backup og meta

ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

    ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

    ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။ 

    • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

    ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးနိုင်တယ်
  • ကြက်သွန်နီ အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။

    • အစာခြေစနစ် ကျန်းမာစေတယ်

    ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမျိုး ကင်းစေပြီး အူမကြီးကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    • ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    • အရိုးတွေ သန်မာစေနိုင်တယ်

    ကြက်သွန်နီ အစိမ်းမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနီုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    • ဆီးချို ထိန်းညှိပေးတယ်

    ကြက်သွန်နီ အစိမ်းမှာပါတဲ့ allyl propyl disulfide လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ကြက်သွန်နီကို အစိမ်းစားပေးတာက ကယ်လ်လိုရီ ပါဝင်မှု နည်းသလို အဆီလည်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အစားအစာလေးပါ။ 

    ကြက်သွန်နီက ကျန်းမာရေး ကောင်းကျိုး များတယ်ဆိုပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ရင်ပူတာမျိုး၊ ပါးစပ်ထဲ ပူစပ်ပူလောင် ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကိုယ့်မှာ အစာအိမ်ရောဂါရှိရင်၊ စားချဉ့်ပြန်တတ်တဲ့ ရောဂါရှိရင် အစိမ်းစားတာကို ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement