backup og meta

ဘာနှုတ်ခမ်းနီဆိုးဆိုး အရောင်ထွက်မလှတာ ဘာလို့လဲ

နှုတ်ခမ်းနီအရောင်လေးလှနေလည်း ကိုယ့် နှုတ်ခမ်း ပေါ်ရောက်ရင် အရောင်မတူတော့ဘူး။ နဂိုအောက်ခံဖြစ်တဲ့ ကိုယ့်နှုတ်ခမ်းသားက မွဲခြောက်နေတာကိုး။ နှုတ်ခမ်းသားက ခြောက်သွေ့နေမယ်၊ အဖတ်တွေကွာနေမယ်၊ နူးညံ့မှုမရှိဘူး၊ အရောင်အသွေးမစိုဘူးဆိုတာ နှုတ်ခမ်းသားကို ဂရုမစိုက်လို့ပါ။

တကယ်တော့ နှုတ်ခမ်း လှတယ်မလှဘူးဆိုတာ ကိုယ့်ရဲ့သတ်မှတ်မှုပါ။ နှုတ်ခမ်းပုံစံက လူတစ်ယောက်နဲ့တစ်ယောက် မတူကြတော့ ကိုယ့်အလှနဲ့ကိုယ်ပါပဲ။ ဒါပေမယ့် နှုတ်ခမ်းသားကျန်းမာရေးကို ဂရုစိုက်မှုနဲ့ စောင့်ရှောက်မှုတို့ကိုမူတည်ပြီး အလှဒီဂရီ ကွာခြားသွားတတ်ပါတယ်။

ဒါ့ကြောင့် –

နှုတ်ခမ်း ကို သန့်ရှင်းအောင်ထားပါ

နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။

lip balm သုံးပါ

နှုတ်ခမ်းက လေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့် ရေဓာတ်ထိန်းသိမ်းနိုင်ဖို့ lip balm ပုံမှန်သုံးပေးပါ။ lip balm ကို သွားလေရာယူသွားပြီး လိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ lip balm က နှုတ်ခမ်းသားကိုရေဓါတ်ထိန်းပေးပြီး စိုပြေလှပစေတဲ့အတွက် နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးပါတယ်။ဆောင်းရာသီ နှုတ်ခမ်းကွဲခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းနီဆိုးလွန်း တာကြောင့်ဖြစ်လာတဲ့ နှုတ်ခမ်းထိခိုက်မှုတွေအတွက် ပြန်လည်ကုသပေးနိုင်ပါတယ်။

အရည်အသွေးညံ့တဲ့ နှုတ်ခမ်းနီတွေ မသုံးပါနဲ့။

အရည်အသွေးညံ့တဲ့နှုတ်ခမ်းနီဆိုတာ လှတာ၊ မလှတာနဲ့မဆိုင်ပါဘူး။ စျေးလည်းချိုတယ်၊ ဆိုးလိုက်ရင် သိပ်‌လှပေမယ့် ပါဝင်ပစ္စည်းက အပြင်းစားဓာတုပစ္စည်းတွေပါလာနိုင်လို့ နှုတ်ခမ်းသားကို ပျက်စီးစေပါတယ်။

ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ပါ။

ခန္ဓာကိုယ်ကရေဓာတ်ခန်းခြောက်နေရင် အရင်ဆုံးလက္ခဏာပြမှာက နှုတ်ခမ်းပါ။ တစ်နေ့တာအတွင်း ရေအလုံအလောက်သောက်မယ်ဆိုရင် နှုတ်ခမ်းမခြောက်ဘဲ စိုပြေနေပါလိမ့်မယ်။

သံလွင်ဆီ သို့မဟုတ် တခြားအာဟာရဖြည့်အဆီတွေ သုံးပါ။

နှုတ်ခမ်းအသားအရေဟာ အရမ်းကိုနူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် ခြောက်သွေ့ပြီးနှုတ်ခမ်းကွဲတဲ့အခါ lip balm သို့မဟုတ် သံလွင်ဆီပါတဲ့ဆေးအဆီတစ်မျိုးမျိုးကို သုံးပေးပါ။ သံလွင်ဆီက နှုတ်ခမ်းသားကို နူးညံ့စေပြီး စုပ်ယူမှုမြန်ဆန်စေပါတယ်။ grape seed oil၊ shea butter စတဲ့ တခြားအာဟာရအဆီတွေကိုလည်း သုံးနိုင်ပါတယ်။

တစ်ပတ်တစ်ကြိမ် lip scrub လုပ်ပေးပါ

ဆဲလ်သေဖယ်ရှားခြင်း(lip scrub) ကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ နှုတ်ခမ်းကို lip scrub လုပ်တာက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသားကိုစိုပြေလှပစေပါလိမ့်မယ်။ အညင်သာဆုံးနဲ့အကောင်းဆုံးနည်းကတော့ အသီးအနှံ တစ်တုံး၊ တစ်စိတ်လောက်ကို သကြားဖြူးပြီး နှုတ်ခမ်းမှာညင်သာစွာ ပွတ်ပေးနိုင်ပါတယ်။ သကြားတစ်မျိုးတည်းနဲ့ လုပ်လည်း ရပါတယ်။

နှုတ်ခမ်းကို နှိပ်နယ်ပေးပါ

နှုတ်ခမ်းသားစိုပြေလှပစေဖို့ ထိန်းသိမ်းပေးသင့်တဲ့နည်းလမ်းတစ်ခုကတော့ နှုတ်ခမ်းကို နေ့စဉ်နှိပ်နယ်ပေးဖို့လိုပါတယ်။ နှုတ်ခမ်းပေါ်မှာ လက်ချောင်းထိပ်နဲ့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ နှုတ်ခမ်းနဲ့ပါးစပ် သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/beauty/features/beautiful-lips

Accessed Jan 31, 2020.

https://www.beautyandtips.com/beauty-2/how-to-take-care-of-your-lips/

Accessed Jan 31, 2020

ယခုပုံစံ

26/01/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။