backup og meta

စအိုပတ်လည်မှာ ယားယံတာ မျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

ကိုယ်ခန္ဓာအနှံ့အပြား အကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ အခန့်မသင့်တာကြောင့် ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့်လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ စအိုပတ်လည်မှာ ယားယံတာ ကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။

စအိုပတ်လည်မှာ ယားယံတာ မျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

စအိုပတ်လည်မှာ ယားယံတာ ဆိုတာ ဘာလဲ။

ဆေးပညာအရ Pruritus ani လို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ။

စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက နေရာတစ်ခုပါ။ ယားယံတာ စအိုဝတည့်တည့်မှာလည်းဖြစ်နိုင်သလို စအိုပတ်လည်နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို စအိုဝယားယံတာက ရောဂါတစ်ခု မဟုတ်ဘဲရောဂါ လက္ခဏာတစ်ခုသာဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုခံစားရလေ့ရှိပါတယ်။

စအိုပတ်လည်မှာ ယားယံတာ ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • သန့်ရှင်းရေးအားနည်းတာကြောင့် ( ဒါမှမဟုတ်) အသန့်လွန်ပြီး ဆပ်ပြာနဲ့ ခဏခဏ သန့်ရှင်းရာကနေ အရေပြားခြောက်ပြီးယားယံတာ
  • အရေပြားပြဿနာတွေဖြစ်တဲ့ psoriasis တို့၊ dermatitis ( အရေပြားရောင်ရမ်းထိခိုက်တာ)၊ eczema ( နှင်းခူရောဂါ)၊ ၊ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊
  • ဝမ်းချုပ်တာနဲ့ဆက်စပ်နေတဲ့ လိပ်ခေါင်း၊ စအိုဝကွဲတာနဲ့ ဂရင်ဂျီနာပြဿနာများ
  • တုပ်ကောင်၊ သန်ကောင် တွေကြောင့်လည်း စအိုဝယားယံတတ်သလို
  • စအိုဝ ကင်ဆာကလည်း စအိုပတ်လည် ယားယံခြင်းကို ဖြစ်စေတဲ့အထဲ ပါပါတယ်။
  • အခြားကျန်းမာရေးပြဿနာဖြစ်တဲ့ ဆီးချိုရောဂါ၊ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း စအိုဝ ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် သွားပြရမလဲ ။ ။

စအိုဝယားယံတဲ့ ပြဿနာတော်တော်များများက ဆေးကုသမှု မခံယူဘဲ သူကဘာသာ ပြန်ပျောက်သွားတာများပါတယ် ။ ဒါပေမယ့်

  • စအိုဝယားယံတာ တစ်ချိန်လုံးဖြစ်နေပြီး မခံမရပ်နိုင်အောင်ဖြစ်နေတာ
  • ယားယံတာနဲ့အတူ သွေးထွက်တာ၊ ဝမ်းမလုံတာမျိုးတွေပါပါလာတာ
  • စအိုပတ်လည်မှာ နီပြီး ရောင်ရမ်းနေတာတွေရှိရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုအပ်နေပါပြီ။

စအိုပတ်လည်မှာ ယားယံတာ ကို သက်သာစေမယ့် နည်းလမ်းလေးတွေကတော့

အခြေအနေသိပ်မဆိုးရင် အိမ်မှာပဲ စအိုဝယားယံတာကို သက်သာအောင် လုပ်လို့ရပါတယ်။

  • ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးထည့်ထားပြီး ပူစပ်တဲ့ အစားအစာတွေ ရှောင်ပါ။
  • ဝမ်းမှန်အောင် ဂရုစိုက်ပါ။ အသီးအရွက် များများစားပါ။
  • ပြင်းအားများ၊ အနံ့ပြင်းတဲ့ ဆပ်ပြာတွေ၊ အမွှေးနံတွေကို စအိုတစ်ဝိုက်မှာ မသုံးပါနဲ့။
  • ယားယံတဲ့အခါ လက်သည်းရှည်တွေနဲ့ မကုတ်မိအောင် လက်သည်းညှပ်ထားပါ။ အပြင်းအထန်လည်း မကုတ်ပါနဲ့။
  • အတွင်းခံတွေ အဝတ်အစားတွေကိုလည်း ချည်သားတွေပဲ ရွေးချယ်ပါ။ Acrylic တို့ နိုင်လွန်တို့ပါတာတွေကို ရှောင်ပါ။

တကယ်လို့ မသက်သာဘူး။ အထက်မှာ ပြောခဲ့တဲ့ ရောဂါတစ်ခုခု ရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြဖို့ လိုပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ကုသပါက စအိုယားယံတာပါ သက်သာမှာ မို့လို့ပါ။ ဒါ့ပြင် စအိုယားယံလို့ ခဏခဏ ကုတ်၊ လက်မှာ ပိုးတွေ ပါသွားပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်တာကြောင့် မကြာခဏလက်ဆေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellhealth.com/pruritus-ani-83201

Accessed Date 15.8.2019

https://www.medicalnewstoday.com/articles/168728.php

Accessed Date 15.8.2019

 

Accessed Date 15.8.2019

ယခုပုံစံ

04/05/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ

Anal Fistula ( ဂရင်ဂျီနာ)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ