချောင်းဆိုးမယ်
  • အသက်ရှူသံ တရွှီရွှီ မြည်မယ်
  • နှာစေးမယ်
  • မျက်စိယား/စပ်မယ်
  • အသားတွေ ယားမယ်။

တကယ်လို့ မှိုနဲ့ ဓာတ်မတည့်သူ ဒါမှမဟုတ် ပန်းနာရင်ကျပ် ရှိသူဆိုရင် –

  • ခေါင်းကိုက်တာ
  • နုံးတာ
  • ညအိပ်ချိန် ချောင်းထထဆိုးတာ
  • ထိပ်ကပ်နာ ဖြစ်လာတာ
  • ဓာတ်မတည့် လက္ခဏာတွေ ဖြစ်လာတာ
  • လေပြွန်ရောင်တာ
  • ကိုယ်ပူတာ
  • အသက်ရှူကျပ်တာ တွေ ဖြစ်လာနိုင်တယ်။

မှိုနဲ့ ကြာရှည် ထိတွေ့မယ်၊ မှိုတွေ ကြားမှာ နေလာတာ ကြာမယ် ဆိုရင်တော့ လက္ခဏာ ချက်ချင်း မသိသာရင်တောင် နောက်ပိုင်း ဒါတွေဖြစ်လာနိုင်ပါတယ် –

  • ဆံပင်ကျွတ်တာ
  • စိုးရိမ်ပူပန်စိတ်များတာ
  • မှတ်ဉာဏ်မကောင်းတော့တာ
  • ခြေထောက်နဲ့ လက် ထုံတာ
  • ဗိုက်အောင့်တာ
  • အလင်းရောင်မခံနိုင်တာ
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာတာ(သိပ်မစားဘဲ)
  • ကြွက်တက်တာ တွေဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံးက အဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့လို ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်သူတွေမှာ ထိခိုက်နိုင်ခြေ ပိုများလဲ

ဓာတ်မတည့် ဖြစ်တတ်သူတွေနဲ့ ပန်းနာရင်ကျပ်ရှိသူတွေ အပြင် ဒီလူတွေမှာလည်း မှိုနဲ့ ပတ်သက်ပြီး စိတ်ပူရပါတယ် –

  • ကလေးငယ်တွေ
  • အသက်ကြီးသူတွေ
  • အိတ်ချ်အိုင်ဗီ၊ ကင်ဆာ၊ အသည်းရောဂါ စတဲ့ နာတာရှည် ရောဂါတို့ကြောင့် ကိုယ်ခံအား နည်းသူတွေကို ပိုပြီး ထိခိုက်နိုင်ခြေ များပါတယ်။

မှိုအန္တရာယ်ကို ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ

  • အိမ်သန့်ရှင်းရေး ပုံမှန် လုပ်ပါ။
  • ရေချိုးခန်း၊ မီးဖိုခန်း စတဲ့ စိုစွတ်မှု ရှိနိုင်တဲ့ နေရာမှန်သမျှကို လေဝင်လေထွက် ကောင်းအောင် လုပ်ပါ။
  • အိမ်ကြမ်းပြင်နဲ့ အခန်းထောင့်တွေကို ခြောက်သွေ့ သန့်ရှင်းအောင် ထားပါ။
  • ရေယိုစိမ့်တာတွေ ရှိ၊ မရှိ မကြာခဏ စစ်ဆေးပါ။
  • မှိုတက်နေတာ တွေ့တာနဲ့ အမြန် သန့်စင်ပစ်ပါ။
  • မီးဖိုခန်းထဲမှာ ကော်ဇော မခင်းပါနဲ့။
  • စာအုပ်အဟောင်း၊ သတင်းစာဟောင်းတွေကို ခြောက်သွေ့အောင်၊ သန့်ရှင်းသပ်ရပ်အောင် ထားပါ။ မထိန်းသိမ်းနိုင်ရင်၊ မလိုအပ်ရင် စွန့်ပစ်ပါ။ စိုထိုင်းမှုရှိလာရင်မှိုတွေ လွယ်လွယ် ဖြစ်လာနိုင်လို့ပါ။
  • ရေစိုဝတ်တွေ၊ စိုထားတဲ့ပစ္စည်းတွေကို ဒီတိုင်းပစ်မထားပါနဲ့။ သေချာ သန့်စင်စီမံထားပါ။

မိမိနဲ့ မိမိ မိသားစုရဲ့ ကျန်းမာရေးအတွက် အိမ်တွင်းက မှိုတွေကို သန့်စင်ပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicinenet.com/mold_allergy_treatment_symptoms/article.htm

Accessed Date Dec 13, 2019.

https://www.webmd.com/lung/mold-mildew#1

Accessed Date Dec 13, 2019.

https://www.healthline.com/health/black-mold-exposure#managing-mold

Accessed Date Dec 13, 2019.

 

ယခုပုံစံ

28/09/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement