ဒီလက္ခဏာတွေကို တခြားရောဂါတွေနဲ့ မှားတတ်ကြလို့ ကလေးမှာ ထူးခြားတဲ့လက္ခဏာတွေ့ရတာနဲ့ ကျွမ်းကျင်ဆရာဝန်ဆီကို အမြန်ဆုံးပြသစစ်ဆေးဖို့ အရေးကြီးပါတယ်။
အန္တရာယ်ရှိတဲ့ တခြားအရာဝတ္ထုတွေ
နာရီဓာတ်ခဲအပြင် မျိုချမိရင် အရေးပေါ်ကုသမှုလိုအပ်နိုင်တဲ့ အန္တရာယ်ရှိတခြားအရာဝတ္ထုတွေ အများကြီးရှိပါသေးတယ် –
သံလိုက်တုံး – သံလိုက်တုံးအသေးလေးတွေကို မျိုချမိရင် ကလေးရဲ့အစာအိမ်အူလမ်းကြောင်း ထဲမှာ ထိခိုက်မှုကြီးမားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကြောင့် ချက်ချင်း အသက်အန္တရာယ်ရှိနိုင်သလို အူထဲမှာ ပိတ်ဆို့နိုင်လို့ အမြန်ဆုံးခွဲစိတ်ဖယ်ရှားပစ်ရပါတယ်။ သံလိုက်နှစ်ခုလုံးမျိုချတာဖြစ်ခဲ့ရင် တစ်ခုနဲ့တစ်ခုဆွဲငင်ပြီး မရွေ့လျားနိုင်တော့တာကြောင့် ပိုပြီးအန္တရာယ်ကြီးပါတယ်။
အကြွေစေ့ – အကြွေစေ့တွေက ခုချိန်မှာ မသုံးကြတော့ပေမယ့် အိမ်မှာပဲ မသိမ်းဆည်းမိတဲ့အဟောင်းတွေ၊ ဒါမှမဟုတ် ကစားစရာအဖြစ် သုံးတာတွေ ဆိုရင် ကလေးကမျိုချနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဘာလုပ်ရမလဲ
တစ်ခုတည်းသော ဖြေရှင်းနည်းက ဆေးရုံ၊ ဆေးခန်းအမြန်ပြေးပြီး အရေးပေါ်ကုသမှုခံယူတာပါပဲ။ မနောက်ကျပါစေနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။