backup og meta

အမျှင်ဓာတ်များသော အစားအစာများ အကြောင်း

အမျှင်ဓာတ်များသော အစားအစာများ အကြောင်း

အမျှင်ဓာတ် ဟာ လူတို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း၊ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျှင်ဓာတ်များသော အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။

နေ့စဉ် စားသုံးသင့်တဲ့ ပမာဏကတော့ အမျိုးသမီးများအတွက် ၂၅ ဂရမ်ဖြစ်ပြီး အမျိုးသားများအတွက် ၃၈ ဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ တစ်ရက်မှာ ၁၅-၁၇ ဂရမ်လောက်ပဲ စားဖြစ်ကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ အမျှင်ဓာတ်ကို ပိုမိုစားသုံးနိုင်ဖို့ဆိုတာ မခက်ခဲပါဘူး။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။

အမျှင်ဓာတ်များသော အစားအစာများ အကြောင်း

အမျှင်ဓာတ်များသော အစားအစာများ

၁။ သစ်တော်သီး (၃.၁ %)

သစ်တော်သီးဟာ အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်း ကောင်းမွန်တဲ့အသီး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှုအနေနဲ့ အလယ်အလတ်အရွယ် သစ်တော်သီးတစ်လုံးမှာ ၅.၅ ဂရမ်ပါဝင်ပါတယ်။ သစ်တော်သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၃.၁ ဂရမ် ပါဝင်ပါတယ်။

၂။ စတော်ဘယ်ရီ (၂ %)

စတော်ဘယ်ရီမှာ ဗီတာမင်စီ၊ မဂ္ဂနိစ် နဲ့ တခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ စတော်ဘယ်ရီ ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ် ပါဝင်ပြီး ကယ်လိုရီလည်း နည်းပါတယ်။

၃။ ထောပတ်သီး (၆.၇ %)

ထောပတ်သီးရဲ့ ထူးခြားချက်ကတော့ ကာဘိုဟိုက်ဒရိတ်နည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ပါဝင်နေခြင်းပါပဲ။ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ထောပတ်သီးတစ်ခွက်စာမှာ အမျှင်ဓာတ် ၁၀ ဂရမ် ပါဝင်ပါတယ်။ ထောပတ်သီး ၁၀၀ ဂရမ်မှာဆို အမျှင်ဓာတ် ၆.၇ ဂရမ် ပါဝင်ပါတယ်။

၄။ ပန်းသီး (၂.၄ %)

အနေတော်အရွယ်အစားနဲ့ ပန်းသီးတစ်လုံးမှာ အမျှင်ဓာတ် ၄.၄ ဂရမ်ပါဝင်ပါတယ်။ ပန်းသီး ၁၀၀ ဂရမ်မှာဆိုရင်တော့ အမျှင်ဓာတ် ၂.၄ ဂရမ် ပါဝင်ပါတယ်။

၅။ ရက်စ်ဘယ်ရီ (၆.၅ %)

ရက်စ်ဘယ်ရီသီးမှာ အာဟာရဓာတ်များစွာ ပါသလို အရသာဟာလည်း နှစ်လိုဖွယ် ဖြစ်ပါတယ်။ ဗီတာမင် C နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ရက်စ်ဘယ်ရီ ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၆.၅ ဂရမ် ပါဝင်ပါတယ်။

၆။ ငှက်ပျောသီး (၂.၆ %)

ငှက်ပျောသီးမှာ ဗီတာမင် C၊ ဗီတာမင် B6 နဲ့ ပိုတက်ဆီယမ်စတဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ မချေဖျက်နိုင်တဲ့ ကာဘိုဟိုက်ဒရိတ်အမျိုးအစား ဖြစ်ပါတယ်။ အနေတော် ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓာတ် ၃.၁ ဂရမ်ပါဝင်ပြီး ငှက်ပျောသီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂.၆ ဂရမ် ပါဝင်ပါတယ်။

၇။ မုန်လာဥနီ

မုန်လာဥနီဟာလည်း အာဟာရဓာတ်ကြွယ်ဝတဲ့ စားစရာဖြစ်ပါတယ်။ ဗီတာမင် K၊ ဗီတာမင် B6၊ မဂ္ဂနီဆီယမ်၊ ဘီတာကရိုတင်း စတဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး မုန်လာဥနီ ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂.၈ ဂရမ် ပါဝင်ပါတယ်။

၈။ ပန်းပွင့်စိမ်း (၂.၆ %)

ပန်းပွင့်စိမ်းဟာ အာဟာရဓာတ်သိပ်သည်းတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ဗီတာမင် C၊ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း စတာတွေပါဝင်ပါတယ်။ ပန်းပွင့်စိမ်းတစ်ခွက်စာမှာ အမျှင်ဓာတ် ၂.၄ ဂရမ်ပါဝင်ပြီး ၁၀၀ ဂရမ်မှာ ၂.၆ ဂရမ်နှုန်း ဖြစ်ပါတယ်။

၉။ ပဲနီလေး

ပဲနီလေးဟာ ဈေးသက်သက်သာသာနဲ့ အာဟာရပြည့်ဝစွာ စားသုံးနိုင်တဲ့ အစားအသောက်ဖြစ်ပါတယ်။ ပရိုတိန်းနဲ့ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ ချက်ပြီးသား ပဲနီလေးတစ်ခွက်မှာ အမျှင်ဓာတ် ၁၅.၆ ဂရမ် (ဒါမှမဟုတ်) ပဲနီလေး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၇.၉ ဂရမ် ပါဝင်ပါတယ်။

၁၀။ ချီယာစေ့

ချီယာစေ့ဟာ အရွယ်အစားအရ သေးငယ်ပေမယ့် အာဟာရဓာတ်သိပ်သည်းစွာ ပါဝင်တဲ့ စားစရာဖြစ်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်လွန်စွာ ကြွယ်ဝပါတယ်။ အခြောက်ခံထားတဲ့ ချီယာစေ့တစ်အောင်စမှာ အမျှင်ဓာတ် ၁၀.၆ ဂရမ် ပါဝင်ပါတယ်။ ၁၀၀ ဂရမ်မှာဆို အမျှင်ဓာတ် ၃၄.၄ ဂရမ်ထိ ပါဝင်ပါတယ်။

၁၁။ ကန်စွန်းဥ

ကန်စွန်းဥဟာ အရသာကောင်းမွန်ပြီး အာဟာရဓာတ်ကောင်းစွာ ရရှိတဲ့ အစားအစာဖြစ်ပါတယ်။ ဗီတာမင် B နဲ့ တခြားသတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကန်စွန်းဥ ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂.၅ ဂရမ် ပါဝင်ပါတယ်။

၁၂။ အနက်ရောင် ချောကလက်

ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ချောကလက် တစ်အောင်စမှာ အမျှင်ဓာတ် ၃.၁ ဂရမ် ဒါမှမဟုတ် ချောကလက် ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၁၀.၉ ဂရမ် ပါဝင်ပါတယ်။ ဒီနေရာမှာ ကိုကိုးပါဝင်မှု ၇၀-၉၅% ပါဝင်တဲ့ အနက်ရောင် ချောကလက်ဖြစ်ဖို့ လိုအပ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/22-high-fiber-foods Accessed Date 26 May 2020

ယခုပုံစံ

10/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာသော အမျှင်ဓါတ်စားသုံးခြင်း

ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement