ကလိုရင်းအဆိပ်သင့်တဲ့အခါ ရောဂါလက္ခဏာအစုံကို တစ်ပြိုင်တည်းတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သွားပြလိုက်တဲ့အချိန်မှာ အထူးတလည် စစ်ဆေးစရာမလိုဘဲ အဆိပ်သင့်နေတယ်ဆိုတာ တန်းသိနိုင်ပါတယ်။ အသက်အရမ်းငယ်သေးတဲ့ကလေးတွေ ကလိုရင်းပါဝင်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ကိုင်တွယ်မိပြီးနောက်မှာ မူမမှန်တဲ့ လက္ခဏာမျိုးတွေ တွေ့ရပြီဆိုရင်တော့ အရေးပေါ်ဆေးကုသဆောင်ကို အမြန်ပို့သင့်ပါတယ်။
၁။ ကလိုရင်းကို မြိုချမိတဲ့အခါ အတင်းအော့အန်ဖို့ကို မလုပ်ပါနဲ့။ ဆရာဝန်နဲ့ အရင်ဆုံးပြသပါ။
၂။ အရေပြားပေါ် ကလိုရင်းထိမိပြီး ယားယံလာတဲ့အခါ ဆပ်ပြာ၊ ရေနဲ့ ချက်ချင်းဆေးချပါ။
၃။ မျက်လုံးထဲဝင်သွားတဲ့အခါ ရေဘုံပိုင်က ကျလာတဲ့ရေအောက်မှာ မျက်လုံးကိုဖွင့်ထားပြီး အနည်းဆုံး ၁၅ မိနစ်ခန့်ဆေးပေးရပါမယ်။ (မျက်ကပ်မှန်တွေ တပ်ထားရင် အရင်ချွတ်လိုက်ပါ)
၄။ ကလိုရင်းနဲ့ ထိတွေ့မိတဲ့နေရာမှာ ကပ်နေတဲ့ အဝတ်အစားတွေ အကုန်ချွတ်လိုက်ပါ။
၅။ မတော်တဆ ကလိုရင်းပါတဲ့ရေကို မြိုချမိခဲ့ရင် ရေ သို့မဟုတ် နွားနို့ တစ်ခွက် အမြန်ဆုံးသောက်လိုက်ပါ။
၆။ ကလိုရင်းပါတဲ့ အိမ်သန့်ရှင်းပစ္စည်းကို နှာခေါင်းနဲ့ ရှူရှိုက်မိခဲ့ရင် အရင်ဆုံး ကိုယ့်နှာခေါင်းကို တစ်သျှူးနဲ့ပိတ်ပြီး ညှစ်လိုက်ပါ။ ပြီးမှ အပြင်ဘက်ထွက်ပြီး လေကောင်းလေသန့်ကို အားရပါးရ ရှူသွင်းလိုက်ပါ။
ဆရာဝန်အနေနဲ့ အရင်ဆုံး လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေ၊ ကလိုရင်းဘယ်လောက်ပမာဏ မြိုချ၊ ထိတွေ့၊ ရှူရှိုက်မိလဲ၊ ကလိုရင်းပါတဲ့ ဘယ်ပစ္စည်းကိုလဲ၊ နောက်ဆုံးထိတွေ့ပြီး ကြာမြင့်တဲ့အချိန်ကာလကို အရင်ဆုံးမေးမြန်းပြီးမှ ကုသမှုကို စတင်မှာဖြစ်ပါတယ်။ ပြီးနောက် ကုတင်ပေါ်မှာ လှဲခိုင်းပြီးတော့ နှလုံးခုန်နှုန်း၊ ကိုယ်တွင်းအပူချိန်၊ သွေးပေါင်ချိန်၊ ကိုယ်ခန္ဓါတွင်း အောက်စီဂျင်ပမာဏ၊ အသက်ရှူနှုန်းကို စက်ကိရိယာနဲ့ စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ အသက်ရှူရခက်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အောက်စီဂျင်ပိုက်တပ်ထားပြီး လူနာရဲ့ အခြေအနေကို စောင့်ကြည့်မှာပါ။
လည်ချောင်းမှာ အပူလောင်ခြင်း၊ ယားယံနီရဲနေခြင်း ရှိမရှိ စစ်ဆေးပြီးတဲ့နောက်မှာ ကိုယ်ခန္ဓါပေါ်က ကလိုရင်းနဲ့ထိတွေ့မိတဲ့ အရေပြားကို နာရီအပိုင်းအခြားအလိုက် ဆေးကြောသန့်ရှင်းပေးမှာဖြစ်ပါတယ်။ အရေပြား ပြင်းထန်စွာ ထိခိုက်မိတဲ့အခြေအနေမျိုးမှာဆိုရင်တော့ ခွဲစိတ်မှုအသေးစားဖြင့် အရေပြားကို လှီးထုတ်ဖယ်ရှားပစ်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။