backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 03/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ

အပူချိန်မြင့်တက်လာတာနဲ့အတူ နွေအပူချိန်ကို အံတုဖို့အတွက် လူတိုင်းလူတိုင်းက အေးမြမယ့် နည်းလမ်းလေးတွေကို ရှာဖွေကြပါတယ်။ ဒီလို နွေပူပြင်းချိန်မှာ လူတော်တော်များများက အပူကြောင့် ခြေကုန်လက်ပမ်း ကျတာ၊  အပူလျှပ်တာ တွေကို ခံစားကြရပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်မှု ကင်းစေဖို့အတွက် နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထလေးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

နွေရာသီမှာ ပူပြင်းတဲ့နွေရဲ့ အပူချိန်ကို အလူးအလဲ ခံကြရတာက အသက်အရွယ် ရနေကြပြီ ဖြစ်တဲ့ လူကြီး မိဘတွေနဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဆိုတာနဲ့ အပူဒဏ်ပြဿနာကို လူကြီးတွေနဲ့ ကလေးတွေမှာပဲ ခံစားရတာလားဆိုတော့ မဟုတ်ပါဘူး။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာ၊ အပူလျှပ်တာတွေကို အရွယ်တိုင်း ခံစားရနိုင်ပါတယ်။

နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ဘာတွေ ခံစားရနိုင်လဲ!

နွေရဲ့ ပူပြင်းတဲ့ အပူချိန်အောက်မှာ ချွေးထွက်များတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ နှလုံးခုန်မြန်တာ၊ ညီးစီစီ ဖြစ်တာ၊ ဆီးအရောင်ရင့်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အစားမှားတာကြောင့် ဝမ်းပျက်တာအစာအဆိပ်သင့်တာတွေကို ခံစားရနိုင်ပါတယ်။ အပူကြောင့် ကြွက်တက်တာကိုလည်း ခံစားရနိုင်ပါတယ်။

ဒီတော့ နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ က ဘာတွေလဲဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ တူတူဆက်ကြည့်လိုက်ရအောင်နော်။

နွေရာသီမှာ လိုက်နာသင့်တဲ့ စားသောက်မှု အလေ့အထများ

နွေရာသီမှာ လိုက်တာသင့်တဲ့ စားသောက်မှု အလေ့အထလေးများကတော့

  • ရေများများသောက်ပါ

နွေရာသီမှာ ရေဓာတ်ခမ်းခြောက်တာရော၊ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချဖို့ရောအတွက် အသင့်တော်ဆုံးသောက်စရာက ရေပါ။ ကိုယ်ချွေးထွက်တဲ့ပေါ် မူတည်ပြီး ရေဓာတ်ပြန်ပြန်ဖြည့်ပေးပါ။ မိနစ်ခြားလောက် ရေနည်းနည်းဆီသောက်ပေးဖို့ လိုပါတယ်။

  • ရာသီစာ အသီးအနှံလေးတွေ စားပါ

နွေရာသီမှာ ရာသီစာ အသီးအနှံလေးတွေကို စားပေးတာက နွေအပူချိန်ကို သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ အရည်ရွှမ်းတဲ့ သခွားသီး၊ ပူဒီနံ၊ သံပရိုသီး၊ ကြက်ဟင်းခါးသီး စတာတွေကို စားပေးပါ။ ဖရဲသီး၊ သစ်တော်သီး စတာတွေကို စားပေးလို့လည်း ရပါတယ်။ သစ်သီးတွေကို စားတဲ့အခါ ဝမ်းမလျှောစေဖို့ ယင်နားစာ၊ ခွဲပြီးသား သစ်သီးတွေကို ရှောင်ပြီး ခုမှ  လတ်လတ်ဆတ်ဆတ် လှီးချွတ်ပေးတာကို စားပါ။

  • လတ်ဆတ်တာတွေကို စားပေးပါ

နွေရာသီမှာ နေ့ချင်းချက် အစားအစာတွေကို စားပေးတာ အကောင်းဆုံးပါ။ ရက်ကျန် ထမင်းဟင်းတွေကို မစားပါနဲ့။ ပိုးပေါက်ပြီး အစာအိမ်အူလမ်းကြောင်း ပြဿနာ ဖြစ်စေနိုင်လို့ပါ။ ဒါကြောင့် နွေပူနေချိန်မှာ လတ်လတ်ဆတ်ဆတ် ချက်ထားတာလေးတွေကို စားပေးပါ။

နောက်ပြီး အစိမ်းစားတာမျိုးတွေ မလုပ်ပါနဲ့။ မကျက်တကျက် ချက်ထားတဲ့ အသားတွေ၊ ငါးတွေကို မစားပါနဲ့။ သင့်တော်တဲ့ အပူချိန်မှာ သိမ်းဖို့လည်း မမေ့ပါနဲ့။

  • အချိုရည်တွေ မသောက်ပါနဲ့

သကြားနဲ့ တာရှည်ခံ ပစ္စည်းတွေ အများကြီး ပါနေတဲ့ အချိုရည်တွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး အဝလွန်စေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေငတ်ပြေ သောက်ချင်တယ်ဆိုရင် အုန်းစိမ်းရည် လတ်လတ်ဆတ်ဆတ်၊ နို့၊ အသီးစိတ်လေးတွေ ထည့်ထားတဲ့ ruit infused water၊ သဘာဝ သစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။

  • ဆားတွေ အများကြီး မစားပါနဲ့

နွေရာသီမှာ ချွေးထွက်များလို့ ဆားဓာတ်ဆုံးရှုံးတယ်။ ဆားကို စားရမယ်ဆိုပြီး အလွန်အကျွံ မစားပါနဲ့။ ဆား အစားများတာက နွေရာသီမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် တော်သင့်ရုံပဲစားပါ။ နောက်တစ်ခုက အစပ်ကဲတာတွေကိုလည်း ရှောင်ပါ။

အခုပြောပြတဲ့ အချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် နွေရာသီကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။

#သတင်းစကား

နွေရာသီမှာ လိုက်နာသင့်တဲ့ အစားအသောက် အချက်လေးတွေကတော့
  • ရေများများသောက်ပါ
  • ရာသီစာ အသီးအနှံလေးတွေ စားပါ
  • လတ်ဆတ်တာတွေကိုပဲ စားပါ
  • အချိုရည်တွေ မသောက်ပါနဲ့
  • ဆားတွေ အများကြီး မစားပါနဲ့

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 03/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement