backup og meta

ငါးစားက အကျိုးများ၏

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငါးစားက အကျိုးများ၏

    ငါးစားက အကျိုးများ၏ ……. ငါးဟာ အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ နေ့စဉ် စားနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ငါးစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

    ငါးစားက အကျိုးများ၏

    ငါးစားခြင်းရဲ့ အကျိုးကျေးဇူးများကတော့

    ငါးအများစုမှာ ပရိုတိန်းဓာတ် ကောင်းကောင်းပါဝင်တာပါတယ်။ တခြား ဗီတာမင်၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကာရယ် စတဲ့ငါးတွေမှာ omega 3 နဲ့ တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။

    တခြားငါးအမျိုးမျိုးမှာလည်း ဗီတာမင် D နဲ့ B2 များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။

  • နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းခြင်း
  • ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ငါးကို ပုံမှန်စားသုံးနေသူတွေဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားနှလုံးရောဂါမျိုးတွေ ဖြစ်နိုငခြေ နည်းပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေလည်း နည်းပါတယ်။

    • ကလေးများ ကိုယ်ခန္ဓာဖွံ့ဖြိုးရာမှာ အထောက်အကူပြုခြင်း

    Omega 3 အမျိုးအစားတစ်မျိုးဖြစ်တဲ့ DHA ဟာ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် ငါးကနေရရှိတဲ့ ပရိုတိန်းများဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးစေနိုင်ဖို့ အထောက်အကူပြုပါတယ်။

    • ဦးနှောက်ကို အကျိုးပြုခြင်း

    အသက်အရွယ်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတတ်ပါတယ်။ အထူးသဖြင့် အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ဒုက္ခပေးတတ်ပါတယ်။

    သုတေသနတွေအရ ငါးစားသုံးမှုများသူတွေမှာ ဦးနှောက်တစ်ရှူးများ ပျက်စီးခြင်းကို လျော့ကျစေနိုင်ပါတယ်။ ငါးများများစားသုံးခြင်းအားဖြင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေ ကျဆင်းလာနိုင်ခြေကို ကာကွယ်ပေးပါတယ်။

  • စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း
  • စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့အခြေအနေတွေဟာ သင့်နေ့စဉ်ဘဝကို ထိခိုက်စေပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ငါးကို ပိုမိုစားသုံးသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။

    အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေမှာ omega 3 ကြွယ်ဝတာမို့ စိတ်ကျခြင်းပြဿနာကို သက်သာစေပါလိမ့်မယ်။ ငါးစားခြင်းဟာ စိတ်ကြွစိတ်ကျအခြေအနေမှာလည်း အထောက်အကူပြုပါတယ်။

    • ဗီတာမင် D ကြွယ်ဝခြင်း

    ငါးအမျိုးမျိုးဟာ ဗီတာမင် D ကြွယ်ဝတဲ့ အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဆီဓာတ်များတဲ့ ငါးတွေမှာ ပိုမိုပါဝင်ပါတယ်။ ချက်ပြုတ်ပြီးသား ဆယ်လ်မွန်ငါး ၄အောင်စခန့်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် D ဟာ ရာနှုန်းပြည့်ပါဝင်တယ်လို့ သိရပါတယ်။ ငါးကြီးဆီမှာလည်း ဗီတာမင် D ပါဝင်ပါတယ်။

    • အမြင်အာရုံအားနည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း

    အသက်အရွယ်ကြီးရင့်လာရင် မျက်စိထဲကကြွက်သားတွေ အားနည်းလာတတ်လို့ အမြင်အာရုံဝေဝါးခြင်း ဖြစ်တတ်ပါတယ်။ ငါးစားခြင်းဟာ အဆိုပါ အခြေအနေကို သက်သာစေပါတယ်။ ငါးအမျိုးမျိုးကို ပုံမှန်စားသုံးပေးနိုင်ရင် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကြွက်သားများ အားနည်းခြင်းဖြစ်နိုင်ခြေကို လေးဆယ်ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

    • နှစ်ခြိုက်စွာအိပ်ပျော်ခြင်း

    လူတိုင်းဟာ တစ်နေ့တာကာလမှာ နှစ်ခြိုက်စွာ အိပ်စက်တဲ့အချိန် လုံလောက်မှသာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာရေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးရက်ခန့် စားသုံးသူတွေဟာ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြောင်း သိရပါတယ်။ သုတေသီတွေရဲ့ ယူဆချက်အရ ငါးတွေမှာ ဗီတာမင် D ကြွယ်ဝတာကြောင့် အဆိုပါအကျိုးကျေးဇူးကို ရရှိတယ်လို့ ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement