backup og meta

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ ….. ဝက်ခြံ ဖြစ်ပြီဆိုတာနဲ့ မကုတ်မိ၊ မဖဲ့မိဖို့ တော်တော်သတိထားရပါတယ်။ ဝက်ခြံဆို ညှစ်ဖို့အဆင်သင့်ဖြစ်နေတဲ့ လက်တွေကိုလည်း ထိန်းရသေးတယ်။ ဘာလို့ဆို ဝက်ခြံကို အထိန်းမတော်ရင် အမာရွတ်တွေဖြစ်ကျန်ခဲ့မှာ စိုးရလို့ပါပဲ။

ဒါပေမယ့် ဘယ်လောက်သတိထားထား အမာရွတ်နဲ့ ချိုင့်ခွက်ဆိုတာ ဝက်ခြံ ဖြစ်ပြီးတိုင်း ကျန်ရစ်ခဲ့နိုင်တဲ့ အမှတ်အသားပါ။ မျက်နှာကို တစ်ခုခုလိမ်းလိုက်ရုံနဲ့ ဝက်ခြံကြောင့် ဖြစ်သမျှ အမာရွတ်တွေ ပျောက်သွားမယ်ဆို ဘယ်လောက်ကောင်းမလဲနော်။

အမာရွတ်ချိုင့်ခွက်တွေ ပျောက်ကင်းဖို့ဆိုတာ ဒီလောက်မလွယ်ပါဘူး။ အထူးသဖြင့် သက်သာဖို့တောင် ခက်ခဲခဲ့တဲ့ ဝက်ခြံ အကြီးတွေဆိုရင်ပေါ့။ ဒီလိုဝက်ခြံ အမာရွတ်တွေကို အရေပြားအလှပြုပြင်ရေးကုထုံးတွေနဲ့ ကုသမှ အသားအရေချောမွတ်ပြီး ပြန်လည်လှပနိုင်မှာပါ။ ဘယ်လိုနည်းတွေနဲ့ ကုသနိုင်မလဲ။

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲဆိုတော့

(၁) Microdermabrasion (အရေပြားအလွှာသစ်ကုထုံး)

သေးငယ်တဲ့ ခရစ္စတယ်ထိပ်ချွန်လေးတွေပါတဲ့ ကိရိယာလေး သုံးပြီး အရေပြားအပေါ်ယံက ဆဲလ်သေအလွှာကို အသာအယာပွတ်တိုက်ဖယ်ရှားပေးတဲ့ ကုထုံးဖြစ်ပါတယ်။ ကုထုံးနောက်ပိုင်းမှာ အရေပြားအလွှာသစ်ဖြစ်ပေါ်လာစေပြီး ဝက်ခြံအမာရွတ်တွေကို ပါးစေ၊ နူးညံ့စေတဲ့အတွက် ပိုမိုနူးညံ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ပြန်ကောင်းချိန် (၁၀) ရက်ကနေ (၃) ပတ်အထိ ကြာနိုင်ပါတယ်။

(၂) Laser Treatment (လေဆာကုထုံး)

အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်စေဖို့ လေဆာသုံးပြီး အရေပြားအပေါ်ယံလွှာကို နှိုးဆွတဲ့ကုသမှုဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ချိုင့်ခွက်တွေကို ပြန်ဖြည့်ပြီး အသားအရေတင်းရင်းညီညာစေဖို့ ကော်လဂျင်(collagen)တွေ ထုတ်ပေးပါတယ်။ နာကျင်မှုမရှိစေဖို့ ထုံဆေးသုံးမှာဖြစ်ပြီး မိနစ်ပိုင်းကနေ  တစ်နာရီအတွင်း ကြာမြင့်နိုင်ပါတယ်။

(၃) LED Therapy (အလင်းကုထုံး)

အလင်းကုထုံးကို အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့၊ အသစ်တဖန်ပြန်လည်နုပျိုစေဖို့၊ ညီညာလှပစေဖို့ အသုံးပြုတာဖြစ်ပါတယ်။ အလင်းရောင်ခြည်လှိုင်းတွေက အရေပြားရဲ့ အလွှာတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ကုသပေးတာဖြစ်ပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေတယ်၊ အသားအရေတင်းရင်းစေတယ်၊ ညီညာစေတယ်၊ ရောဂါပိုးဝင်ခြင်းကို ကုသပေးတယ် စတဲ့ အကျိုးရလဒ်တွေကို မူတည်ပြီး အရေပြားအလွှာတွေအပေါ် မတူညီတဲ့ အလင်းလှိုင်းတွေနဲ့ ကုသပေးတာပါ။ နာကျင်မှုမရှိဘဲ ခွဲစိတ်စရာလည်းမလိုတဲ့ ကုထုံးဖြစ်ပါတယ်။

(၄) Chemical Peel (ဓာတုဆေးသုံး အရေပြားအလွှာသစ်ကုထုံး)

Chemical peeling ဟာ ဓာတုဆေးကိုအရေပြားမှာ လိမ်းပြီး ပြန်ခွာချရတဲ့ ကုသမှုပါ။ နေလောင်ကွက်တွေ၊ ဝက်ခြံအမာရွတ်တွေ၊အရေးအကြောင်းတွေလိုမျိုးတွေ အရေပြားအလွှာဟောင်းနဲ့အတူပါသွားပြီး နုပျိုချောမွတ်တဲ့ အသားအရေအလွှာသစ် ဖြစ်ကျန်စေပါလိမ့်မယ်။ ဝက်ခြံနဲ့ အမာရွတ်တွေရှိတဲ့ အပေါ်ယံအရေပြားအလွှာကို ဓာတုဆေးတစ်မျိုးကို အသုံးပြုပြီးဖယ်ရှားကာ ပိုမိုနုပျိုကျန်းမာတဲ့ အရေပြားအလွှာတစ်ခုကိုဖန်တီးခြင်းဖြစ်ပါတယ်။

(၅) Filler Injections (ဆေးထိုးခြင်း)

Filler ထိုးတယ်ဆိုတာ အမာရွတ်တွေ၊ချိုင့်ခွက်တွေ၊ မညီမညာတဲ့အသားအရေဧရိယာတွေကို ညီညာအောင်ဖြည့်ပေးတဲ့ ကုသမှုဖြစ်ပါတယ်။ ကော်လဂျင်နဲအဆီတို့လိုမျိုး ကုထုံးက ဖြည့်စွက်လိုက်တဲ့ပစ္စည်းကို အရေပြားမှစုပ်ယူဖို့အတွက် ၄ လတစ်ကြိမ် သို့ ၆ လတစ်ကြိမ် ထပ်ကာထပ်ကာပြန်လုပ်ဖို့လိုပါလိမ့်မယ်။ ကုထုံးက မိနစ်ပိုင်းလောက်ပဲကြာတာဖြစ်ပြီး နာကျင်မှုလည်းမရှိပါဘူး။ ဆေးထိုးလိုက်တဲ့နေရာတဝိုက်လေးမှာပဲ နည်းနည်းကျိန်းစပ်ရုံသာဖြစ်စေပါလိမ့်မယ်။

(၆) Surgical Procedure (ခွဲစိတ်ကုထုံး)

ဝက်ခြံအကြီးတွေ၊ အမာရွတ်များတဲ့ မျက်နှာအသားအရေကို ပုံမှန်ပြန်ဖြစ်စေဖို့ အမာရွတ်တစ်ရှူးခွဲစိတ်ဖယ်ရှားတဲ့ကုထုံးကသာ အသင့်တော်ဆုံးပါ။ အမာရွတ်အားလုံးမဖယ်ပေးနိုင်ပေမယ့် မထင်ရှားအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ပျက်စီးနေတဲ့ တစ်ရှူးကိုဖယ်ရှားပြီး အဲဒီဧရိယာမှာ အရေပြားပြန်ညီညာအောင်ကုသပေးတဲ့ အသေးစားခွဲစိတ်မှုဖြစ်ပါတယ်။ ကုသမှုက တစ်နာရီတောင်မကြာသလို ထုံဆေးနဲ့သာ ခွဲစိတ်တာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/diseases-conditions/acne/expert-answers/acne-scars/faq-20058101

Accessed Date Oct 31, 2019.

https://www.webmd.com/beauty/cosmetic-procedures-scars

Accessed Date Oct 31, 2019.

ယခုပုံစံ

08/06/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement