တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးနည်းလမ်းတွေက အထိရောက်ဆုံးနည်းလမ်းတွေဖြစ်နေတတ်ပါတယ်။ လူလူချင်းကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ လက်ဆေးတာလည်း တစ်ချက်အပါအဝင်ပါပဲ။ ဒါ့ကြောင့် ဘယ်အချိန်မှာလက်ဆေးရမယ်၊ လက်ကိုသေချာစင်ကြယ်အောင်ဘယ်လိုဆေးရမယ်ဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။