backup og meta

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် သြော်……..ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။ ကျန်းမာရေးပြဿနာ တစ်ခုခုများရှိနေတာလားဆိုပြီး စိုးရိမ်တဲ့စိတ် လေဒီလေး တော်တော်များများ ဖြစ်တတ်ကြပါတယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလားလို့ သိချင်နေတယ်ဟုတ်………..

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဒီတစ်ခေါက်တော့ မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန်ပဲလား၊ ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလား………..

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန် အခြေအနေတစ်ရပ်ပါ။  မိန်းမကိုယ်မှာ ချွေးပေါက်ဂလင်းလေးတွေနဲ့ မွေးညှင်းအိတ်လေးတွေ ရှိနေတာကြောင့် ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဝက်ခြံ ဖြစ်သလို မျိုးပေါ့။

နောက်တစ်ချက် ရှိတာက မိန်းမကိုယ်ဟာ နုနယ်သလို ခန္ဓာကိုယ်က အချို့အစိတ်အပိုင်းတွေလိုပဲ ထိခိုက်လွယ်တဲ့ အရေပြား အမျိုးအစားပါ။ ဒါကြောင့် မိန်းမကိုယ်မှာလည်း ဝက်ခြံ၊ အဆီဂလင်းပိတ်ဆို့မှုကနေဖြစ်လာတဲ့ ဆားဝက်ခြံလို အဆံတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်မှာ ဝက်ခြံပေါက်လာတဲ့အခါ မစိုးရိမ်ပါနဲ့။ နေရထိုင်ရ မသက်မသာဖြစ်ပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတာ တစ်ခုသာ ဖြစ်ပါတယ်။

မိန်းမကိုယ်မှာ ဘာကြောင့် ဝက်ခြံ ဖြစ်ရတာလဲ………….

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။

  • အရေပြား ဓာတ်မတည့်တာ
  • ရေချိုးဆပ်ပြာရည်တွေနဲ့ ထိတွေ့မိပြီး အသားခြောက်တာ
  • အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ ထိတွေ့မိတာ
  • မိန်းမကိုယ်ကို ရေမွှေးဆွတ်တာ
  • feminine wipes သုံးတာ
  • အမွှေးခဲနဲ့ ပွတ်တိုက်တာ
  • လိုးရှင်းလိမ်းတာ
  • ပေါင်ဒါသုံးတာ
  • လစဉ်သုံးတွေကို သန့်သန့်ရှင်းရှင်းမသုံးတာ
  • tampons တွေကို သန့်သန့်ရှင်းရှင်း မသုံးတာ
  • မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာ
  • သုက်ပိုးသတ်ဆေးတွေ သုံးတာ
  • ချောဆီသုံးတာ (တချို့တွေမှာ ဖြစ်တတ်ပါတယ်။)
  • ဆေးဝါးတွေ သောက်သုံးရတာ
  • အတွင်းခံကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ အလွန်အကျွံသုံးတာ
  • မီးပူတိုက်တဲ့အခါ သုံးတဲ့ အမွှေးဆီတွေကြောင့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်နိုင်ပါတယ်။

ဒါတွေအပြင်

ဘယ်လို ကာကွယ်မလဲ………

မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံတွေ မဖြစ်စေဖို့ဆိုရင်

  • အဝတ်တွေကို တင်းတင်းကျပ်ကျပ် မဝတ်ပါနဲ့။
  • ချည်သားပဲ ဝတ်ပါ။
  • ဝက်ခြံတွေဖြစ်လာခဲ့ရင် ခဏခဏ မကိုင်ပါနဲ့။
  • ရေပူနဲ့ ရေချိုးတာမျိုး မလုပ်ပါနဲ့
  • ဆပ်ပြာမြှုပ်တွေနဲ့ ရေမချိုးပါနဲ့
  • အနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ မတိုက်ပါနဲ့။
  • လစဉ်သုံးတွေကို အမွှေးနံ့မပါတာမျိုး သုံးပါ။
  • ဆီးခုံမွေးရိတ်တာကို ခဏရှောင်ထားပါ။

မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုကုသနိုင်သလဲ။

မိန်းမကိုယ်က ဝက်ခြံတွေက တခြားနေရာက ဝက်ခြံတွေလိုပဲ သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။ ကုတ်တာ၊ ဖဲ့တာ၊ ဆွတာတွေ မလုပ်ပါနဲ့။ လတ်တလောမှာ မိန်းမကိုယ်ကို ခြောက်သွေ့သန့်စင်အောင် ထားပါ။ မျက်နှာမှာ လိမ်းတဲ့ ဝက်ခြံပျောက်ဆေးကို မိန်းမကိုယ်မှာလည်း လိမ်းနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းမှာ မဟုတ်ဘဲ အပေါ်ယံအရေပြားမှာ ဆိုရင်ပေါ့။

ဒီလိုမဟုတ်ဘဲ ဝက်ခြံတွေက များလာမယ်။ ပိုဆိုးလာမယ်။ ရောင်ရမ်းလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Yes, That’s Acne On Your Vagina. Here’s How To Treat It. https://www.prevention.com/health/a20471293/treatment-for-vaginal-acne/ Accessed Date 21 December 2020

An Overview of Vaginal Pimples https://www.verywellhealth.com/vaginal-pimples-overview-4685090 Accessed Date 21 December 2020

ယခုပုံစံ

20/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

လေဒီလေးတို့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်အောင်နေထိုင်နည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ