အထူးသဖြင့် ကုသမှုခံယူပြီး ပထမ ၂၄ နာရီအတွင်းမှာ သတိထားရပါတယ်။ ပထမရက်မှာ ဆရာဝန် ခွင့်ပြုချက်မရှိရင် ရေမချိုးသင့်ပါဘူး။ ရေပတ်တိုက်ချင် တိုက်ပါ။ ဒုတိယရက် ဆိုရင်တော့ ရေချိုးပြီးရင် အနာတဝိုက်ကို တဘက်နဲ့ ညင်သာစွာ တို့သုတ်ပါ။
- ချုပ်ရိုးဖြေတာကို ဆရာဝန်ကသာ လုပ်ပေးလို့ရပါတယ်။
ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်သင့်ပါဘူး။ အများစု ချုပ်ရိုးတွေဆို ၃ ရက်ကနေ ၃ ပတ်လောက်ကြာမှ ဖြေရတာမျိုးပါ။ အနာကျက်တဲ့ အနေအထားကို ကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။
- ဒဏ်ရာရှိတဲ့အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းအောင်ထားပါ။
ချုပ်ရိုး ဒဏ်ရာတဝိုက် လှုပ်ရှားမှုနည်းမှ အနာကျက်မြန်စေမှာပါ။ ချုပ်ရိုးကို ပြန်ကွဲစေလောက်တဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်ပါနဲ့။ ခွဲစိတ်ကုသမှု နောက်ပိုင်း တစ်လအတွင်း အလေးအပင်မတာ၊ အားစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာတွေ ရှောင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။