backup og meta

နွေပူပူအတွက် သောက်စရာ

နွေပူပူအတွက် သောက်စရာ
နွေပူပူအတွက် သောက်စရာ

နွေပူပူမှာ ရင်ကို အေးမြသွားစေမယ့် သောက်စရာလေးတွေကို လူတိုင်း တောင့်တမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ လူတိုင်း တောင့်တမိတတ်တဲ့ သောက်စရာ အေးအေးလေးတွေထဲက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နွေပူပူအတွက် သောက်စရာ ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

နွေပူပူအတွက် သောက်စရာ

မကြာခင်မှာ နွေရောက်လာတော့မှာပါ။ အပူချိန်တွေက အခုချိန်ကတည်းက စပြီး မြင့်တက်စပြုနေပါပြီ။ ချွေးတွေ တအား ထွက်တာခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ငြီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။ ဒီတော့ နွေပူပူအတွက် သောက်စရာ ကောင်းကောင်းလေးတွေကို သိထားဖို့တော့ လိုပြီနော်။

ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလို ရေဓာတ် ပြည့်ဝအောင် ဖြည့်တင်းတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ နွေပူပူမှာ ကျန်းမာစွာနဲ့ ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာလေးတွေကို ပြောပြပေးသွားပါမယ်။

အုန်းစိမ်းရည်

အုန်းစိမ်းရည်က အပူဒဏ်ကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဓာတ်တွေကိုလည်း ညီညွှတ်မျှတအောင် ထိန်းညှိပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကြံရည်

ကြံရည်က ခန္ဓာကိုယ်ကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် သောက်စရာ တစ်မျိုးပါ။ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ကိုယ်တွင်းက ရေဓာတ်တွေကို ဖြည့်ပေးပါတယ်။ အပူဒဏ်ကြောင့် ငြီးစီစီဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နွေပူပူမှာ ကြံရည်ချိုချိုလေး သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာပါ။

ဖရဲသီးဖျော်ရည်

ဖရဲသီးက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ နွေအပူဒဏ်ကို သက်သာစေနိုင်သလို နွေပူပူကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

သံပုရာရည်

ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို ဖျော်သောက်ပေးတာကလည်း နွေအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာကို သက်သာပြီး တက်ကြွ လန်းဆန်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

နွေရာသီမှာ သံပုရာရည် အေးအေးလေးက အမောပြေစေနိုင်သလို အပူဒဏ်ကြောင့် ပင်ပန်းတာကို သက်သာစေနိုင်ပါတယ်။

နာနတ်သီး ဖျော်ရည်

နာနတ်သီးလေးကို ကြိတ်ခြေပြီး ဖျော်ထားတဲ့ နာနတ်သီး ဖျော်ရည်ကလည်း နွေပူပူမှာ ကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ သောက်စရာ တစ်မျိုးပါ။ ဗီတာမင် C ပြည့်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

သောက်ရေ

နွေပူပူမှာ အပူဒဏ်ကို ခံနိုင်စေဖို့နဲ့ နွေရာသီ အပူကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ သောက်ပေးလို့ ရတဲ့ နောက်ထပ် သောက်စရာ တစ်မျိုးကတော့ သောက်ရေပါ။ ရေအေးအေးလေး သောက်ပေးတာက အပူဒဏ်ကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်သလို နွေအပူကြောင့် ချွေးထွက်များတာနဲ့ အခြားသော အပူဒဏ်ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဒါတွေ အပြင် နွေပူပူမှာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာစေဖို့အတွက် သလဲသီးဖျော်ရည်၊ စတော်ဘယ်ရီသီး ဖျော်ရည်၊ ဂရိတ်ဖရုစ် ဖျော်ရည်၊ ကီဝီသီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။ သစ်သီးဖျော်ရည်တွေကို ဖျော်သောက်တဲ့အခါ တတ်နိုင်သမျှ သကြားနဲ့ နို့ဆီကို လျှော့ထည့်ပြီး အချိုမကဲထားဖို့ လိုပါတယ်။

ကဲ  ……. နွေပူပူကို အခုပြောပြခဲ့တဲ့ သောက်စရာလေးတွေ သောက်ရင်း အပူဒဏ်ကို အကောင်းဆုံး ရင်ဆိုင်လိုက်စို့နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Amazing Summer Beverages You Must Drink To Beat The Heat! https://food.ndtv.com/food-drinks/10-amazing-summer-beverages-you-must-drink-to-beat-the-heat-1821418 Accessed Date 14 March 2022

Six of the best cooling summer drinks https://www.theguardian.com/lifeandstyle/2018/aug/04/six-of-the-best-cooling-summer-drinks Accessed Date 14 March 2022

ယခုပုံစံ

05/03/2025

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သရက်သီးဖျော်ရည် သောက်ကြမယ်

သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement