brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ငှက်ပျောခွံကို စားလို့ရမလား!

ငှက်ပျောသီးလို့ ပြောလိုက်ရင် အခွံနွှာ စားရမယ် အခွံက စားလို့ မရဘူးလို့ တော်တော်များများက လက်ခံထားကြတယ်နော်။ ဒီလိုဆိုရင် ငှက်ပျောခွံကို စားလို့ရမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ငှက်ပျောခွံကို စားလို့ရမလား!

ငှက်ပျောခွံကို စားလို့ရမလား!

ငှက်ပျောခွံကို စားလို့ ရပါတယ်။ အသင့်အတင့် ပမာဏပေါ့။ ငှက်ပျောခွံကို ကြွပ်ကြွပ်လေး ကြော်ပြီး စားလို့ရသလို smoothie ထဲထည့်ကြိတ်ဖျော်ပေးလို့လည်း ရပါတယ်။ ငှက်ပျောခွံကို အများကြီးစားတာက လေပွပြီး ဗိုက်အောင့်စေနိုင်တာကြောင့် အသင့်အတင့်လောက်ပဲ စားပေးပါ။

ငှက်ပျောခွံမှာ ဘာတွေပါဝင်နေလဲ!

ငှက်ပျောခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ 

  • ကစီဓာတ်
  • သကြားဓာတ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • ပိုတက်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ဗီတာမင် A
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • ဗီတာမင် B6
  • ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။ 

ငှက်ပျောခွံ စားပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ!

ငှက်ပျောခွံကို စားပေးတာက အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။ 

  • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

ငှက်ပျောခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် ငှက်ပျောခွံကို စားပေးလို့ ရပါတယ်။

  • စိတ်ဖိစီးမှု ပြေလျော့စေနိုင်တယ်

ငှက်ပျောခွံမှာ ဗီတာမင် B6 ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာကို ပြေလျော့ပြီး ကောင်းကောင်းအိပ်ပျော်စေဖို့နဲ့ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ ဗီတာမင် B6 ပါတဲ့ ငှက်ပျောခွံကို အသုံးပြုပေးလို့ ရပါတယ်။

  • သွားတွေကို ဖြူစေတယ်

ငှက်ပျောသီးမှည့်ရဲ့ အခွံက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို သွားတွေကို ပွတ်တိုက်ပေးမယ်ဆိုရင်လည်း သွားတွေကို ဖြူစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သွားဖြူချင်တယ်ဆိုရင်တော့ ငှက်ပျောခွံ အတွင်းသားနဲ့ သွားကို ပွတ်တိုက်ပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက် ထားပေးပါ။ ပြီးရင်တော့ သွားကို ပုံမှန်အတိုင်း တိုက်ပေးလိုက်ရုံပါ။

  • ဝက်ခြံနဲ့ နေလောင်တာကို သက်သာစေတယ်

ငှက်ပျောခွံမှာ ဗီတာမင် C ပါဝင်နေတာက အရောင်ကျစေနိုင်သလို အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ဝက်ခြံဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အရေပြားပေါ်က နေလောင်ကွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ သေချာသန့်စင်ထားတဲ့ အသားအရေပေါ်မှာ ငှက်ပျောခွံကို ကပ်ပေးရုံပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း မျက်နှာကို ဆေးကြောသန့်စင်ပေးရုံပါ။

  • ဆံသားကျန်းမာစေတယ်

ငှက်ပျောသီးခွံကို ဆံပင်တွေ နက်မှောင်စေဖို့တဲ့ ဆံပင်ကျွတ်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဒါကြောင့် ဆံသားကျန်းမာလှပစေဖို့ ငှက်ပျောခွံကို အသုံးပြုပေးလို့ ရပါတယ်။

  • သွေးတွင်းအဆီကျစေနိုင်တယ်

ငှက်ပျောသီးရဲ့ အခွံမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါဝင်နေတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့်သွေးတွင်း အဆီကျစေဖို့နဲ့ နှလုံးကျန်းမာစေဖို့လည်း ငှက်ပျောခွံကို အသုံးပြုပေးလို့ ရပါတယ်။

  • မျက်လုံး ကျန်းမာစေနိုင်တယ်

မျက်လုံးတွေ မို့အစ်တာကို သက်သာစေဖို့ မျက်လုံးပေါ်မှာ ငှက်ပျောခွံကို ကပ်ပေးလို့ ရသလို မျက်လုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ ငှက်ပျောခွံက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်တယ်ဆိုရင် ငှက်ပျောခွံကို အသုံးပြုပေးလို့ ရပါတယ်။

အမြဲလိုလို လွှင့်ပစ်နေတဲ့ ငှက်ပျောခွံက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ငှက်ပျောခွံကို စားမယ်ဆိုရင် ရေသေချာဆေးပါ။ အနာအဆာမပါစေဖို့ ဂရုစိုက်ပါ။ အလွန်အကျွံ မစားပါနဲ့။ အရေပြားမှာ အသုံးပြုမယ်ဆိုရင်လည်း အရင်ဆုံး တည့်မတည့် စမ်းကြည့်ဖို့ လိုပါတယ်။ 

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။