backup og meta

ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား....

ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား…. တီထွင်မှုအားကောင်းအောင်၊ စိတ်ငြိမ်အောင်ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဆေးလိပ်ကို သ​ဘောတကျနဲ့ သောက်မိနေတုန်းပဲလား…. တကယ်ရော‌ ဆေးလိပ်သောက်တာက စိတ်ငြိမ်စေရဲ့လား။

ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား....

ဆေးလိပ်က စွဲလမ်းစေတတ်ပါတယ်

ဆေးလိပ်မှာ နီကိုတင်းလို စွဲလမ်းစေတဲ့ ဓာတ်တွေ ပါတာကြောင့် သောက်ပြီးတိုင်း သောက်ချင်မိနေနိုင်ပါတယ်။ ဒီလိုကနေ တစ်နေ့ကို တစ်လိပ်လောက်ပါ။ စိတ်ငြိမ်အောင် ပါဆိုပြီး သောက်ရင်းက နောက်ဆုံး တစ်နေ့ကို တစ်လိပ် ကနေ တစ်ဗူးလောက်အထိ တိုးသောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား….

ဆေးလိပ်သောက်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက အောက်ပါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ခြေကို များစေပါတယ်။

ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးစေနိုင်တယ်

လူတော်တော်များများ လက်ခံထားတာက ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်လို့လေ။ တကယ်ကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်တာပါ။ လူတွေက စိတ်ညစ်လာတဲ့အခါ၊ စိတ်ဖိစီးလာတဲ့အခါ ဖြေစရာအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို လုပ်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ အဆင်မပြေတာတော့ အမှန်ပါပဲ။

ဆေးလိပ်သောက်ခြင်းက စိုးရိမ်စိတ် ပိုများစေတယ်

စိတ်ပြေလက်ပျောက်ဆိုပြီး ဆေးလိပ်သောက်လိုက်တိုင်း စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေက ပိုလို့တိုးလာပါတယ်။ နီကိုတင်းက ခဏတာတော့ စိတ်ပြေလျော့သွားသလို ခံစားရစေပေမယ့် ရေရှည်မှာတော့ စိုးရိမ်စိတ်ကို ပိုများလာစေတာပါ။

ဆေးလိပ်သောက်ခြင်းက စိတ်ဓာတ်ကျစေနိုင်တယ်

ဆေးလိပ် သောက်သူတွေမှာ ပုံမှန်ထက် စိတ်ဓာတ်ကျနိုင်ခြေက ၂ ဆလောက်ပိုများနေတတ်ပါတယ်။ စိတ်ဓာတ်ကျလေ ဆေးလိပ်ပိုသောက်မိလေ စိတ်ဓာတ်က ပိုကျလေနဲ့ သံသရာကိုလည်နေရောပဲ။ အကြောင်းကတော့ ဆေးလိပ် မှာပါတဲ့ နီကိုတင်းက ဦးနှောက်တွင်းက dopamine ဟော်မုန်းထွက်ရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။

ဒီလိုဟန့်တားလိုက်မှုကြောင့် အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်ကူးတွေ ပျောက်ဆုံးသွားရပါတော့တယ်။ ခဏတဖြုတ်ဆိုကိစ္စမရှိပေမယ့် ကြာလာတဲ့အခါ ဦးနှောက်ရဲ့ dopamine ဟော်မုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် သေချာတာကတော့ စိတ်ဓာတ်က အလွယ်တကူကို ကျလာမယ်ဆိုတာပါ။

ဆေးလိပ်သောက်လို့များ စိတ်ကျန်းမာရေး ပိုကောင်းသွားလား…….

ဆေးလိပ် သောက်တဲ့သူတွေ အနေနဲ့ ဆေးလိပ် သောက်လိုက်ရင် စိတ်ကျန်းမာရေး ပိုကောင်းလာတယ်လို့များ ကိုယ့်ကိုယ်ကိုယ် တွေးမိလား။ တကယ်တော့ ပြဿနာက ဆေးလိပ် သောက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ထင်တဲ့ အတွေးကနေ စတာပါ။ နီကိုတင်းကြောင့် တစ်ခဏတာလောက် စိတ်တည်ငြိမ်မှုကို စိတ်ကျန်းမာရေး ကောင်းစေတယ်ဆိုတဲ့ အတွေးကြောင့် ဆေးလိပ်ကို သဘောကျ နှစ်ခြိုက်စွာ ဆက်သောက်မိနေကြတာပါ။ ဆေးလိပ် သောက်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာကိုလည်း ရင်ဆိုင်ရစေနိုင် ပါသေးတယ်။

ဆေးလိပ်ကို ဖြတ်သင့်တယ်မထင်ဘူးလား…………

ဆေးလိပ်သောက်တာ ငွေကုန်ကြေးကျများသလို ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေသာမက ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Does smoking cause depression? https://www.medicalnewstoday.com/articles/327449.php#1 Accessed Date 10 January 2020

Smoking and mental health https://www.mentalhealth.org.uk/a-to-z/s/smoking-and-mental-health Accessed Date 10 January 2020

ယခုပုံစံ

29/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/05/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ