backup og meta

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီလို့ ပြောလိုက်ရင် ဆံပင် လူးဖို့လား။ ဆံသား ကျန်းမာစေတဲ့ အာနိသင် ရှိတယ်ဟုတ် သိသားပဲလို့ ပြောမလို့လား…….. မဟုတ်ပါဘူး…… ဒါဆို အသားအရေအတွက် ဟုတ်….. လို့ ထပ်တော့ မမေးနဲ့နော်။ ဒါလည်း မမှန်သေးဘူး။

အခုပြောပြမှာက အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှုပါ။ အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့နော်။ သိချင်သွားပြီလား…….. ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်လေ။

 အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှု

အုန်းဆီက ဆံသား နဲ့ အသားအရေ လှပမှုအတွက် သုံးလို့ရသလို ဟင်းချက်ဆီနေရာမှာ အုန်းဆီကို သုံးပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့ အရောအနှော လုံးဝမပါတဲ့ သဘာဝအုန်းဆီစစ်စစ်ဖြစ်ဖို့လိုပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

အုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှုများတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

ဆံသား တောက်ပြောင်စေတယ်

အုန်းဆီက ဦးရေပြားမှာ သွေးလည်ပတ်စီးဆင်းမှု ကောင်းစေပြီး ဆံပင်ကို အရင်းကနေ အဖျားထိ အားဖြည့်ပေးပါတယ်။ ဆံပင်ကို တောက်ပြောင်စေပြီး ဆံသား ပျက်စီးမှုကို လျှော့ချပေးပါတယ်။

အသားအရေ ကျန်းမာစေတယ်

အုန်းဆီက အရောင်ကျစေပြီး အရေပြားကို ပြင်ပက ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ယားယံမှုကို သက်သာစေပါတယ်။

သွေးတွင်း သကြားဓာတ် ထိန်းညှိပေးတယ်

ဆီးချိုရှိသူတွေအနေနဲ့ အုန်းဆီက အသင့်တော်ဆုံး ဆီတစ်မျိုးပါ။ အကြောင်းကတော့ အုန်းဆီက အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေလို့ပါပဲ။ လေ့လာမှုတွေအရတော့ အုန်းဆီက သွေးချို ကို အကောင်းဆုံး အနေအထားမှာ ထိန်းညှိပေးထားနိုင်တယ်လို့ သိရပါတယ်။

အခြားဆီတွေမှာ အခုလို အာနိသင် မတွေမပါဘဲ အုန်းဆီကပဲ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို သမားတွေ အထူးသဖြင့် အမျိုးအစား ၂ ဆီးချို သမားတွေနဲ့ အထူးသင့်တော်ပါတယ်။

ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

အုန်းဆီမှာ သွေးတွင်း အကျိုးပြု ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးနိုင်တဲ့ saturated fats ပါဝင်နေပါတယ်။ သွေတွင်းမှာ အကျိုး​ပြုကိုလက်စထရာ မြင့်စေတာက နှလုံးနဲ့ နှလုံး သွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ အန္တရာယ် ကနေလည်း ကာကွယ်ပေးပါတယ်။

အသည်း ကျန်းမာစေတယ်

အုန်းဆီရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ အသည်း ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးတာပါ။ အကျိုးပြု အဆီများတဲ့ အုန်းဆီက အသည်းကို သန့်စင်စေသလို အသည်း အဆီဖုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေဖို့၊ အနာတွေကိုပိုး မဝင်စေဖို့၊ အစာကြေစေဖို့၊ အင်အားပြည့်ဝနေစေဖို့လည်း အုန်းဆီကို စားသုံးပေးလို့ ရပါသေးတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coconut oil consumption and cardiovascular risk factors in humans https://www.ncbi.nlm.nih.gov/pmc/articles/PMC4892314/ Accessed Date 15 September 2020

Daily Consumption of Virgin Coconut Oil Increases High-Density Lipoprotein Cholesterol Levels in Healthy Volunteers: A Randomized Crossover Trial https://www.ncbi.nlm.nih.gov/pmc/articles/PMC5745680/ Accessed Date 15 September 2020

ယခုပုံစံ

17/02/2021

Aye Thi Mon မှ ရေးသားသည်။

Dr. Phyo Wai Lynn မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ



Aye Thi Mon မှ ရေးသားသည်။ · 17/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement