ကလေးတွေမှာဖြစ်တဲ့ မျက်စိထိခိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

မျက်လုံးထိခိုက်ခြင်းဆိုတာဘာလဲ။

ကလေးတွင်ဖြစ်သောမျက်လုံးထိခိုက်ခြင်းက များသောအားဖြင့်မပြင်းထန်ပါ။ အဓိကအရေးကြီးဆုံးမှာ ပြင်းထန်သောမျက်စိထိခိုက်ခြင်းကြောင့်အမြင်အာရုံပျက်စီးသွားခြင်းဖြစ်သည်။ အရွယ်ရောက်နေပြီဖြစ်သောကလေးများက မျက်လုံးဝါးသွားသည်ကိုပြောနိုင်သည်။ ပြင်းထန်သောမျက်စိထိခိုက်ခြင်းရှိပါက ချက်ချင်းစမ်းသပ်ပြီး မျက်စိအထူးကုနှင့် သွားရောက်ပြသရန်ညွှန်ကြားပေးနိုင်သည်။

မျက်စိထိခိုက်ခြင်း ဖြစ်စေသောအကြောင်းနှင့်လက္ခဏာတွေကဘာလဲ။

ဓါတုထိခိုက်ခြင်း။ ဓါတုမျက်လုံးထိခိုက်ခြင်းက မျက်လုံးနှင့်မျက်ခွံတွင် ဓါတုပစ္စည်းထိမိခြင်းကြောင့်ဖြစ်သည်။ အဖြစ်များဆုံးလက္ခဏာမှာ နာခြင်း သို့မဟုတ် လောင်ကျွမ်းခြင်းတို့ဖြစ်သည်။ မျက်ရည်တောက်လျောက်ထွက်လာခြင်း နီလာခြင်းနှင့် မျက်ခွံယောင်လာခြင်းတို့ဖြစ်နိုင်သည်။

မျက်စိတွင်းသွေးယိုခြင်း။ ဆိုလိုသည်မှာ မျက်စိနီခြင်းနှင့် အတွင်းသွေးယိုခြင်းဖြစ်စေသောကြောင့်ဖြစ်သည်။ ယေဘုယျအားဖြင့် နာကျင်ခြင်း၊ အမြင်ထိခိုက်ခြင်းများမရှိပေ။

မျက်လုံးအဖြူသားတွင် အနီစက်များတွေ့နိုင်သည်။ မျက်လုံးအတွင်းရှိသွေးကြောငယ်လေးများကွာခြင်းကြောင့်ဖြစ်သည်။ အခြားမျက်စိထိခိုက်မှုရှိ၊ မရှိပေါ်မူတည်ပြီး နီနေသောနေရာကကြီးခြင်း သိသာနေခြင်းဖြစ်နိုင်သည်။

မျက်စိသွေးယိုခြင်းက ထိခိုက်မှုပြင်းထန်ခြင်းအပေါ်မမူတည်ဘဲ များသောအားဖြင့်ကုသမှု မလိုဘဲ ၄ရက်မှ ၁၀ရက်အတွင်းပျောက်သွားနိုင်သည်။

မျက်ကြည်လွာပြဲခြင်း။ မျက်ကြည်လွှာပေါ်တွင်ခြစ်မိခြင်း၊ ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်သည်။ မျက်ကြည်လွှာသည် အကြည်တစ်သျူးတစ်ခုဖြစ်ပြီး မျက်စိသူငယ်အိမ်နှင့် မျက်စိအတွင်းကြွက်သားများပေါ်တွင်ရှိသည်။ ကလေးတွေရဲ့ မျက်ကြည်လွှာကို အရုပ်၊ သတ္ထုပစ္စည်းတစ်ခုခု၊ ကလေးလက်သည်း သို့မဟုတ် အပင်နှင့်ထိခိုက်မိပါကဖြစ်နိုင်သည်။ လက္ခဏာများတွင်နာခြင်း မျက်ရည်ထွက်ခြင်း အလင်းမခံနိုင်ခြင်း တို့ဖြစ်နိုင်သည်။

သူငယ်အိမ်ကြွက်သားယောင်ခြင်း။ သူငယ်အိမ်ကြွက်သားသည်မျက်လုံးရှိအရောင်ရှိသောအပိုင်းတစ်ခုဖြစ်သည်။ သူငယ်အိမ်အတွင်းအလင်းဝင်မှုကိုထိန်းပေးသည့် ကြွက်သားအပိုင်းပါဝင်သည်။ နာခြင်းနှင့် အလင်းမခံနိုင်ခြင်းတု့ိအဓိကဖြစ်တတ်သည်။ မျက်လုံးအတွင်း ကိုက်ခြင်းဖြင့်လည်း လက္ခဏာပြနိုင်သည်။ တစ်ခါတရံမျက်ရည်အများအပြားကျခြင်းဖြစ်နိုင်သည်။

ဟိုက်ဖီးယား။ထိုထိခိုက်မှုက တုံးသောအရာဝတ္ထုမျက်လုံးနှင့်အနီးတဝိုက်ကိုအားဖြင့်ထိမိသောကြောင့်ဖြစ်သည်။ စံအနေနှင့် မျက်နှာကို ဘေ့ဘောဖြင့်အပစ်ခံရခြင်းသို့မဟုတ် ဘောလုံးနှင့်အကန်ခံရခြင်း။

မျက်ခွံရိုးကျိုးခြင်း။လက္ခဏာများတွင် နာခြင်း အဓိကအားဖြင့်မျက်လုံးလှုပ်ပါက၊နှစ်ထပ်မြင်ခြင်း (မျက်လုံးတစ်ဖက်ပိတ်ကပျောက်သွားခြင်း၊မျက်လုံးခွံယောင်ခြင်းတို့ဖြစ်နိုင်သည်။ ထိုအရာက အရေပြားအောက်တွင်သွေးယိုစေပြီး အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။) အနက်ရောင်မျက်လုံးဆိုသည် သွေးများမျက်ခွံအတွင်းစုပုံနေသောကြောင့်ဖြစ်သည်။ မျက်လုံးအောက်ရောင်ခြင်းသည် သင့်အရေပြားပေါ်ရှိသွေးကြောငယ်များ ပေါက်ခြင်းစိမ့်ထွက်လာခြင်းကြောင့်ဖြစ်သည်။ လုံးဝပျောက်ကင်းရန် ရက်သတ္တပတ်ပေါင်းများစွာကြာနိုင်သည်။

မျက်ခမ်းသားများ စုတ်ပြဲခြင်း။လက္ခဏာများတွင် နာခြင်း နီခြင်း နှင့် မျက်လုံးတွင်းတစ်ခုခုရှိနေသည်ဟုခံစားရခြင်း။

မျက်ကြည်လွာနှင့် မျက်သားဖြူပိုင်းပြဲခြင်း။လက္ခဏာများမှာ အမြင်အာရုံနည်းခြင်း၊ နာခြင်း။

အပြင်အရာဝတ္ထုများရှိခြင်း ဆိုသည် သစ်သားသတ္ထုသို့မဟုတ် ပလပ်စတစ်အပိုင်းအစ။

မျက်ကြည်လွာ။ မျက်ကြည်လွှာအတွင်းသားမြုပ်ဝင်နေတတ်သည့်အချိန်ဖြစ်သည်။ ထိုခံစားချက်မှာ မျက်စိအတွင်းတစ်ခုခုရှိသည်ဟုခံစားနေရခြင်း မျက်ရည်ထွက်ခြင်း ဝါးခြင်း နှင့်အလင်းမခံနိုင်ခြင်းတို့ဖြစ်နိုင်သည်။ တစ်ခါတရံ ထိုအရာဝတ္ထုကိုမျက်ကြည်လွှာတွင်သာမြင်နိုင်သည်။

မျက်လုံးခွံအတွင်း။ မျက်လုံးခွံအတွင်းရှိနေသော်လည်း မျက်လုံးတွင်းသို့ဖောက်မဝင်သေးပါ။ လက္ခဏာများ ဥပမာ မျက်လုံးအမြင်နည်းခြင်း နာခြင်း နှစ်ထပ်မြင်ခြင်းတို့ဖြစ်ပြီး ထိခိုက်မှုပြီး နာရီအနည်းငယ်တွင်စပေါ်သည်။ တစ်ခါတစ်ရံမည်သည့်လက္ခဏာမှမပေါ်နိုင်ပါ။

မျက်လုံးတွင်း။ မျက်လုံးအပြင်နံရံကိုပစ္စည်းကဖောက်ဝင်နေခြင်းဖြစ်သည်။ မျက်စိနာခြင်း အမြင်အာရုံနည်းခြင်းတို့ဖြစ်နိုင်သော်လည်း အချို့သူများတွင်လက္ခဏာမရှိနိုင်ပါ။

မျက်ကြည်လွာ အလင်းကြောင့်ထိခိုက်ခြင်း။ မျက်လုံးတွင်းဖြစ်သောအဖြစ်များသည့် အလင်းကြောင့်ထိခိုက်ခြင်းတွင် ယူဗွီကြောင့်ယောင်ခြင်း(နေလောင်ခြင်းကြောင့်)ဖြစ်နိုင်သည်။

ဆိုလာ ရတီနိုပက်တီ။ နေကိုစိုက်ကြည့်သဖြင့် ရတီနာအလယ်ပိုင်းပျက်စီးခြင်းဖြစ်သည်။ အလယ်ပိုင်းနေရာအနည်းငယ် အမြင်အာရုံကျခြင်းကအဓိကလက္ခဏာဖြစ်သည်။ အဓိကဖြစ်စေသောအကြောင်းမှာ နေအလင်းကိုကြည့်ခြင်းသို့မဟုတ် ဆေးဆွဲနေချိန်နေကိုအချိန်ကြာမြင့်စွာကြည့်မိခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

ခရမ်းလွန်ယောင်ကြည်ကြောင့်မျက်ကြည်လွှာယောင်ခြင်း။ လက္ခဏာများတွင် နာခြင်း အလင်းမခံနိုင်ခြင်း နီခြင်း နှင့်မျက်စိထဲတွင်တစ်ခုခုရှိနေသည်ခံစားရခြင်းတို့ဖြစ်နိုင်သည်။ လက္ခဏာက ခရမ်းလွန်ရောင်ခြည်ထိထိမိခြင်းမှာမပေါ်တတ်ပဲ လေးနာရီလောက်ကြာမှပေါ်တတ်သည်။

ဘာလုပ်သင့်သလဲ။

အိမ်တွင်းဂရုစိုက်မှု။

သင်မျက်လုံးကို သန့်သောအဝတ်ဖြင့်ကာကွယ်ထားပြီး ရေဖြင့်များများဆေးသင့်သည်။ ထိုနောက် သန့်သောဂွမ်းဖြင့်ဆယ်မိနစ်ခန့်သွေးမထွက်အောင်ဖိထားပါ။

အရေပြားအကောင်းအတိုင်းရှိပြီးယောင်ခြင်း အညိုအမဲစွဲခြင်း။

နူးညံ့သည့် တစ်သျူးသို့မဟုတ် မျက်လုံးနားရှိအရိုးများထိခိုက်ပြီးယောင်လာနိုင်သည်။ ရေခဲဖြင့်မိနစ်၂၀ခန့်ကပ်ထားပါ။ နာနေပါက ကလေးအား အဆီတာမီနိုဖန်သို့မဟုတ် အိုင်ဗျူပရိုဖန်ကိုပေးပါ။ နှစ်ရက်ကြာမှမျက်ကွင်းနက်ခြင်းဖြစ်ပါက မအံ့သြပါနှင့်။ အနက်ရောင်မျက်လုံးက အန္တာရာယ်မရှိသလို အထူးကုသမှုလဲမလိုနိုင်ပါ။ မျက်လုံးတွင်းသွေးယိုခြင်း( စကယ်လာသို့မဟုတ် မျက်လုံးအဖြူအပိုင်းအတွင်း မီးတောက်ပုံအညိုအမဲစွဲခြင်း) သည်လည်းအရမ်းစိတ်ပူရန်မလိုပါ။ ထိုအညိုအမဲက မျက်လုံးအတွင်းသားထဲသို့မပြန့်သွားပါ။ နှစ်ပတ်လောက်ကြာတတ်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းသွားပြသင့်သလဲ။

သင့်ကလေးမျက်လုံးကိုသန့်စင်သောမျက်လုံးအကာနှင့်ကာထားသင့်ပြီး အောက်ပါတို့ရှိပါက ကလေးဆရာဝန်ကိုချက်ချင်းခေါ်ပါ။

  • အရေပြားကွဲပြီး ချုပ်ရန်လိုအပ်ပါက။
  • မျက်ခွံ သို့မဟုတ် မျက်လုံးပေါ်တွင်ပြတ်ရှဒဏ်ရာရှိနေပါက။
  • အနာအရမ်းပြင်းထန်ပါက။
  • မျက်ရည်တောက်လျောက်ကျနေပါက သို့မဟုတ် မျက်တောင်တရစပ်ခတ်နေရပါက။
  • ကလေးကမျက်လုံးကိုလုံးဝအုပ်ထားပြီးမဖွင့်ပါက။
  • အမြင်ဝါးသွားခြင်း အမြင်ပျောက်သွားခြင်းတို့ရှိနေပါက။
  • နှစ်ထပ်မြင်ခြင်၊း အပေါ်သို့မကြည့်နိုင်ပါက။
  • သူငယ်အိမ်နှစ်ဖက်မညီပါက။
  • မျက်ကြည်လွှာတွင်တိမ် သို့မဟုတ် သွေးထွက်နေပါက။
  • မျက်စိကိုအားပြင်းပြင်းဖြင့် အရာတစ်ခုရိုက်မိပါက။
  • သုံးနှစ်ထက်ငယ်သောကလေးတွင်ဖြစ်ပြီး ဒဏ်ရာရှာမတွေ့ပါက (အနက်ရောင်မျက်လုံးသိုမဟုတ် မျက်လုံးအဖြူပိုင်းတွင်သွေးထွက်ခြင်း)
  • သင့်ကလေးကိုဆေးရုံပြသင့်သည်သင်ထင်ပါက
  • အမြင်နဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်နေသည်ပြောပါက ကလေးဆရာဝန်ကိုချက်ချင်းခေါ်ပါ။

ရှောင်ရန်။

မျက်လုံးအားအရာဝတ္ထုဖောက်ထွက်သွားပါက အမြင်အာရုံဆုံးရှုံးနိုင်သည်။ ကလေးအား လေသေနတ်(ဘီဘီသေနတ်)မျိုးဝယ်မပေးပါနှင့်။

မြက်ရိတ်စက်သုံးနေသူအနားကလေးကိုကစားခွင့်မပြုပါနှင့်

ခေါင်းပေါ်တွင်ရှိသောလှုပ်ရှားမှုရှိကရှောင်ရန်ကလေးကိုအကြံပေးပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေရဲ့ အရေပြားကို ဒုက္ခပေးမယ့် အရာများ

နူးညံ့လှတဲ့ ကလေးအရေပြားလေး ယားယံနေတဲအခါ သူတို့အတွေ ခံစားရခက်သလို ဘာကြောင့်ဆိုတာကိုလည်း ပြောပြနိုင်စွမ်းမရှိသေးတော့ အတော်လေး အကျပ်ရိုက်စရာ အခြေအနေဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ခဏခဏ ခေါင်းမကိုက်ချင်ရင် လိုက်နာသင့်တဲ့ လူနေမှုပုံစံ

လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာ လူနေမှုပုံစံ မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ကိုဗစ်က သေချာ ဂရုစိုက်ကုသရင် အသက် မဆုံးရှုံးနိုင်ပေမယ့် အသက်အန္တရာယ် မရှိတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ကိုဗစ်ကို မိမိကစ ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 3 mins read
သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 4 mins read

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read