backup og meta

ဆီးချိုရောဂါရှိသူမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါရှိသူမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

    ထိခိုက်ရှနာ ဒဏ်ရာလေးတွေဆိုတာ လူတိုင်းနဲ့မကင်းနိုင်ကြတဲ့ အသေးအဖွဲပြဿနာတွေဆိုပေမယ့် ဆီးချိုရောဂါရှိသူေတွအတွက်တော့ ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေရှိလာနိုင်ပါတယ်။ ဆီးချိုရှိသူတော်တော်များများက အနာကျက်ဖို့နှေးသလို အနာမကျက်နိုင်တော့တာလည်းရှိနိုင်ပါတယ်။

    ရောဂါပိုးသာဝင်သွားခဲ့ရင် အနာတဝိုက်က တစ်ရှူးတွေနဲ့အရိုး သို့မဟုတ် ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့သွားခဲ့ရင် အန္တရာယ်ရှိပါတယ်။

    အနာဘာလို့မကျက်တာလဲ

    ဆီးချိုရှိတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ပမာဏကို ခန္ဓါကိုယ်ကထိန်းညှိဖို့ ပိုခက်ခဲပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါသွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပြီး ဘက်တီးရီးယားခုခံကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။

    ဆီးချိုကိုသေချာမထိန်းချုပ်နိုင်တဲ့အခါသွေးလည်ပတ်မှုလည်း မကောင်းတော့ပါဘူး။သွေးလည်ပတ်မှုမကောင်းရင်သွေးနီဥဆဲလ်တွေရဲ့လှုပ်ရှားမှုနှေးကွေးလာပြီး အာဟာရဓါတ်ေတွ အနာတဝိုက်ကိုရောက်ရှိဖို့ခက်ခဲစေပါတယ်။ ရလဒ်အနေနဲ့ ထိခိုက်ဒဏ်ရာတွေ ကျက်ဖို့နှေးလာပါတယ်။

    ဒါ့ကြောင့် သင့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ကွဲရှရာ၊ ခြစ်ရာ အနာသေးသေးလေးဖြစ်ဖြစ်မြန်မြန်ကုသဖို့၊ အနာပိုးမဝင်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။

    ဘယ်လိုဂရုစိုက်ရမလဲ

    ကိုယ့်မှာ ထိခိုက်ရှနာ၊ အနာလေးတွေတစ်ခုခုရှိလာတာနဲ့ ဒီအဆင့်တွေအတိုင်း အမြန်ဂရုစိုက်လုပ်ဆောင်ပါ –

  • အနာကိုရေ၊ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။
  • အနာပိုးသတ်ဆေး၊ အရက်ပြန် သို့မဟုတ် အိုင်အိုဒင်းတွေ မသုံးသင့်ပါ။ အရေပြားကိုလောင်စေနိုင်ပါတယ်။
  • ပဋိဇီဝအနာကျက်ဆေးခရင်မ် သို့မဟုတ် အဆီတွေသုံးပါ။
  • ပိုးသတ်ထားတဲ့ ပတ်တီး သို့မဟုတ် ပလာစတာကပ်ပါ။
  • အနာကို တင်းကျပ်၊စည်းနှောင်တာတွေမဖြစ်အောင် ဂရုစိုက်ပါ။ ဥပမာ – အဝတ်အစားကျပ်ကျပ် သို့မဟုတ် ဖိနပ်ကြောင့် အရေပြားမှာပွန်းမိရင် ပိုဆိုးစေနိုင်ပါတယ်။
  • ရောဂါပိုးဝင်တဲ့ လက္ခဏာများ

    ခြေထောက်မှာဖြစ်တဲ့ ပြတ်ရှရာ၊ခြစ်ရာ၊ကွဲရာ ဒဏ်ရာတွေက အနာဖြစ်လာနိုင်ပါတယ်။ အနာက နက်တယ်ဆိုရင် ဘက်တီးရီးယားတွေကိုသွေးထဲရောက်ရှိစေနိုင်ပါတယ်။

    ဆီးချိုရှိသူဟာ ဂရုစိုက်ကုသမှုမခံယူရင်ခြေ လက်ဖြတ်တောက်ရတဲ့အထိ အခြေအနေဆိုးလာနိုင်တာမို့ အနာပိုးမဝင်စေဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အနာမှာ –

  • ထိရင် ပူတဲ့ခံစားမှုရှိတယ်
  • နီရဲလာတယ်
  • ရောင်ရမ်းမယ်
  • နာကျင်မယ်
  • ပုံမှန်မဟုတ်တဲ့အရည်တွေထွက်မယ်(ပြည်)
  • တစ်ရက်/နှစ်ရက်ကြာလည်း အနာဖေးမတက်ဘူး
  • တစ်ရက်/နှစ်ရက် ကြာလည်း အနာပေါက်မပိတ်ဘူး။
  • အနာပိုးဝင်တာ ပြင်းထန်တယ်ဆိုရင်တော့ –

    • ချမ်းတုန်လာခြင်း၊
    • အဖျားတက်ခြင်း၊
    • အနာနေရာကThrobbing pain
    • အနာက အနံ့ဆိုးထွက်နေခြင်း
    • ရောင်ရမ်းလာခြင်း
    • အနာတဝိုက်အရေပြားမှာ နီမြန်းလာခြင်း တို့ဖြစ်ပါတယ်။

    ဒီလိုအရေးကြီးလက္ခဏာပေါ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement