backup og meta

မျှဝေပါ။

ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ့ ကြွက်သား တစ်ခု ရှိပါတယ်။ Diaphragm လို့ ခေါ်ပါတယ်။ မြန်မာလို တိုက်ရိုက် ဆိုရင်တော့ ရင်ဝမ်းခြား ကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့ လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီ ကြွက်သားက ထိန်းချုပ်လို့ မဟုတ်ဘဲ သူ့ အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက် ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုး တယ်ဆိုတာ ဖြစ်လာပါတယ်။ ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ဒါတွေက ကြို့ထိုး စေနိုင်ပါတယ်။

  • အစား အများကြီး စားတဲ့အခါ၊
  • ပီကေ ဝါးတာ သကြားလုံး စုပ်တာ၊
  • အရက်ဘီယာ သောက်တဲ့အခါ၊
  • အမြှုပ်ထပြီး စူးရှတဲ့ အချိုရည်တွေ သောက်တဲ့အခါနဲ့
  • စိတ်လှုပ်ရှားတဲ့ အခါတွေမှာ အဖြစ်များတယ်။

ဒါပေမယ့် ရောဂါ ရင်းမြစ် တစ်ခုခု ရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီ ကြာနိုင်ပါတယ်။

နှစ်ရက်ထက် ကြာတဲ့ ကြို့ထိုးတာ ဖြစ်နေပြီ ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှု တစ်ခုခု ဖြစ်နေလို့ပါ။

ဖြစ်နိုင်တာတွေ အများကြီး ထဲက

ကြို့ထိုးတာက ခံရခက်တာ ကတော့ လူတိုင်း သိပြီးသားပါ။ ကာလကြာရှည် ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာ ရှိတဲ့ အနာတွေ မကျက်တာမျိုး ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ကြို့ထိုး တာက ကုသစရာ မလိုဘဲ သူ့အလိုအလျောက် ကောင်းသွားတာပါပဲ။ ကိုယ်တိုင် ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန် ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာ မဟုတ်ဘူး။ သာမန်ထက် ကြာနေရင်တော့ ရောဂါ တစ်ခုခု ဆိုတာ သိနိုင်ပါလိမ့်မယ်။

ကြို့ထိုးတာကို ပျောက်ကင်း စေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘယ်နည်းက အလုပ် အဖြစ်ဆုံးလဲ ဆိုတာတော့ သေချာ အတည်ပြုမှုတွေမရှိ ထားဘူး။

  • ရေသောက်ပါ။
  • စက္ကူအိတ် တစ်အိတ်ထဲကို အသက် ရှူသွင်း ရှူထုတ် လုပ်ပါ။
  • ရေခဲရေ နဲ့ ပလုပ်ကျင်းပါ။
  • အသက်ရှူ အောင့်ပါ။
  • သံပရာသီး ကိုက်ပါ။

မကြာခဏ ကြို့ထိုး တတ်တယ် ဆိုရင်တော့

  • အရက် နဲ့ အမြှုပ်ထပြီး စူးရှတဲ့ အချိုရည်တွေကို ရှောင်ပါ။
  • လေထ စေတဲ့ အစားအသောက်တွေ ရှောင်ပါ။
  • အစားကို အများကြီး တခါတည်း မစားဘဲ နည်းနည်းစီ ခွဲစားပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/hiccups/symptoms-causes/syc-20352613

https://www.emedicinehealth.com/hiccups/article_em.htm

ယခုပုံစံ

11/05/2023

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement