ချွေးထွက်များခြင်းဟာ ဘယ်လိုကျန်းမာရေးပြဿနာ ကြောင့်ဖြစ်နိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 min read
Share now

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန်ဖြစ်ပျက်မှုတစ်ခုပါ။ ဒါပေမယ့် ချွေးထွက် အလွန်များပြီဆိုရတော့ တစ်မျိုးဖြစ်လာပြီပေါ့။ ဒါဟာကျန်းမာရေး အခြေအနေတစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

ချွေးထွက်များခြင်းအကြောင်း သိကောင်းစရာ

ချွေးထွက်များတယ်ဆိုတာ လိုတာထက်ချွေးပိုထွက်ခြင်းဖြစ်တယ်။ ချွေးထွက်ခြင်းဟာ ခန္ဓါကိုယ်ကိုအေးစေခြင်းဖြင့် အပူလွန်ခြင်းမှကာကွယ်ပေးတာဖြစ်တယ်။ ဒါကြောင့် ခန္ဓါကိုယ်ကအေးနေချိန် သာမန်လူထက်ပိုပြီးချွေးထွက်နေရင် ပြဿနာဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက်နဲ့ ခေါင်းတွေလို တစ်နေရာမက ချွေးထွက်များလေ့ရှိတယ်။ တခြားတစ်ကိုယ်လုံးခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲချွေးများနဲ့ ရွှဲရွှဲစိုနေနိုင်ပါတယ်။
နေ့စဉ်လှုပ်ရှားမှုတွေကတောင် ထိုကဲ့သို့ချွေးထွက်များခြင်းကိုဖြစ်စေနိုင်တယ်။ လက်တွေမှာချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန်ပင် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ခက်လာတာမျိုးဖြစ်နိုင်တယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကိုစိုစေပြီး ရှက်စရာချွေးကွက်တွေလည်း ပေါ်လာစေတယ်။ အရေပြားစိုစွတ်နေမှုကြောင့် အရေပြားကိုအလွယ်တကူလည်း ရောဂါဝင်နိုင်ချေရှိပါတယ်။

ဘာကြောင့်ချွေးထွက်အလွန်များရသလဲ

နှစ်မျိုးရှိပါတယ်။
Primary Hyperhidrosis (အကြောင်းမဲ့ ချွေးထွက်များခြင်း)
ပထမတစ်မျိုးဟာ အကြောင်းအရင်းတိတိကျကျမရှိဘဲ ချွေးထွက်များတာမျိုးဖြစ်တယ်။ ဘယ်လိုဖြစ်လာသလဲ မသေချာပေမယ့် နိုးကြားစေတဲ့အာရုံကြောအဖွဲ့အစည်းနဲ့ဆိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေနိုင်တယ်။
Secondary Hyperhidrosis (အကြောင်းရှိ ချွေးထွက်များခြင်း)
ဒုတိယတစ်မျိုးကတော့ အကြောင်းအရင်းရှာလို့ရတဲ့ ချွေးထွက်များခြင်းမျိုးဖြစ်တယ်။ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်
• သွေးဆုံးခြင်း
• စိတ်လှုပ်ရှားခြင်း
• သွေးတွင်းသကြားဓါတ်ကျခြင်း၊ သိုင်းရွိုက်အလုပ်လုပ်များခြင်း၊ အဝလွန်ခြင်း
• ဆေးတချို့မှီဝဲနေရခြင်း- propranolol၊ pilocarpine၊ antidepressants၊ bethanechol
• အရက်သောက်ထားခြင်း၊ သို့မဟုတ် ဆေးသုံးများခြင်း၊ အရက် ဆေးဖြတ်ခြင်း
• HIV ၊ပါကင်ဆန်ရောဂါ၊ တီဘီ ကဲ့သို့ရောဂါများ
• ဟော့ကင်းပြန်ရည်ကြော သွေးကင်ဆာ ကဲ့သို့သော သွေးဆဲလ် သို့မဟုတ် ရိုးတွင်းချဉ်ဆီရောဂါများ
ဒုတိယတစ်မျိုးက ပထမတစ်မျိုးထက် ပိုရုတ်တရက်ဖြစ်တတ်ပြီး တစ်ကိုယ်လုံးမှာဖြစ်တတ်ပါတယ်။
တကယ်လို့ချွေးထွက်များခြင်းခံစားရတယ်ဆိုရင် ပိုကောင်းတဲ့အဖြေအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လူတွေ ဘာကြောင့် ဆေးစွဲကြတာလဲ။

လူတွေ မူးယစ်ဆေးစွဲတာ ဒါမှမဟုတ် ဆေးဝါးတစ်ခုခုကို အလွန်အကျွံ သုံးစွဲကြတာမျိုး မြင်ဖူးကြမှာပေါ့။ ဒီအခြအနေကို ဆေးစွဲတယ်လို့ သတ်မှတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ မြင်သာတဲ့ လက္ခဏာ အနေနဲ့ အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားအပေးနေဆုံးကိစ္စက ဘာလဲ

စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အိန္ဒိယမှာဖြစ်ပွားနေတဲ့ အမည်မဖော်နိုင်သေးတဲ့ ကျန်းမာရေးပြဿနာ

အိန္ဒိယမှာဖြစ်ပွားနေတဲ့ အမည်မဖော်နိုင်သေးတဲ့ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 18, 2020 . 1 min read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 3 mins read

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read