backup og meta

ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။

ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။

အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ဖန်ခွက်တွေ၊ မှန်တွေ၊ ပုလင်းတွေ တိုက်မိမယ်၊ ကွဲသွားတဲ့အပိုင်းအစတွေကို ပြန်ရှင်းရင်းနဲ့ ခြေတွေ လက်တွေ ထိခိုက်မိဖူးမယ်ထင်ပါတယ်။ မှန်ကွဲစတွေကြောင့် ထိမိ၊ ခိုက်မိတဲ့ ဒဏ်ရာတွေဟာ တခြားပွန်းပဲ့ဒဏ်ရာတွေထက် ပိုပြင်းထန်နိုင်တဲ့အတွက် အနာကို ပိုပြီးတောင် ဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ တခြားသူကိုဖြစ်စေ ဒီလို ထိခိုက်ဒဏ်ရာတွေ ကြုံလာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ပေးသင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။

၁။ သွေးအရင်တိတ်အောင် လုပ်ပါ။

ပုလင်းကွဲရှမိတဲ့အခါမှာ တခြားဒဏ်ရာတွေထက် ပိုပြီး သွေးထွက်နိုင်၊ ဒဏ်ရာနက်နိုင်တဲ့အတွက် အရင်ဆုံး လုပ်ရမှာက သွေးတိတ်အောင် လုပ်ဖို့ပါ။ သန့်ရှင်းတဲ့ အဝတ်၊ တစ်သျှူး၊ ဂွမ်းနဲ့ ဒဏ်ရာပေါ်မှာ ၁၀မိနစ်ခန့် ဖိထားပေးပါ။ အဝတ်က သွေးတွေစုပ်ပြီး စိုရွှဲနေပြီဆိုရင် မဖယ်လိုက်ပါနဲ့။ သူ့အပေါ်ကနေ နောက်ထပ် အဝတ်တစ်ထပ် ခံပြီး ဖိထားပေးပါ။

ဒဏ်ရာက လက်မောင်း ဒါမှမဟုတ် ခြေထောက်မှာ ဖြစ်တာဆိုရင် သွေးထွက်နှေးစေဖို့အတွက် နှလုံးအပေါ်ဘက်ရောက်အောင် မြှောက်ထားပေးတာ ပိုကောင်းပါတယ်။ ဥပမာ – လက်မောင်းမှာ ဖြစ်တာဆိုရင် နှလုံးရှိမယ့်နေရာနဲ့ အပေါ်ဘက်ရောက်အောင် မြှောက်ပါ။ ခြေထောက်မှာ ထိခိုက်မိရင်တော့ ကြမ်းပြင်မှာ လှဲချပြီး ခြေထောက်ကို မြှောက်ပေးထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို မသန့်ရှင်းခင်မှာ လက်ကို သေချာဆေးဖို့ အရေးကြီးပါတယ်။

၂။ အနာကို သန့်ရှင်းပေးပါ။

ဒဏ်ရာဖြစ်နေတဲ့နေရာကို ဆပ်ပြာနဲ့ ရေနွေးလေးနဲ့ ညင်ညင်သာသာလေး ဆေးကြောပေးပါ။ ယားယံတာတွေ မဖြစ်အောင် ဆပ်ပြာကို သေချာပြောင်စင်အောင် ဆေးဖို့ လိုအပ်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ကလိုရင်းပါတဲ့ အပြင်းစားဆေးရည်တွေဟာ ဒဏ်ရာကို ပိုဆိုးသွားစေနိုင်တာကြောင့် အသုံးမပြုရပါဘူး။

၃။ အနာကို ပိုးမဝင်အောင် ကာကွယ်ပါ။

အနာမရင်းအောင် Antibiotic cream တစ်မျိုးမျိုး ဒဏ်ရာကို အရင်လိမ်းပေးပါ။ ပြီးသွားမှ ပိုးသတ်ထားတဲ့ ပတ်တီးပလာစတာ ကပ်ပေးပါ။ အနာသေးရင် ပလာစတာနဲ့ ကပ်ပါ။ အနာကြီးရင်တော့ ပတ်တီးစည်းထားတာ ပိုအဆင်ပြေပါတယ်။ ဒဏ်ရာကို သန့်ရှင်းပြီး ခြောက်သွေ့နေစေဖို့ ပလာစတာကို နေ့စဉ်လဲပေးဖို့ အရေးကြီးပါတယ်။

၄။ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပါ။

ပုလင်းကွဲ၊ မှန်ကွဲရှမိတဲ့ဒဏ်ရာတွေဟာ သာမန်ပွန်းပဲ့ဒဏ်ရာတွေထက် ပိုကြီးတာကြောင့် ပျောက်တာလည်း ပိုကြာသလို ပိုးဝင်နိုင်တဲ့အခြေအနေတွေလည်း ပိုများပါတယ်။

  • ဒဏ်ရာ နက်နေတာ၊ ဘေးအစွန်းတွေက ဟပြဲနေတာ
  • ကိုယ်ခန္ဓာမဟုတ်ပဲ မျက်နှာပေါ်မှာ ထိခိုက်မိတာ
  • ရေဆေးတဲ့အချိန်မှာ အညစ်အကြေး၊ ဖုန် ဒါမှမဟုတ် ဖန်ကွဲစတွေ ထွက်မလာတာ၊ စိုက်နေတာ
  • နီရဲတာ၊ ဒဏ်ရာတစ်ဝိုက်က ပျော့တိပျော့တွဲဖြစ်တာ၊ အဖျားတက်တာ စတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်
  • ဒဏ်ရာတစ်ဝိုက် ထုံကျဉ်နေတာ
  • မေးခိုင်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

၅။ ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင် ဘာလုပ်သင့်လဲ။

သွေးထွက်လွန်နေတဲ့ အခြေအနေမှာ၊ ကိုယ်တွင်းသွေးယိုစိမ့်တယ်လို့ သံသယရှိရင်၊ ဝမ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်မှာ ထိခိုက်မိတာဆိုရင်၊ ၁၀မိနစ်လောက် ဒဏ်ရာကို ဖိထားတဲ့တိုင်အောင် သွေးမတိတ်သွားရင်၊ ဒဏ်ရာထဲက သွေးတွေ ပန်းထွက်လာရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှု ခံယူရပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Treat Bleeding Cuts And Wounds –https://www.webmd.com/first-aid/bleeding-cuts-wounds (Accessed Date – Nov 20, 2018)

Treating Cuts –https://www.mayoclinic.org/first-aid/first-aid-cuts/basics/art-20056711 (Accessed Date – Nov 20, 2018)

ယခုပုံစံ

03/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်

အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement