backup og meta

အသားအရေ ထိန်းသိမ်းမှုရဲ့ အဆင့်တစ်ခု


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေ ထိန်းသိမ်းမှုရဲ့ အဆင့်တစ်ခု

    အသားအရေဆိုတာက ထိန်းသိမ်းနိုင်မှ အရွယ်တင်လှပမှုကို ခံစားရမှာပါ။ Helloဆရာဝန်ပရိသတ်ကြီးရော အသားလေးကို စိုအိအိလေးနဲ့လှချင်တယ်ဟုတ်။ ဒါဆိုဘာလုပ်မလဲ နည်းလမ်းကရှင်းရှင်းလေးပါ။ အစိုဓာတ်ထိန်းမှာပေါ့။ အစိုဓာတ်ထိန်းတယ်ဆိုတာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။

    အစိုဓာတ်ထိန်းပါလို့ ပြောရတဲ့အကြောင်းအရင်း

    ဘာလို့ဒီလိုပြောရတာလဲဆိုတော့ အကြောင်းရှိပါတယ်နော်။ အရေပြားရဲ့ ၆၄ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာစိုပြည်တဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ ရေဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့။

    အသားအရေကခြောက်သွေ့နေမယ်၊ အရေပြားတွေအဖက်လန်နေမယ်၊ ယားယံနေမယ်ဆိုရင် ဘယ်လိုလုပ်လာပြီး ဆွဲဆောင်မှုရှိရှိလှနိုင်ပါတော့မလဲနော်။ ဒီတော့ ဆွဲဆောင်မှုရှိရှိနဲ့လှပဖို့က အသားအရေကို အစိုဓာတ်ထိန်းဖို့ မဖြစ်မနေလိုအပ်လာပြီပေါ့။

    အသားအရေကိုခြောက်သွေ့စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ……………..

    အသားအရေကိုခြောက်သွေ့စေတဲ့အကြောင်းအရာက တော်တော်လေးတော့များပါတယ်။

    အရေပြားခြောက်သွေ့မှုအတွက် ဖြေရှင်းနည်းတစ်ရပ်

    ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ အစိုဓာတ်ထိန်းခရင်မ်လူးတာပါ။ ဒီနေရာမှာ အစိုဓာတ်ထိန်းခရင်မ်ဆိုတိုင်းလူးလိုက်လို့မဖြစ်ပါဘူး။ အသားအရေကို အမှန်တကယ်ထိန်းသိမ်းပေးနိုင်မယ့် ကောင်းမွန်တဲ့အစိုဓာတ်ထိန်းခရင်မ်တစ်ခုဖြစ်လိုပါမယ်။

    အစိုဓာတ်ထိန်းပစ္စည်းအမျိုးမျိုး

    အစိုဓာတ်ထိန်းပစ္စည်းတွေမှာ

    • ခရင်မ်အမျိုးအစား

    • လိုရှင်းအမျိုးအစား

    • အဆီပါတဲ့ လိမ်းဆေးအမျိုးအစားဆိုပြီး ပုံစံအမျိုးမျိုးရှိပါတယ်။

    ကောင်းမွန်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဖြစ်ဖို့ဆိုရင်

    ကောင်းမွန်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဖြစ်ဖို့ဆိုရင် ဒီအချက်လေးတွေနဲ့ကိုက်ညီဖို့တော့လိုမှာပါနော်။

    • အရေပြားဆရာဝန်တွေထံကနေ ထောက်ခံချက်ရရှိရမယ်

    • အမွှေးနံ့ပြင်းတာမျိုးမဖြစ်ဖို့လိုအပ်ပါမယ်

    • အော်ဂင်းနစ် စစ်စစ်ဖြစ်ရပါမယ်

    • သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားရပါမယ်

    • ဆေးဝါးထောက်ခံချက်ရရှိရပါမယ်

    • Hypoallergenic ဖြစ်ရပါမယ်

    ချွေးပေါက်တွေကိုပိတ်ဆို့စေတာမျိုးမရှိဘဲ အကောင်းဆုံးရေဓာတ်ဖြည့်တင်းပေးနိုင်ရပါမယ်။

    လိုအပ်ချက်နောက်တစ်ခုက နေရောင်ဒဏ်ကိုကာကွယ်ပေးနိုင်ဖို့ အနည်းဆုံး SPF 30 ပါဝင်နေဖို့ပါ။ အသားအရောင်မညီတာ၊ ခြောက်သွေ့တာ၊ယားယံတာ နဲ့ အရေပြား အဖတ်လန်တွေကို သက်သာစေရပါမယ်။ အရေပြားခြောက်သွေ့တာက ရာသီမရွေးကြုံတွေ့ရနိုင်တာမို့ ရာသီမရွေးအသုံးပြုနိုင်တာမျိုးဖြစ်ဖို့နဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီအောင် ရွေးချယ်တတ်ဖို့ကလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူးနော်။ ရာသီဥတုဒဏ်ကနေတင်မဟုတ်ဘဲ နေ့စဉ်အိမ်အလုပ်တွေ လုပ်တာကြောင့် ထိတွေ့မိနေတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုနေတဲ့ ဆပ်ပြာတွေ၊ အလှကုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေ ကြောင့် အသားအရေထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့ကလည်း အတော်လေးအရေးပါတယ်ပါနော်။

    ရာသီမရွေး အချိန်တိုင်းမှာ အစိုဓာတ်ပြည့်ဝလို့ ခြောက်သွေ့မှုကင်းစင်တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ အခုကစပြီး အသားအရေကို အကောင်းဆုံးသော အစိုဓာတ်ထိန်းပစ္စည်းတွေနဲ့ အစိုဓာတ်ထိန်းလိုက်ကြစို့လား Helloဆရာဝန် ပရိသတ်ကြီးရေ……………

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement