backup og meta

အသားအရေ လှချင်လား ..... ကန်စွန်းရွက် စားပါ

ကန်စွန်းရွက်၊ ကန်စွန်းပလိန်းတွေကို ထမင်းပူပူလေးနဲ့ တွဲစားရတာ အတော်လေး အရသာရှိပါတယ်။ ဒီလို အရသာရှိတဲ့ ကန်စွန်းရွက်လေးက အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကန်စွန်းရွက်လေးက အသားအရေ လှပစေတယ်ဆိုတာကိုတော့ သိသူနည်းဦးမယ် ထင်ပါတယ်။ ဒါကြောင့် အသားအရေ လှချင်တယ်ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်။

ကန်စွန်းရွက် ဆိုတာ

ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။

ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။

ကန်စွန်းရွက်မှာပါတဲ့ အာဟာရဓာတ်တွေ

စားလို့ ကောင်းပြီး ထမင်းမြိန်တဲ့ ကန်စွန်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ပရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် B1
  • ဗီတာမင် B2
  • ဗီတာမင် B3
  • ဗီတာမင် B5
  • ဗီတာမင် B6
  • ဗီတာမင် B9
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • မဂ္ဂနိ့
  • ဖော့စဖရိတ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဇင့် တို့ ပါဝင်နေပါတယ်။

အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ

အသားအရေ လှချင်လား ..... ကန်စွန်းရွက် စားပါ

အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။

အရွယ်တင်စေနိုင်တယ်

ကန်စွန်းရွက်မှာ အခြား အစိမ်းရောင် ဟင်သီးဟင်းရွက်တွေလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်ကဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အရေပြားဆဲလ်တွေကို နေရောင်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အရေးအကြောင်း မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အရေပြားရောဂါတွေ သက်သာစေနိုင်တယ်

ကန်စွန်းရွက်မှာပါတဲ့ အဖူးလေးတွေကို ပွေး၊ သဲဝဲ၊ နှင်းခူ၊ ဆိုရီရေးစစ်နဲ့ ဝက်ခြံလိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကန်စွန်းရွက်၊ ကန်စွန်းဖူးလေးတွေကို ကြိတ်ခြေပြီး အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

အနာကျက်စေနိုင်တယ်

အရေပြားပေါ်မှာ ဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ထိခိုက်ရှနာတာကို သက်သာ​စေဖို့အတွက် ကန်စွန်းရွက် အုံပေးလို့ ရသလို ပိုးကောင်ကိုက်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်က အဖုအပိမ့်တွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

အဆိပ်အတောက် ဖယ်ရှားပေးတယ်

ကန်စွန်းရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသားအရေကို ကြည်လင်လှပစေပြီး အနာအဆာ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်

ကန်စွန်းရွက်ကို စားပေးတာက အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်သလို အမဲစက်တွေနဲ့ ဝက်ခြံချိုင့်ခွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဗီတာမင် A နဲ့ ဗီတာမင် C၊ လူတင်တို့ ပါဝင်နေတာက အရေပြားကို ကျန်းမာစေပြီး glow skin လေးကို ပိုင်ဆိုင်နိုင်စေမှာပါ။

ကဲ …. အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ လို့ ဘာလို့ ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။

အစာလည်းဆေး ဆေးလည်း အစာ

ကန်စွန်းရွက်က စားလို့ ကောင်းသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များပါတယ်။ အရေပြားကိုလည်း ကျန်းမာစေဖို့ အထောက်အကူပြု ပေးနိုင်တာကြောင့် “အစာလည်းဆေး ဆေးလည်းအစာ” ဆိုတဲ့အတိုင်း ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာ နည်းလမ်းကောင်း တစ်ရပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

11 Health Benefits of Water Spinach that will shock you https://healthandhealthier.com/health-benefits-of-water-spinach/ Accessed Date 3 March 2022

5 Benefits Of Water Spinach For Skin, Hair And Health https://www.morphemeremedies.com/5-benefits-of-water-spinach-for-skin-hair-and-health/ Accessed Date 3 March 2022

ယခုပုံစံ

30/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

ကျန်းမာရေးနဲ့ ကန်စွန်းရွက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/01/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement