backup og meta

Corona နဲ့ မေးခွန်းများစွာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Corona နဲ့ မေးခွန်းများစွာ

    လက်ရှိမှာဖြစ်ပွားနေတဲ့ novel အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီကပ်ရောဂါကို ရပ်တန့်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာမတွေ့သေးခင်မှာတင် ရောဂါက မြန်မြန်ဆန်ဆန် ကူးစက်နေပြီး ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေကလည်း တော်တော်လေးများလာနေပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ နိုင်ငံပြင်ပ ထိကူးစက်ပျံ့နှံ့ရင်း အာရှနိုင်ငံတွေမှာရော ဥရောပနိုင်ငံတွေမှာပါ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို COVID_19 ကို ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ ကြေညာချက်ထုတ်ပြန်စေခဲ့တဲ့ အနေအထားကိုရောက် ရှိစေခဲ့တာပါ။

    အခုလက်ရှိအနေအထားမှာ အဆိုပါ novel coronavirus ကို ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ coronavirus 2 (SARS-CoV-2) လို့ခေါ်ဆိုနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဒီရောဂါပိုး ကူးစက်ခံထားရသူ ၂၀၉၈၃၉ ခန့်ရှိပြီး သေဆုံးသူ ၈၇၇၈ ဦး ထက်မနည်းရှိလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ ၇၀၈၇ ဦးရှိပြီး သေဆုံးသူ အယောက် ၁၀၀ ရှိပါတယ်။

    ဒီလောက် ကူးစက်မှုတွေများနေတယ်။ သေဆုံးမှုတွေရှိ နေတယ်ဆိုပေမယ့် ဒီဗိုင်းရပ်စ်အကြောင်းကို သေသေချာချာ မသိရသေးသလို လူတွေအပေါ်မှာ ဘယ်လိုများ သက်ရောက်မှုတွေရှိနေလဲဆိုတာကိုလည်း မသိရသေးပါဘူး။

    အခုချိန်ထိ သတ်မှတ်ထားတဲ့ အကောင်းဆုံးသော ကာကွယ်မှုနည်းလမ်းက လေလောဆယ်မှာ ရောဂါဖြစ်ပွားနေတဲ့ နေရာတွေကို သွားရောက်တာမျိုး မလုပ်ဖို့နဲ့ လူစုလူဝေးကိုရှောင်ပြီးနေထိုင်ဖို့ပါ။

    လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်က ဘာလဲ…………

    လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ coronavirus 2 (SARS-CoV-2) ပါ။ COVID-19 လို့လည်း ခေါ်ကြပါတယ်။

    နို့တိုက် သတ္တဝါတွေရဲ့ အသက်ရှူစနစ်ကို ထိခိုက်စေနိုင်ပြီး alpha၊ beta၊ delta နဲ့ gamma ဆိုပြီး မျိုးစိတ် ၄ ခုရှိပါတယ်။ ဒီရောဂါပိုးတွေက တိရစ္ဆာန်တွေမှာဖြစ်နိုင်ပေမယ့် လူဆီကို ကူးစက်နိုင်တာကတော့ alpha နဲ့ beta နှစ်မျိုးတည်းပါ။

    ဘယ်ကနေ စဖြစ်တာလဲ………..

    အခုချိန်ထိ လက်ခံထားတာက လူကနေ ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန်ရဲ့အသားကို စားမိရာကနေ စတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး လင်းနို့ကနေ စတင်ခဲ့တာလို့ ယူဆထားပါတယ်။

    အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ ရေထွက်ကုန်ရောင်းချတဲ့ ဈေးကနေ စတင်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက ဇန်နဝါရီ ၁ ရက်နေ့က ဈေးကို ပိတ်ခဲ့ပါတယ်။

    ဘယ်လို ကူးစက်ပျံ့နှံ့တာလဲ………….

    စတင်ကူးစက်စဉ်က တိရစ္ဆာန်ဆီကနေ လူကို ကူးစက်တယ်ဆိုပေမယ့် အခုနောက်ပိုင်းတော့ လူအချင်းချင်း ကူးစက်လာတာကို တွေ့ရပါတယ်။ ကူးစက်မှု နဲ့ပတ်သက်တဲ့ အချို့မေးခွန်းတွေအတွက် အဖြေထုတ်ပေးဖို့က ခက်ခဲနေဆဲပါ။

    အခုချိန်ထိ လူအချင်းချင်း ဘယ်လောက်အကွာအဝေးအတွင်းမှာဆိုရင် ကူးစက်နိုင်လဲဆိုတာကို အတည်ပြု စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရောဂါရှိသူ ချောင်းဆိုး၊နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ တံထွေးနဲ့ ချွဲအစအနတွေကနေ ကူးစက်တာဖြစ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဘယ်လောက်ကြာမှာ လက္ခဏာပြတတ်လဲ………..

    ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

    ဘယ်လို လက္ခဏာတွေရှိလဲ………….

    အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ COVID-19 ဟာလည်း အသက်ရှူလမ်းကြောင်းကို ထိခိုက်တာတွေ ရှိနိုင်ပါတယ်။

    အဖျားရှိမယ်၊ ချောင်းခြောက်ဆိုးမယ်၊အသက်ရှူရခက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာက သိပ်မပြင်းထန်ရင် တုပ်ကွေး အပျော့စားလိုဖြစ်နေနိုင်ပြီး အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်ရှူလို့ မရအောင်ထိဖြစ်ပြီး အသက်ဆုံးရှုံးတာမျိုးဖြစ်နိုင်ပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုပ်ခဲ့တဲ့ WHO ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နှာစေးတာက COVID-19 ရဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။

    ဘယ်လောက်ထိ သက်ရောက်မှုပြင်းထန်လဲ………….

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့က COVID-19 ကို တစ်ကမ္ဘာလုံးက သတိထားရမယ့် ကမ္ဘာ့ကပ် ရောဂါအဖြစ် အသိပေးထုတ်ပြန်လိုက်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ……….

    တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်မယ်။ ရေနဲ့ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာသေချာလက်ဆေးမယ်။ ချောင်းဆိုး၊နှာချေတိုင်း နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှူးစနဲ့ အုပ်လို့ တစ်သျှူးကို အမှိုက်ပုံးထဲ သေချာစွန့်ပစ်မယ်။ အာဟာရပြည့်ဝအောင်စားမယ်။ အိပ်ရေးဝဝအိပ်မယ်။

    လူစုလူဝေးရှောင်မယ်။ တစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာမှာနေမယ်ဆိုရင် ရောဂါကူးစက်ခံရမှုကို လျှော့ချနိုင်မှာပါ။

    ကဲ…ကိုယ်တိုင်ကိုရော မိသားစုဝင်တွေ နဲ့ ချစ်ရသူတွေကိုပါ COVID_19 အန္တရာယ်ကနေ ကာကွယ်နိုင်ကြ ပါစေကြောင်း…………

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement