backup og meta

လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ချင်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ချင်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ။ ။

    လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အရမ်းပန်းသွားပြီး လက်မြောက်တာ၊ လက်ကလေးလှုပ်လိုက်တာနဲ့ ရင်ထဲ ပျို့ချင်အန်ချင် ဖြစ်သွားတဲ့ သူများရှိသလား။ ဒါတွေက ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ တစ်ချို့လူတွေမဖြစ်ဘူးဆိုပေမယ် ဖြစ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။

    လေ့ကျင့်ခန်းလုပ်ပြီးနောက် ဘာ့ကြောင့်ပျို့အန်ချင်တာ ဖြစ်ရတာလဲ ။

  • လေ့ကျင့်ခန်းမလုပ်ခင် အစားတွေ အများကြီးစားမိပြီး ေလ့ကျင့်ခန်းလုပ်စဉ် ရေနည်းနည်းပဲသောက်တာ က လေ့ကျင့်ခန်းလုပ်ချိန် ပျို့အန်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါ။ စားထားတဲ့အစားတွေကို အစာမခြေနိုင်သေးခင် လှုပ်ရှားမှုတွေ လုပ်တာ၊ ချွေးထွက်ပြီး ရေဓါတ်ခမ်းခြောက်ေနတဲ့အချိန် ရေများများပြန်မသောက်တဲ့အခါမျိုးတွေကြောင့် ပျို့အန်တဲ့ ပြဿနာတွေ ဖြစ်ရတာပါ။
  • ကိုယ်မနိုင်ဘဲနဲ့ အတင်းအားကုန်သုံးပြီး ဖြစ်ညှစ်လုက်တာကြောင့် ကြွက်သားတွေ ပင်ပန်းသွားပြီးသူတို့တွေဆီက ဓါတ်တစ်မျိုး ထွက်လာပါတယ်။ အဲဒီ ဓါတ်က ဦးနှောက်ကို သွားလှုံ့ဆော်လိုက်တာကြောင့် ပင်ပန်းနေတဲ့ ကြွက်သားလှုပ်လိုက်တဲ့အခါတိုင်း ပျို့အန်ချင်နေရတာဖြစ်ပါတယ်။
  • အနားမယူဘဲ တစ်ခုပြီးတစ်ခု ဇောကြီးလုပ်တဲ့အခါ ကြွက်သား၊ နှလုံး၊ အဆုတ်တို့ဆီ သွေးတွေ များများရောက်သွားပြီး အစာအိမ်ဆီ သွေးအရောက်နည်းသွားတာကြောင့် ပျို့အန်ချင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်တဲ့နည်းစနစ်မှားတဲ့အခါ – ဥပမာ အိပ်ထမတင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်ကြွက်သားအပြင် ခေါင်းထောင်ပြီး လည်ပင်းကကြွက်သားတွေကိုပါညှစ်ပြီး လုပ်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ အဲဒီအခါ ဗိုက်ကိုသေချာမညှစ်ဘဲ လည်ပင်းကိုပဲ အားပြုလိုက်တဲ့အခါမျိုးတွေ မှာ မူးဝေပြီး ကျန်နေတတ်ပါတယ။
  • ကိုယ်လုပ်နေတာ ပုံစံမှကျရဲ့လား။ သူများတွေ အမြင်မှာ ကို့ယို့ကားယားများဖြစ်နေမလား၊ အုပ်စုလိုက်လေ့ကျင့်ခန်းလုပ်တာဆိုရင် ငါလုပ်နိုင်ပါ့မလား စတဲ့ ပူပန်မှုတွေလွန်ကဲရင်လည်းဒ ပျို့အန်ခြင်းကို ဖြစ်စေတတ်ပါတယ်။
  • ကိုယ့်မှာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ အစောကြီးတည်းက ရှိနေခဲ့ရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့အခါ ပျို့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ် ။
  • ဒါတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ။

    လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ခြင်းဖြစ်ရတဲ့အကြောင်းအရင်းတွေကို သိပြီးပြီဆိုတော့ နောက်မဖြစ်အောင် ဒီလို ကာကွယ်လို့ရပါတယ်။

    • လေ့ကျင့်ခန်းမလုပ်ခင် ၁ နာရီလောက်အလိုတည်းက အစားတွေစားပါ။ အစာခြေရလွယ်တဲ့အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ ငှက်ပျောသီးတို့၊ စပျစ်သီးခြောက်တို့ စားပေးလို့ရပါတယ်။
    • လေ့ကျင့်ခန်းလုက်နေတဲ့ အချိန် ရေများများသောက်ပါ။ အားဖြည့်အချိုရည်တွေ သောက်ပေးလို့လည်း ရပါတယ်။
    • ပေါ့ပေါ့ပါးပါးပဲလုပ်ပါ။ ရလဒ်အမြန်ထွက်ချင်လို့ဆိုပြီး ကိုယ်ခန္ဓါမလိုက်နိုင်ဘဲ အရမ်းကြီးပန်းအောင် မလုပ်ပါနဲ့။ လှပတဲ့ ကိုယ်ခန္ဓါတစ်ခုတည်ဆောက်ဖို့ဆိုတာ လပိုင်းလောက်နဲ့ ရနိုင်တာမျိုးမဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ နည်းစနစ်မှန်မှန်လေး တစ်ဆင့်ပြီးမှ တစ်ဆင့်လုပ်ဖို့လိုပါတယ်။
    • သွေးပူလေ့ကျင့်ခန်းကလည်းအရေးကြီးပါသေးတယ်။ တစ်ချိန်လုံးထိုင်နေပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ထပြီးကောက်ပြေးလိုက်တဲ့အခါ ကြွက်သားတွေ အေ့ပါ် ဖိအားအများကြီး ပေးလိုက်သလိုဖြစ်တာကြောင့် အနည်းဆုံး ၁၀ မိနစ်အချိန်ယူပြီး သွေးပူလေ့ကျင့်ခန်း တွေ အကြောလျှော့တာတွေ လုပ်ပေးပါ။
    • နောက်ဆုံ းတစ်ချက်ကတော့ အရမ်းကိုပူပြင်းနေတဲ့အချိနိ ၊ ကျန်းမာရေးအခြေအနေ သိပ်မကောင်းသေးတဲ့ အချိန်မျိုးမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးကို ရှောင်ဖို့လိုပါလိမ့်မယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement