ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 1, 2020 . 1 min read
Share now

ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားကအသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုးတယ်ဆိုတာ ဖြစ်လာပါတယ်။

ဒါတွေက ကြို့ထိုးစေနိုင်ပါတယ်။

  • အစားအများကြီးစားတဲ့အခါ၊
  • ပီကေဝါးတာ သကြားလုံးစုပ်တာ၊
  • အရက်ဘီယာသောက်တဲ့အခါ၊
  • အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့
  • စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။

ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ်။

နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက နားစည်ကိုဆွနေသလိုဖြစ်နေတာ၊ လည်ပင်းမှာ အကျိတ်ြဖစ်တာ၊ အစာရေမျိုပြွန်မလုံတာ၊ လည်ချောင်းနာတာတွေတွေ။ ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ ဦးနှောက်ရောင်တာေတွကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆေးတွေနဲ့ အရက်ကိုနှစ်ရှည်လများသောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ်။

ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

ဘယ်လိုပျောက်အောင်လုပ်မလဲ။

ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။

ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။

  • ရေသောက်ပါ။
  • အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။
  • ရေခဲရေနဲ့ပလုပ်ကျင်းပါ။
  • အသက်ရှူအောင့်ပါ။
  • သံပရာသီးကိုက်ပါ။

မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့

  • အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ။ လေထစေတဲ့ အစားအသောက်တွေရှောင်ပါ။
  • အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read