brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန် ဖြစ်ပျက်မှု တစ်ခုပါ။ ဒါပေမယ့် ချွေးထွက် များပြီ ဆိုရင်တော့ တစ်မျိုး ဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေ တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်များခြင်း ဟာ ဘယ်လို ကျန်းမာရေး ပြဿနာကြောင့် ဖြစ်နိုင်သလဲ ဆိုတာကို လေ့လာလိုက်ရအောင်လား။

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်များခြင်း အကြောင်း သိကောင်းစရာ

ချွေးထွက် များတယ် ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့် အပူလွန်ခြင်းမှ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက် ပိုပြီး ချွေးထွက်နေရင် ပြဿနာ ဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့ လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက် နဲ့ ခေါင်းတွေလို တစ်နေရာ မက ချွေးထွက်များလေ့ ရှိတယ်။ ဒါမှမဟုတ် တခြား တစ်ကိုယ်လုံး ခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲ ချွေးများနဲ့ ရွှဲရွှဲစိုနေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလို လူတွေမှာ နေ့စဉ် သာမန် လှုပ်ရှားမှုတွေကတောင် ချွေးထွက် များခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်တွေမှာ ချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ ခက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကို စိုစေပြီး ရှက်စရာ ချွေးကွက်တွေလည်း ပေါ်လာစေပါတယ်။ အရေပြား စိုစွတ်နေမှုကြောင့် အရေပြားကို အလွယ်တကူလည်း ရောဂါဝင်နိုင်ခြေရှိပါတယ်။

ချွေးထွက်များခြင်းဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက် များခြင်း ဖြစ်ရတဲ့ အကြောင်းရင်း နှစ်မျိုး ရှိပါတယ်။

Primary Hyperhidrosis (အကြောင်းမဲ့ ချွေးထွက်များခြင်း)

ပထမ တစ်မျိုးဟာ အကြောင်းအရင်း တိတိကျကျ မရှိဘဲ ချွေးထွက်များတာမျိုး ဖြစ်ပါတယ်။ ဘယ်လို ဖြစ်လာသလဲ မသေချာပေမယ့် အာရုံကြော ပြဿနာကြောင့်လို့ ယူဆကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေနိုင်တယ်။

Secondary Hyperhidrosis (အကြောင်းရင်း တစ်ခုခုကြောင့် ချွေးထွက်များခြင်း)

ဒုတိယ တစ်မျိုး ကတော့ အကြောင်းအရင်း ရှာလို့ရတဲ့ ချွေးထွက် များခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။

ဒုတိယ တစ်မျိုးက ပထမ တစ်မျိုးထက် ပိုရုတ်တရက် ဖြစ်တတ်ပြီး တစ်ကိုယ်လုံးမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ချွေးထွက် များခြင်း ခံစားရတယ်ဆိုရင် ပိုမို သိရှိနိုင်စေဖို့ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေး ကြည့်သင့်ပါတယ်။

ရေးသားသူ- Dr Aye Myat Myat Noe

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/04/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။