စာဖတ်ပရိသတ်ထဲမှာ ခရမ်းရောင်ခရေဇီတွေရှိလား။ ကိုယ်တွေဆိုကောက်ညှင်းတောင် ငချိတ်မှ၊ ကန်စွန်းဥဆို ခရမ်းလေးမှကြိုက်တာ။
ခရမ်းရောင်ရှိတဲ့ အသီးအနှံေတွ၊ ဟင်းသီးဟင်းရွက်တွေဆိုတာanthocyanin လို့ခေါ်တဲ့ အာဟာရဓါတ်တစ်မျိုးပါဝင်ပါတယ်။ တခြားအပင်ထွက် အာဟာရဓါတ်တွေလိုပါပဲ သူတို့ကရောဂါတွေကြောင့် ခန္ဓါကိုယ်က ဆဲလ်တွေကို မထိခိုက်အောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းရောင်လေးတွေက ဘာအာဟာရဓါတ်တွေပါနေသေးလဲ မသိချင်ဘူးလား။
တရုတ်ဆီးသီး
ခရမ်းရောင်ရှိတဲ့ တရုတ်ဆီးသီးတွေ(မက်မန်းသီးအကြီးနဲ့ဆင်တူ)မှာ အရောင်ပိုရင့်လေanthocyanins ပါဝင်မှုပိုများလေဖြစ်ပါတယ်။ မှည့်လေ အာဟာရဓါတ်တွေပိုများလေ လည်းဖြစ်စေပါတယ်။ အခွံမှာလည်း ဆီးသီးအသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွ အဆ ၂၀ ပိုများနိုင်ပါတယ်။
ဘယ်ရီသီး
anthocyanins က ခရမ်းရောင်နဲ့သက်ဆိုင်တယ်ဆိုပေမယ့် အရောင်တွေက အနီကနေ အပြာအထိကွဲပြားနိုင်ပါတယ်။ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ အာနိသင်ဆင်တူပါတယ်။ သူတို့က ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတဲ့အပြင် ဦးနှောက်စွမ်းရည်နဲ့စိတ်ခွန်အားကိုမြှင့်တင်ပေးနိုင်ပါတယ်။
ချယ်ရီသီး
အရောင်ရင့်တဲ့ချယ်ရီသီးတွေရဲ့anthocyanins ကသွေးတိုးကိုကျစေပြီးသွေးကြောတွေကို ကျန်းမာစေပါတယ်။ အဆစ်ရောင်နာ၊နဲ့ဂေါက်ရောဂါတွေကို သက်သာစေပြီး ကင်ဆာ၊နှလုံးနဲ့ဆီးချိုရောဂါတွေကိုကာကွယ်ပေးပါတယ်။
စပျစ်သီး
စပျစ်သီးကresveratrol ပါဝင်မှုကြောင့် ဆဲလ်တွေကိုမထိခိုက်စေအောင် ကာကွယ်ပေးတဲ့အာဟာရအုပ်စုထဲမှာပါဝင်ပါတယ်။ အခွံမှာလည်း ဒီဓါတ်ပါနေတာဖြစ်ပါတယ်။
ဂေါ်ဖီထုပ်ခရမ်းရောင်
ဂေါ်ဖီခရမ်းရောင်မှာ အပင်ထွက်အာဟာရဓါတ်တွေ၊ဗီတာမင် C နဲ့ သတ္တုဓါတ်တွေကြွယ်ဝပါတယ်။ပေါင်းစား၊ကြော်စား၊ ချက်စား၊ မိုက်ခရိုဝေ့ဖ်နဲ့ပဲချက်ချက်၊ အစိမ်းပဲစားစား အာဟာရဓါတ်တွေ မဆုံးရှုံးပါဘူး။
သကြားမုန်လာဥ(Beetroot)
သူ့ရဲ့အရောင်ကတော့betalains ဆိုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့်ဖြစ်လာတာပါ။ ဒါပေမယ့် သူတို့ကို ချက်ပြုတ်လိုက်ရင်anthocyanins ထက် ပိုပြီးပြိုကွဲလွယ်တာကြောင့်ပေါင်းပြီးစားသင့်ပါတယ်။ သကြားမုန်လာက နှလုံး၊ဦးနှောက်အတွက်ကောင်းပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။
နဂါးမောက်သီးအနီ
ဗီတာမင် C ပါဝင်မှုများလို့ ကိုယ်ခံအားစနစ်ကိုကောင်းစေပြီး တခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့လုပ်ဆောင်ချက်ကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဗီတာမင် C အပြင် သတ္တုဓါတ်တွေ နဲ့pytoalbumin ပါဝင်လို့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆိုရင် ခရမ်းရောင်လေးတွေကို ချစ်လိုက်ပါတော့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmr]