brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

တစ်နေ့တာလုံး ခန္ဓာကိုယ်က ချွေးနံ့ ကင်းတာကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေတဲ့ အချက် တစ်ခု ပါပဲနော်။ ကိုယ့်ကိုယ်က အနံ့ဆိုးတွေ ထွက်နေလို့ စိတ်ညစ်ပြီး အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တဲ့ အခိုက်အတန့်မျိုးများ ကြုံဖူးလား။ ခန္ဓာကိုယ်က မွှေးမနေရင်တောင် အနံ့ဆိုး ထွက်မနေမှ အဆင်ပြေတာပါနော်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ရှိနေမယ် ဆိုရင် ကိုယ်တိုင်အတွက် အဆင်မပြေနိုင်သလို အခြားသူတွေ အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမလဲ လို့များ သိချင်နေပြီလား။ ကဲ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဆိုရင်

  • ရေပုံမှန်ချိုးပါ
  • ရေချိုး ပျင်းတယ် ဆိုရင်တောင် တစ်နေ့ကို တစ်ခေါက်လောက်တော့ ရေချိုးဖို့ ပြောပါရစေ။ ဒါမှ ခန္ဓာကိုယ်ပေါ်က ချွေးတွေနဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းနိုင်မှာပါ။ ချွေးက သူ့အတိုင်းဆို အနံ့ မရှိပေမယ့် အရေပြားပေါ်က ဘက်တီးရီးယားတွေ နဲ့ ပေါင်းမိသွားတဲ့အခါ အနံ့ဆိုးတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်တော့ ရေပုံမှန် ချိုးပေးပါ။

    • Antibacterial ဆပ်ပြာသုံးပါ

    ရေချိုးတဲ့အခါ ခန္ဓာကိုယ်ပေါ်က မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ဖို့အတွက် Antibacterial ဆပ်ပြာကို သုံးပြီး ရေချိုးပေးပါ။

    • ရေသေချာသုတ်ပါ

    ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ပေါ်က ရေတွေကို တဘက် အသုံးပြုပြီး သေချာ ခြောက်အောင် သုတ်ပါ။ ချွေးထွက်နိုင်တဲ့ နေရာတွေကို သေချာလေး ဂရုစိုက်လို့ ရေမကျန်နေအောင် သုတ်ပေးဖို့ မမေ့ပါနဲ့။

    အဝတ်တွေကို လျှော်တဲ့အခါမှာ ဖြစ်ဖြစ်၊ သိမ်းဆည်းတဲ့အခါမှာ ဖြစ်ဖြစ် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ဂရုစိုက်ပါ။ ပြောင်စင်အောင် လျှော်ဖို့လည်း သတိရပါ။ ဒါမှ ခန္ဓာကိုယ်မှာ အနံ့ဆိုး ကင်းမှာပါ။ အဝတ်အစား သန့်ရှင်းမှု အားနည်းတဲ့အခါမှာလည်း ခန္ဓာကိုယ်က အနံ့ဆိုး ထွက်တတ်ပါတယ်နော်။ ချွေးအရမ်း ထွက်တဲ့အခါ အင်္ကျီလဲပေးပါ။

    • ဒါတွေလျှော့စားပါ

    ကိုယ်နံ့ကို ပြင်းစေနိုင်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ကြက်သွန်နီ၊ ငရုတ်သီး၊ အစပ်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ ဆေးလိပ်နဲ့ အရက်ကိုလည်း ရှောင်ပေးပါ။ ကဖင်းကိုလည်း လျှော့ပါနော်။

    • ချိုင်းမွေးရိတ်ပါ

    ချိုင်းမွေးတွေ ရှိနေတာကလည်း ခန္ဓာကိုယ် အနံ့ကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ် တစ်ကြိမ်လောက်တော့ ချိုင်းမွေးတွေကို ရိတ်ပစ်ပေးပါ။ ချိုင်းချွေး ထွက်နည်းစေပြီး အနံ့ဆိုး ကင်းစေမှာပါ။

    နိုင်လွန် ပါနေတဲ့ အထည်တွေနဲ့ အဝတ်အစား ကျပ်ကျပ်တွေ ဝတ်ဆင်မှုကလည်း ချွေးထွက် များစေပြီး ကိုယ်နံ့ ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး အနံ့အသက် ကင်းကင်းနဲ့ လန်းဆန်းတက်ကြွနေချင်တယ် ဆိုရင်တော့ ချည်သား ပွပွချောင်ချောင်လေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။

    ဒီနည်းလေးတွေက တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျကျလှချင်တဲ့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အထောက်အပံ့ ဖြစ်စေနိုင်မယ် ထင်ပါတယ်နော်။ နေ့ရက်တိုင်းကို အနံအသက် ကင်းကင်းနဲ့ ဖြတ်သန်းလိုက်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။