ဆောင်းရာသီလေးအေးတယ်။ ဆောင်းအေးအေးလေးမှာ ကျန်းကျန်းမာမာနဲ့ အသားအရေ လှလှလေး ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးလေး များရှိလား။ ဒါဆိုရင်တော့ ဒီစိတ်ကူးလေး အထမြောက်စေဖို့ ဒီသစ်သီးလေးတွေကို စားပေးနော်။ ဆောင်းရာသီအတွက် သစ်သီးတွေက ဘာတွေဖြစ်မလဲ ။ အတူတူ ကြည့်လိုက်ရအောင်နော်။
ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ
ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ ။ ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှု ကင်းပြီး အအေးမိ ဖျားနာတာတွေ ကနေ ကင်းစေဖို့ ဆိုရင်တော့
ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းနေလည်း အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရတွေ အကောင်းဆုံး စုပ်ယူစေနိုင်သလို ဝမ်းလည်း မှန်စေမှာပါ။
လိမ္မော်သီး
ဗီတာမင် C ကြွယ်ဝသလို ရေဓာတ် ပြည့်ဝမှုက အသားအရေအတွက်ရော ကိုယ်ခံအား အတွက်ပါ အကောင်းဆုံး အားဖြည့် ပေးနိုင်မှာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးမှာ လိမ္မော်သီးလေး စားပေးလို့ ကျန်းမာရေး စောင့်ရှောက်လိုက်ပါ။
ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ဖျားခဲ့ရင်တောင် အဖျား တာတိုစေမှာပါ။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော အသားအရေ ကျန်းမာစေဖို့ပါ စားပေးလို့ရပါတယ်။ အသီး မစားချင်ရင်တောင် ဖျော်ရည် သောက်ပေးလို့ ရပါတယ်။
ရေဓာတ် ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင် အာနိသင် နဲ့ အမျှင်ဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်ခံအား အတွက် အထောက်အပံ့ ပေးသလို အဆစ်ရောင်နာ၊ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတို့ ကနေလည်း ကာကွယ်ပေးပါသေးတယ်။
ဗီတာမင် C၊ အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို နှလုံး ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆောင်းရာသီမှာ ပန်းသီး ချိုချိုလေး စားပေးတာက အသားအရေ ကိုရော ကိုယ်ခံအား ကိုရော အကောင်းဆုံး အားဖြည့်ရာ ရောက်ပါတယ်။
ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အမြင်အာရုံ ကောင်းစေသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင် ပါသေးတယ်။
အစိမ်းရောင် အသားလွှာ နူးနူးညံ့ညံ့လေးရှိတဲ့ ကီဝီသီးက လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုများပြီး ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပါဝင်မှု ပိုများပါတယ်။ ခန္ဓာကိုယ် ကျန်းမာစေဖို့ အတွက် ကီဝီသီးလေးကို ဆောင်းအေးအေးမှာ စားပေးလို့ရပါတယ်။
ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ စားရတာ အရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို ဝိတ်ကျစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဆောင်းတွင်းမှာ ကျန်းမာရေးရော အသားအရေပါ ကျန်းမာချင်တယ်ဆိုရင် ပန်းသစ်တော်သီး စားပေးလို့ရပါတယ်။
အခုပြောခဲ့တဲ့ အသီးလေးတွေကိုစားရင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ရရှိအောင် လုပ်ဆောင်လို့ ဆောင်းအေးအေးလေးကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်လိုက်ပါ။
ဆောင်းရာသီ အတွက် သစ်သီးတွေက ဘာတွေဖြစ်မလဲ…………..
ဆောင်းရာသီ အတွက် သစ်သီးတွေက
- ငှက်ပျောသီး
- လိမ္မော်သီး
- Grapefruit
- သလဲသီး
- ပန်းသီး
- တည်သီး
- ကီဝီသီး
- ပန်းသစ်တော်သီး တို့ပဲ ဖြစ်ပါတယ်။