အဓိပ္ပါယ်ဖွင့်ဆိုချက်
Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကဘာလဲ။
ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းဆိုတာ အက်စစ် ဒါမှမဟုတ် ဘေ့စ်တို့က အရေပြားစားသွားခြင်းကို ခေါ်တာပါ။ ဘေ့စ်တွေကို အယ်ကာလိုင်းဟု ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ကော့စတစ်ဘန်းလို့လည်း သိနိုင်ပါတယ်။ ထိုအရာတွေက သင့်အရေပြားပေါ် ဒါမှမဟုတ် ကိုယ်ခန္ဓါအတွင်းမှာ ဓါတ်ပြုမှုတွေ ဖြစ်ကြပါတယ်။ ယင်းဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အတွင်းကလီစာတွေကို ထိခိုက်နိုင်ပါတယ်။