Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
Share now

ကိုဗစ် ပထမလှိုင်းမျာတုန်းက လေထိုး မွေ့ယာတွေ ခေတ်စားပြီးတော့ ဒုတိယလှိုင်းကျတော့ Air fryer အလှည့်ပေါ့။ သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။

အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။

Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryerကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ ပြောရမယ်ဆိုရင် ဆီ၃ခွက် (၇၅၀ မီလီလီတာ)လောက်ထဲကို နှစ်မြုပ်ပြီး ကြော်ရမယ့်အစား ဆီစားပွဲတင်ဇွန်း တစ်ဇွန်း (၁၅မီလီလီတာ)လောက်ပဲ လိုအပ်ပါတော့တယ်။

ဆီနဲ့ နှစ်ပြီး ကြော်တာက ဆီတွေ အကုန်လုံး အကြော်ထဲ ဝင်မသွားဘူးဆိုပေမယ့် ဆီပမာဏများများ ဝင်သွားတာတော့ အမှန်ပါ။ Air fryerက လေပူကို အဓိက သုံးပြီး ကြော်လှော်တာကြောင့် ဆီပမာဏ အများကြီး မလိုပါဘူး။

  • ဝိတ်ချတဲ့ နေရာမှာ အထောက်အကူပြုတယ်။  

အကြော်အလှော်တွေက ဆီများရုံတင် မကပါဘူး။ ကယ်လိုရီလည်း ပါဝင်မှု များပါတယ်။ ဝိတ်ချချင်ပေမယ့် ဆီကြော်တွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင် Air fryerက ကူညီပေးပါလိမ့်မယ်။ အကြော်အလှော်ခြင်း တူပေမယ့် အရင်ကထက် ဆီပိုနည်းတာကြောင့် ထင်သလောက် ဝိတ်တက်မှာ မဟုတ်တော့ဘူး။

  • အန္တရာယ်ရှိစေတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိမှုကို နည်းစေတယ်။

အကြော်အလှော်တွေက အဆီနဲ့ ကယ်လိုရီများရုံတင် မဟုတ်ပါဘူး။ acrylamideလို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေကိုလည်း ထွက်စေပါတယ်။ acrylamideဆိုတာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို အပူပြင်းပြင်းနဲ့ ချက်ပြုတ်တဲ့အခါမှာ ထွက်တာတာပဲ ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ သတ္တိရှိပါတယ်။

လေ့လာချက်တစ်ခုမှာတော့ Air fryerက သာမန်ဆီထက် နှစ်ပြီး ချက်ပြုတ်တာထက် acrylamideထွက်တာ ၉၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။

Air fryerနဲ့ ချက်တိုင်း ကျန်းမာရေးနဲ့ ညီညွတ်သွားပြီလား။

Air fryerက သာမန်ချက်ပြုတ်တာထက် ပိုကောင်းတယ်ဆိုပေမယ့် လုံးဝကျန်းမာရေးနဲ့ ညီညွတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့

Air fryerက ဆီနည်းတယ်၊ လုပ်ရတာလည်း လွယ်တဲ့အတွက် မကြာခဏဆိုသလို ချက်ပြုတ်စားနေမိပါတယ်။ ဥပမာ ဝက်သုံးထပ်သားကြော်ဆိုရင် သာမန်အချိန်မှာ ဆီများများနဲ့ ကြော်ရမှာမို့လို့ မစားဖြစ်ပေမယ့် Air fryerဆိုရင်တော့ လွယ်လည်းလွယ်၊ မြန်လည်း မြန်၊ ဆီလည်း သိပ်ထည့်စရာ မလိုတော့ မကြာခဏ စားမိတတ်ပါတယ်။

တခြား အကြော်အလှော်တွေလည်း ဒီလိုပါပဲ။ ပုံမှန်ဆို ဆီများလို့ ရှောင်မိပေမယ့် Air fryerနဲ့ ချက်တာပဲလေဆိုပြီး မကြာခဏ စားမိနေတာကို သတိထားမိပါရဲ့လား။ Air fryerက ဆီနည်းတယ်ဆိုပေမယ့် ဆီလုံးဝမပါတောတော့ မဟုတ်ပါဘူး။ မကြာခဏ စားမယ်ဆိုရင် ဆီနည်းပေမယ့် မကြာခင်မှာ စုမိဆောင်းမိ ဖြစ်လာမှာပါ။

  • အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်လာနိုင်တယ်။

acrylamide ထွက်တဲ့ ပမာဏ နည်းတယ်ဆိုပေမယ့် တခြား အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေကိုလည်း သတိထားရဦးမှာပါ။ ဥပမာ Aldehydes, heterocyclic amines နဲ့ polycyclic aromatic hydrocarbons တို့ဆိုတာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဘာနဲ့ပဲ ချက်ချက် မီးပြင်းပြင်းနဲ့ ချက်ရင် ထွက်လာနိုင်ပါတယ်။ မီးပြင်းတာနဲ့ အဓိကသက်ဆိုင်နေတာကြောင့် Air fryerနဲ့ ချက်ရင်ရော ဒါတွေ ထွက်လာနိုင်လားဆိုတာ လေ့လာမှုတွေ လုပ်နေကြပါပြီ။

ဒီလို အချက်တွေ ရှိနေတာကြောင့် Air fryerကို မသုံးရတော့ဘူးလားလို့ တွေးစရာရှိပါတယ်။ သာမန်ချက်ပြုတ်တာထက် ဆီနည်းတာကြောင့် ကြော်မယ် လှော်မယ်ဆိုရင်တော့ Air fryerကို ရွေးချယ်သင့်ပါတယ်။

ဒါပေမယ့် အကြော်အလှော်ဆိုတာက ဘာပဲဖြစ်ဖြစ် ဆီပါနေတာပဲဆိုတော့ အလွန်အကျွံ မစားဖို့ ထိန်းရပါမယ်။ အကြော်အလှော်တွေထက် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဗီတာမင်နဲ့ သက်စောင့်ဓာတ် ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးစား တာဟာ ကိုယ်အလေးချိန် လျော့ကျစေတာအပြင် သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်းတွေအများကြီးပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။တကယ်တော့ အာလူးဟာ အကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့ အစားအစာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 4 mins read
နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read