backup og meta

ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီဖြည့်ကူပေးမယ့် အသီးအာဟာရ (၅)မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီဖြည့်ကူပေးမယ့် အသီးအာဟာရ (၅)မျိုး

    ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီကူပေးမယ့် အသီးအာဟာရ (၅)မျိုး

    တချို့က အဆီကျစေဖို့ဆေးအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးရှာဖွေကြိုးစားနေကြချိန်မှာ တစ်ဖက်မှာလည်း ဝိတ်တက်ဖို့ ကြိုးစားနေကြသူတွေရှိပါတယ်။ ဘယ်လိုပဲ ဂရုစိုက်ပြီးစားစား ကိုယ်အလေးချိန်ကမျှော်မှန်းသလောက်တက်မလာ၊ လူကလည်းပိန်မြဲဆိုတော့ ဂျင်မ်သွားကစားရတာနဲ့၊ ပရိုတင်းအာဟာရတွေသောက်ရတာနဲ့ တကယ်မလွယ်ပါဘူး။

    အဆီချတဲ့သူတွေက အမြန်ဆုံးအဆီကျနည်းဆိုပြီး အချိန်တိုအတွင်း ခပ်ကြမ်းကြမ်းလုပ်လိုက်လို့ရပေမယ့် ဝိတ်တက်ချင်တဲ့သူမှာတော့ အချိန်ယူရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်အတွင်းမှာ အားပေးထောက်ပံ့မယ့် အသီးအာဟာရ တွေစားမယ်ဆို ပိုထိရောက်နိုင်ပါတယ်။

    ဒါ့အပြင် သူတို့ဆီက ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း အပိုဆုအနေနဲ့ ရနိုင်သေးတာပါ။

    (၁) ငှက်ပျောသီး

    ငှက်ပျောသီးက အာဟာရပြည့်တဲ့အပြင် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီတွေ ကြွယ်ဝပါတယ်။ အုတ်ဂျုံစားမယ်၊ ဒိန်ချဉ်သောက်မယ်ဆို ငှက်ပျောသီးလေးထည့်စားရင် ကွက်တိပါပဲ။

    (၂) ထောပတ်သီး

    ထောပတ်သီးတွေမှာလည်း ကယ်လိုရီနဲ့ အကျိုးပြုအဆီဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒီလိုပါဝင်မှုကြောင့် ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တက်စေဖို့ စားပေးသင့်တာဖြစ်ပါတယ်။ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K၊ ဗီတာမင် C ၊ ဗီတာမင် B5 နဲ့ B6 တို့အပါအဝင် အာဟာရဓာတ်မျိုးစုံပါဝင်နေပါသေးတယ်။ အသီးကို ဒီတိုင်း ဆိမ့်ဆိမ့်လေးစားမလား၊ နွားနို့နဲ့ဖျော်သောက်မလား၊ ရေခဲချောင်းလုပ်စားမလား ရတယ်လေ။

    (၃) အုန်းသီး

    အုန်းသီးဆိုတာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပေးနိုင်တဲ့ စွယ်စုံရအသီးတစ်မျိုးပါ။ အုန်းသီးအသား၊ အုန်းရည်၊ အုန်းနို့ စတဲ့ အသွင်အမျိုးမျိုးထဲကမှ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေ အထိုက်အလျောက်ပါဝင်တာ အုန်းသီးရဲ့အသားပါ။ ဒီအသားမှာမှ ဖော့စဖရပ်နဲ့ ကော့ပါးတို့လို အရေးပါတဲ့ သတ္တုဓာတ်တွေ အများကြီး ပါရှိနေတာလည်း ဖြစ်ပါတယ်။ အုန်းသီးဖြူးစားရတဲ့ မြန်မာမုန့်တွေနဲ့ဆို ကွက်တိပါပဲ။

    (၄) သရက်သီး

    သရက်သီးဟာ အရသာရှိတဲ့အပြင် ကယ်လိုရီ(ကာဗိုဟိုက်ဒရိတ်)တွေလည်း များများရနိုင်တဲ့အသီးအနှံတစ်မျိုးပါ။ ဒါ့အပြင် ကော့ပါး၊ ဗီတာမင် B အုပ်စုတွေ၊ ဗီတာမင် A နဲ့ E တွေ ကြွယ်ဝပါသေးတယ်။ သရက်သီးကို အသီးလို၊ ဖျော်ရည်လို စားသုံးလို့ရသလို မုန့်ထဲထည့်လုပ်စားလို့လည်း ရတယ်။

    သစ်သီးခြောက်

    သစ်သီးခြောက်တွေဟာလည်း ရေဓာတ်မရှိတော့တာကလွဲပြီး အာဟာရဓာတ်တွေအကုန် ကျန်ရစ်နေခဲ့တဲ့ အသီးအနှံတွေပါပဲ။ သစ်သီးခြောက်တွေမှာ အာဟာရဓာတ်များပြီး အားပြည့်စေတာမို့ ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေသူတွေအတွက် သင့်တော်ပါတယ်။

    ဒါပေမယ့် သူတို့မှာပါဝင်တဲ့ အချိုဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်ပြဿနာ မဖြစ်စေဖို့ အသီးခြောက်ကိုချည်း တစ်ထိုင်တည်း အများကြီးမစားဘဲ အကျိုးပြုအဆီ သို့မဟုတ် ပရိုတင်းပါတဲ့ အစားအသောက် တစ်ခုခုနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ဥပမာ အုတ်ဂျုံ၊နွားနို့နဲ့ သစ်သီးခြောက်။

    ကယ်လိုရီများတဲ့ သစ်သီးခြောက်တချို့ကတော့ စွန်ပလွံသီးခြောက်၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်တို့ ပါဝင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement