backup og meta

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ …… အချိန်နဲ့ အမျှသင်အသက်ကြီးလာတဲ့အခါ အသားအရေဟာလည်း အိုမင်းလာပါလိမ့်မယ်။ အရေပြားရဲ့ ပုံသဏ္ဍန်နဲ့ တည်ဆောက်ပုံတွေလည်းပြောင်းလဲနိုင်ပြီး အရေးအကြောင်းတွေ၊ အသားခြောက်ခြင်းတွေ၊ အစက်အပြောက်တွေ ဖြစ်လာနိုင်ပါတယ်။ ကင်ဆာဖြစ်နှုန်းလည်း များလာနိုင်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ထိန်းချုပ်ပြီး အရေပြားကို ကာကွယ်နိုင်မယ့် အဆင့်တွေ ရှိပါတယ်။

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ ဆိုတော့

အရေပြား ခြောက်ခြင်း

အရေပြားခြောက်လာပါလိမ့်မယ်။

သင်အသက်ကြီးလာချိန်မှာ အရေပြားဟာ ရေဓါတ်ခမ်းခြောက်လာတာမို့ ခြောက်သွေ့လာနိုင်ပါတယ်။ အသားခြောက်နိုင်တဲ့ နေရာတွေကတော့ တံတောင်ဆစ်၊ ခြေထောက်အောက်ပိုင်း၊ လက်မောင်းအောက်ပိုင်းတွေပဲ ဖြစ်ပါတယ်။ သင့်အရေပြားပါ ကြမ်းတမ်းပြီး အရေခွံကွာတာကိုလည်း ခံစားရနိုင်ပါတယ်။

အောက်ပါအချက်တွေဟာ အရေပြားခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။

  • ရေ (သို့) အခြားအရည်တွေ လုံလောက်အောင် မသောက်ခြင်းကြောင့် ကိုယ်ခန္ဓါက ရေဓါတ် လျော့နည်းခြင်း
  • နေရောင်အောက်မှာ အချိန်အများအပြား ကုန်ဆုံးခြင်း
  • ခြောက်သွေ့တဲ့လေနဲ့ ထိတွေ့မှုများခြင်း (ဥပမာ အဲကွန်းခန်းထဲမှာ အလုပ်လုပ်ခြင်း၊ နေခြင်း)
  • ဆေးလိပ်သောက်ခြင်း
  • ချွေးထွက်ခြင်း၊ အဆီထွက်ခြင်း
  • အချို့ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ဆီးချို (သို့) ကျောက်ကပ်ရောဂါတွေ ရှိခြင်း
  • အရေပြားမှု အဆီဆုံးရှုံးခြင်း၊ ရေနဲ့ ဆီဟာ ရေဓါတ်ကို ဖြည့်တင်းပေးပါတယ်။

အသားခြောက်ခြင်းကို ကာကွယ်ဖို့ ဘာလုပ်နိုင်သလဲ။

ရေဓါတ်ဖြည့်တင်းတဲ့ ခရင်မ်တွေ၊ လိုးရှင်းတွေကို အသားခြောက်ခြင်းကို ကာကွယ်ဖို့ လိမ်းနိုင်ပါတယ်။ ရေဓါတ်ဖြည့်တင်းတဲ့ ဆေးတွေကို နေ့စဉ် အသုံးပြုပြီး သူတို့ကို ရာသီဥတုပူကာ သင့်အသား စိုစွတ်တယ်လို့ ယူဆရင်တောင် လိမ်းသင့်ပါတယ်။ ဒီလိမ်းဆေးတွေက အသားအရည်အားလုံးအတွက် အကျိုးရှိပါတယ်။ ရေပူဟာ သင့်အသားအရေက အဆီကို ဖယ်ထုတ်လိုက်တာမို့ ရေငွေ့ပါတဲ့ ရေပူနဲ့ရေချိုးခြင်းကို မလုပ်သင့်ပါဘူး။ ရေနွေးဟာ ပိုကောင်းပါတယ်။ သင့်အခန်းထဲမှာ ရေငွေ့ဓါတ်ဖြည့်ပေးတဲ့ စက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

အရေးအကြောင်းထင်ခြင်း

အရေးအကြောင်းတွေဟာ အသက်ကြီးခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

အရေးအကြောင်းတွေဟာ အသက်ကြီးလာတဲ့အခါ အရေပြားပေါ်မှာ ပေါ်လာနိုင်ပါတယ်။ သင်နေထိုင်တဲ့ပတ်ဝန်းကျင် (သို့) UV radiations တွေဟာ အရေးအကြောင်းဖြစ်စေနိုင်ပါတယ်။ သင့်မျက်နှာလှုပ်ရှားမှုတွေဖြစ်တဲ့ ပြုံးခြင်း၊ ငိုခြင်း၊ ဆေးလိပ်သောက်ခြင်းတွေဟာလည်း အရေပြား အရေးအကြောင်းထင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုထိန်းချုပ်နိုင်မလဲ။

သင့်မျက်နှာလှုပ်ရှားမှုတွေကို ပြောင်းလဲပြီး ဆေးလိပ်ဖြတ်နိုင်ပါတယ်။ ဒီအရာတွေက ပိုမို လွယ်ကူပါတယ်။ ပြီးရင်တော့ အထူးကုသမှုတွေဖြစ်တဲ့ light therapy၊ ဓါတုပစ္စည်းတွေနဲ့ ချွတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီအရာတွေကို ကျွမ်းကျင်သူ ပညာရှင်ကသာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းတွေကို အသုံးပြုမယ်ဆိုရင် ဆရာဝန် (သို့) ပလပ်စတစ်ဆာဂျင်နဲ့ ဆွေးနွေးနိုင်ပါတယ်။

အစက်အပြောက်များ

အစက်အပြောက်တွေဟာ အသက်ကြီးချိန်မှာ ပေါ်လာတတ်ပါတယ်။

သင့်အရေပြား (သို့) အခြားအသက်ကြီးသူတွေရဲ့ အရေပြားမှာ ပြားပြီး အညိုရောင်ရှိတဲ့ အစက်အပြောက်တွေကို တွေ့နိုင်ပါတယ်။ ဒါတွေကို အသက်ကြီးခြင်းကြောင့် ပေါ်လာတဲ့ အစက်အပြောက်တွေလို့ ခေါ်ပါတယ်။ သူတို့ဟာ မျက်နှာ၊ လက်၊ လည်ပင်း၊ လက်မောင်းအစရှိတဲ့ နေရာတွေမှာ ဖြစ်လာတတ်ပါတယ်။ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေဟာ သင့်ကျန်းမာရေးကို မထိခိုက်ပေမယ့် အရေပြားရဲ့ ပုံပန်းသဏ္ဍန်ကိုတော့ ထိခိုက်နိုင်ပါတယ်။

အစက်အပြောက်တွေကို ထိန်းချုပ်ခြင်း

အစက်အပြောက်တွေကို သက်သာစေဖို့ အကောင်းဆုံးနည်းကတော့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ hydroquinolone ပါတဲ့ ဆေးတွေ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဒီဆေးကို အသုံးပြုပြီးရင် အစက်အပြောက်တွေ ပါးသွားနိုင်ပါတယ်။ နေရောင်ထိတွေ့မှုကို ကန့်သတ်ခြင်းကလည်း အစက်အပြောက်ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

အရေပြားကင်ဆာ

အရေပြားကင်ဆာဟာ ကိုယ်ခန္ဓါတစ်ခုလုံးကို ပြန့်သွားနိုင်တဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ အရေပြားကင်ဆာရဲ့ အဖြစ်အများဆုံးအကြောင်းရင်းကတော့ နေပဲဖြစ်ပါတယ်။ နေလောင်ခြင်းဟာ အရေပြားကို ပျက်စီးစေပါတယ်။ ဒါကြောင့် သင့်မှာ အရေပြားကင်ဆာ ရှိမရှိသိရှိဖို့ အရေပြားကို အမြဲစစ်ဆေးနေသင့်ပါတယ်။

ယေဘုယျနည်းလမ်း

သင့်အရေပြားကို ကျန်းမာအောင်ဂရုစိုက်ခြင်းဟာ အရေပြား ထိန်းသိမ်းခြင်းမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

  • သင့်အရေပြားကို သန့်ရှင်းအောင်ထားပါ။

အရေပြားကို ဆပ်ပြာပျော့နဲ့ ရေနွေးကို အသုံးပြုပြီး သန့်ရှင်းသင့်ပါတယ်။ ပြင်းတဲ့ ဆပ်ပြာတွေနဲ့ အငွေ့ထွက်နေတဲ့ ရေပူတွေဟာ အရေပြားပေါ်က essential oil တွေကို ဖယ်ရှားလိုက်ပြီး အသားခြောက်စေပါတယ်။

  • ရေဓါတ်ထိန်းသိမ်းပါ။

ရေဓါတ်ထိန်းသိမ်းဖို့ တစ်နေကုန် ရေ အများအပြား သောက်သင့်ပါတယ်။ ရေက သင့်ကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ အရေပြားကို ရေဓါတ်ထိန်းပေးဖို့ ရေဓါတ်ထိန်းဆေးတွေကိုလည်း လိမ်းနိုင်ပါတယ်။

  • နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ။

နေဟာ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေပူခံလိမ်းဆေးလိမ်းခြင်း၊ နေရောင်နဲ့ ထိတွေ့ချိန်ကို ကန့်သတ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုတ်၊ လက်အိတ်တွေ ဝတ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေဟာ သင့်ကို နေရောင်ခြည်ကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အရေပြား ပြောင်းလဲခြင်းဟာ အသက်ကြီးလာခြင်းရဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ သေးငယ်တဲ့ ပုံသဏ္ဍန်ပြောင်းလဲမှုတွေကစပြီး အရေပြားကင်ဆာအထိ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် အရေပြားထိန်းသိမ်းမှုဟာ အရေးကြီးပါတယ်။ ဒီဖြစ်စဉ်ကို နှေးစေပြီး အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေကို ကာကွယ်ဖို့ အရေပြားကို ဂရုစိုက်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Skin Care and Aging. https://www.nia.nih.gov/health/publication/skin-care-and-aging. Accessed January 26, 2017.
2. Dry skin. http://www.mayoclinic.org/diseases-conditions/dry-skin/symptoms-causes/dxc-20248892. Accessed January 26, 2017.
3. Skin Cancer. https://nihseniorhealth.gov/skincancer/skincancerdefined/01.html. Accessed January 26, 2017.
4. Aging skin. https://www.womenshealth.gov/aging/wellness/aging-skin.html. Accessed January 26, 2017.
5. Skin Conditions in the Elderly. http://www.webmd.com/skin-problems-and-treatments/elderly-skin-conditions#1. Accessed January 26, 2017.

ယခုပုံစံ

08/09/2023

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဘိုးဘိုးဘွားဘွားတို့ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement