backup og meta

လေဒီလေးတိုင်း သိထားသင့်တဲ့ သဘာဝ Toner လေးတွေ

မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညအိပ်ရာမဝင်ခင်ဘဲဖြစ်ဖြစ် လေဒီလေးတော်တော်များများလုပ်တတ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှာကို micellar water လေးနဲ့ သန့်စင်တယ်။ ပြီးရင် မျက်နှာသစ်တယ်၊ နောက်တဆင့်က toner လေး သုံးတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းမယ်။ ပြီးရင်တော့ ကျန်တဲ့အဆင့်လေးတွေကို ဆက်လူးတယ်နော်။ ဟုတ်လား…..

Toner ဘာကြောင့်လိမ်းသင့်တာလဲ……

မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ပေမယ့် အသားအရေက အလုံးစုံသန့်စင်သွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်အကြွင်းအကျန်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကို သေချာမသန့်စင်မိရင် ရေရှည်မှာ ချွေးပေါက်ကျယ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကိုဖယ်ရှားဖို့နဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့အတွက် Toner ကိုသုံးပေးသင့်ပါတယ်။

အသားအရေအတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ Toner လေးတွေ

အသားအရေလေးကောင်းဖို့ Toner လေး သုံးချင်ပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါနေလို့ အသားအရေထိခိုက်မှာလည်း စိုးတယ်။ သဘာဝ Toner လေးတွေ ကိုတော့ သုံးချင်တယ်ဆိုတဲ့ လေဒီလေးတွေအနေနဲ့ ဒီဆောင်းပါးလေးကိုဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်။

ပန်းသီးရှာလကာရည်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရေပြားပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပါတယ်။ pH ပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ရေနဲ့ဆတူရောပြီး သုံးပေးသင့်ပါတယ်။ ပုံမှန်အသားအရေပိုင်ရှင်လေဒီလေးတွေနဲ့ အဆီပြန်တတ်တဲ့ လေဒီလေးတွေအတွက်အထူးသင့်တော်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

အသားအရေကို နူးညံ့စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းထဲကို လာဗင်ဒါအဆီ ၁၀ စက်လောက်ရောလို့ အသုံးပြုပေးလို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်၊ ပုံမှန်အသားအရေပိုင်ရှင် နဲ့ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

အသားအရေမှာ အမည်းစက်တွေကင်းပြီး အဆီပိုတွေကိုဖယ်ရှားဖို့အတွက် နဲ့ အသားအရေကြည်လင်စေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေသန့်သန့်တစ်ခွက်စာနဲ့ရောလိုက်ပါ။ ပြီးရင်အသုံးပြုပေးလို့ရပါပြီ။ ဝက်ခြံ ရှိနေသူတွေမသုံးသင့်ပါဘူး။ နေရောင်ထဲထွက်ခါနီးမှာလည်း အသုံးမပြုသင့်ပါဘူး။ အဆီပြန်တတ်သူတွေအတွက် အဆင်ပြေစေမယ့် သဘာဝToner လေး ပါ။

အသားအရေအမျိုးအစားအားလု့အတွက် အထူးသင့်တော်တဲ့ သဘာဝ Toner လေး ပါ။ ရနံ့လေးကလည်း စွဲဆောင်မှုရှိပါတယ်။ နှင်းဆီပွင့်ဖတ် ခွက်တစ်ဝက်စာကို သန့်စင်ထားတဲ့ရေ ၂ ခွက်စာနဲ့ရောလို့ နှင်းဆီပန်းကနေရတဲ့ အဆီ ၁၀ စက်လောက်ရောပေးပါ။ ပြီးရင် ၃ နာရီလောက်စိမ်ထားပေးပါ။ ဒီနောက်မှတော့ နှင်းဆီပန်းကနေရတဲ့ သဘာဝ Toner ကိုအသုံးပြုလို့ရပါပြီ။ ခြောက်သွေ့တဲ့အသားအရေ၊ ပုံမှန်အသားအရေ နဲ့ အဆီပြန်တဲ့အသားအရေတွေအတွက် အသုံးပြုပေးလို့ရပါတယ်။

အသားအရေကို ကျန်းမာစေပြီး အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့အသားအရေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်။ ဝက်ခြံကိုလည်းသက်သာစေနိုင်ပါတယ်။ အအေးခံထားတဲ့ ချာမိုမိုင်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့ သုံးရုံပါ။ အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်ပါတယ်။

Cucumber Water

အသားအရေကို အေးမြစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သန့်စင်ထားတဲ့ ရေတစ်ခွက်စာထဲကို သခွားသီးတစ်လုံးရဲ့ တဝက်ကို ပါးပါးလှီးပြီးထည့်စိမ်လိုက်ပါ။ ၃ နာရီလောက်ထားပြီးရင် ရလာတဲ့အရည်ကို အသုံးပြုပေးလို့ရပါတယ်။ အသားအရေခြောက်သွေ့တာ၊ ဝက်ခြံထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေအမျိုးအစား အားလုံးနဲ့သင့်တော်ပါတယ်။

အုန်းစိမ်းရည်

အုန်းစိမ်းရည်ကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာပေါ်မှာ သဘာဝ Toner အဖြစ်အသုံးပြုပေးလို့ရပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်ခြံသက်သာစေနိုင်သလို အသားအရေကိုလည်း ခြောက်သွေ့မှုကင်းစေပါတယ်။

ကဲ..မျက်နှာသစ်ပြီးလို့ကျန်နေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားချင်တယ်၊ ချွေးပေါက်​လေးတွေကိုလည်း ကျန်းမာစေချင်တယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါတဲ့ Toner ကိုသုံးမိမှာလည်းစိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်လို့ရတယ်နော် လေဒီလေးတို့ရေ…………… ကဲ … သဘာဝ Toner လေးတွေကို စမ်းသုံးကြည့်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Fabulous Benefits of Coconut Water for Your Skin https://www.skincarebyalana.com/blog/6-fabulous-benefits-of-coconut-water-for-your-skin/ Accessed Date 14 January 2019

Top 7 Natural Face Toners For A Healthy And Glowing Skin https://www.curejoy.com/content/best-natural-face-toners/ Accessed Date 14 January 2019

ယခုပုံစံ

28/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

ကြည်လင်တဲ့ အသားအရေနဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်စေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/07/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။