လိမ္မော်သီး (Orange)
အခွံက လိမ္မော်ရောင် ဒါမှမဟုတ် အနီဘက်ခပ်သန်းသန်းဖြစ်နေတဲ့ လိမ္မော်ရောင်ရင့်ရင့်ဖြစ်တတ်ပါတယ်။ အရသာကလည်း ခံတွင်းရှင်းပြီးစားကောင်းပါတယ်။ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေးအကျိုးပြုတဲ့ အစားအသောက်တစ်ခုပါ။ လိမ္မော်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓါတ်လည်းအပြည့်အဝပါဝင်ပါတယ်။ သဘာဝအချိုဓါတ်ရရှိစေနိုင်တဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။