ဖြည်းဖြည်းစားပါ၊၊ ပါးစပ်က စဝါးပြီ ဆိုတာနဲ့ မိနစ် ၂၀နေရင် ဦးနှောက်ကို ဗိုက်ပြည့်ပြီလို့ သတင်းပို့တတ်ပါတယ်၊၊ ဒါကို လူတိုင်းသိကြမှာပါ၊၊ မိနစ် ၂၀အတူတူကို ခပ်မြန်မြန် စားမိမယ်ဆိုရင် ကယ်လိုရီပိုဝင်ပြီး ဝလာနိုင်ပါတယ်၊၊
ဒါနဲ့ ပြောင်းပြန် ထမင်းလုတ်သေးသေးကို အေးဆေးစားမယ်ဆိုရင် မိနစ် ၂၀ကြာတဲ့အခါ ဘာမှသိပ်မစားလိုက်ရပါဘဲနဲ့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရပါလိမ့်မယ်၊၊ ဒီလိုမျိုး ဖြည်းဖြည်းစားဖို့ဆို
-ထမင်းလုတ်ကို သေးသေးစားပါ၊၊
-သေချာ အရသာ ခံစားပါ၊၊
-ကြေညက်အောင် ဝါးပြီးမှ မျိုချပါ၊၊ (ဒီအချက်တွေက Mindful eatingရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်၊၊)
-တချို့ မြန်မြန်စားတတ်တဲ့ သူတွေဆို မသန်တဲ့ လက်နဲ့ စားခိုင်းတာ (ဥပမာ ဘယ်လက်နဲ့ ဇွန်းကိုင်တာ)၊ ထမင်းတစ်လုတ်စားပြီးတိုင်း ဇွန်းကိုချ၊ ပြီးမှ ထပ်စားတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်၊၊
ဇလုံတွေနဲ့ စားမယ့်အစား၊ ပန်းကန်လုံးသေးသေး၊ ပန်းကန်ပြားပြားသေးသေး၊ ဇွန်းသေးသေးကို သုံးပါ၊၊ ပန်းကန်ဆိုဒ်သေးတဲ့အခါကျတော့ နည်းနည်းထည့်ရုံနဲ့ များများစားရတယ်လို့ ထင်ရပါတယ်၊၊ ဒါပေမယ့် အပြည့်အမောက်ထည့်တာကိုတော့ ရှောင်ရပါမယ်၊၊ ဇွန်းသေးသေးနဲ့ စားတဲ့အခါကျတော့ ခဏခဏ ခပ်ရတဲ့အတွက် မိနစ် ၂၀ခဏလေးနဲ့ ပြည့်သွားပါတယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။