backup og meta

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဂန္ဓမာပန်းပွင့် ကားကားလှလှကြီးတွေကို မြင်ဖူးကြမယ်မဟုတ်လား။ ဘုရားပန်းတင်ကြတယ်၊ အိမ်မှာလည်း အလှထိုးကြတယ်။ အင်မတန်လှတဲ့ ပန်းပွင့်ကြီးတွေပေါ့။

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

အင်္ဂလိပ်လို Chrysanthemums လို့ခေါ်ကြပြီး အာရှမျိုးရင်းတစ်မျိုးဖြစ်ပြီးတော့ အရှေ့တိုင်းနိုင်ငံတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ပါတယ်။

တကယ်တော့ ဂန္ဓမာပန်းဟာ အမြင်တင့်တယ်ရုံသာမကပါဘူး။ ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်တဲ့ အပင်တစ်မျိုးပါ။ တရုတ်၊ ဂျပန်နဲ့ အရှေ့အာရှဒေသက တိုင်းပြည်တွေမှာတော့ ဒီပန်းကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတယ်။

ဂန္ဓမာပန်းလေးရဲ့ အစွမ်း

သိပ္ပံနည်းပညာတွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာတော့ အပင်မျိုးစိတ်အလိုက် လူသားတွေအပေါ် အကျိုးပြုနိုင်စွမ်းတွေကို လေ့လာသုတေသနပြုလာနိုင်နေပြီဖြစ်တာမို့ ဂန္ဓမာပန်းပင်ရဲ့ အစွမ်းကိုလည်း တိတိကျကျ ဖော်ထုတ်လာနိုင်နေပြီဖြစ်ပါတယ်။

လေ့လာချက်တွေအရတော့ ဂန္ဓမာပန်းပင်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သွေးတိုးနဲ့ သိုင်းရွိုက်ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ဆေးပညာမှာလည်း ရောင်ရမ်းတာနဲ့ အာရုံကြောအားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခေတ်မီဆေးသိပ္ပံပညာရှုထောင့်ကလည်း လက်ခံအတည်ပြုထားကြပါတယ်။

ဒါ့အပြင် Institute for Integrative Nutrition ရဲ့ သုတေသနရလဒ်တွေအရ ဒီအပင်ဟာ Osteoporosis လို အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

ဂန္ဓမာပန်းလက်ဖက်ခြောက်ကို ဘယ်လို အသုံးချကြမလဲ

ဂန္ဓမာပင်ဟာ ဆေးဘက်ဝင်ပေမယ့် အလှပန်းမျိုးစိတ်တစ်မျိုးဖြစ်တာကြောင့် ဘယ်လိုအသုံးချကြမလဲလို့ မေးခွန်းထုတ်စရာတော့ရှိပါတယ်။

ဒီပန်းကို ကျန်းမာရေးအတွက် အများဆုံးအသုံးချကြတဲ့ နည်းလမ်းက လက်ဖက်ခြောက်အဖြစ် ဖန်တီးမှီဝဲတာဖြစ်ပါတယ်။ ဂန္ဓမာပန်းလက်ဖက်ခြောက်ဟာ အရောင်အဆင်းလှပသလို၊ အနံ့အရသာလည်းမပြင်းတာကြောင့် အထူးနာမည်ကျော်တယ်။

ဂန္ဓမာပန်း လက်ဖက်ခြောက်ဆိုပေမယ့် လက်ဖက်ရွက်နဲ့ လုပ်တာမဟုတ်ပါဘူး။ ဂန္ဓမာပန်းပင်ကနေ ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။

ဒီလက်ဖက်ခြောက်ဟာ

  • ဝက်ခြံ၊
  • လည်ချောင်းနာ၊
  • တုပ်ကွေး၊
  • အဖျား၊
  • Atherosclerosis
  • ရင်ဘတ်အောင့်
  • ပန်ကရိယကင်ဆာ
  • သွေးတိုးနဲ့
  • ဆီးချိုတွေကို သက်သာစေနိုင်ပါတယ်။

ဒါ့အပြင် လက်ဖက်ရွက်ပါဝင်ခြင်းမရှိတာကြောင့် ကဖိန်းဓာတ်လည်း မပါဝင်ပါဘူး။ နောက်ပြီး ဂန္ဓမာပန်းကို အောက်ပါနည်းလမ်းတွေနဲ့လည်း အသုံးချတတ်ကြပါသေးတယ်။

  • ဂန္ဓမာပန်းအဆီ (Chrysanthemum Oil) ကိုတော့ အလှအပအတွက် အသုံးချကြပါတယ်။
  • မြေထဲပင်လယ်မျိုးရင်းတစ်မျိုးဖြစ်တဲ့ Chrysanthemum Coronarium ရဲ့ အရွက်ကိုတော့ အာရှနိုင်ငံတော်တော်များများမှာ သုပ်စားတာ၊ ပြုတ်စားတာမျိုးတွေ ပြုလုပ်ကြပါတယ်။ အဲဒီ Chrysanthemum Coronarium ရွက်ကို တာအိုးရွက်လို့ မြန်မာပြည်မှာ လူသိများပြီး ဂျပန်မှာတော့ Shungiku လို့ ခေါ်ပါတယ်။

ဘေးထွက်ဆိုးကျိုးနဲ့ ဓာတ်မတည့်ခြင်း

ဂန္ဓမာပန်းလက်ဖက်ခြောက်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြားပေးနိုင်သလို ဓာတ်မတည့်မှုလည်းဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်တဲ့အခါမျိုးမှာ အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်တတ်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။

  • အရေပြားယားယံတာ၊
  • အနီစက်တွေပေါ်တာ၊
  • နေလောင်ကွက်လို အကွက်တွေပေါ်တာ၊
  • မျက်နှာ၊ နှာခေါင်း၊ မျက်လုံးနဲ့ အရေပြား ကျိန်းစပ်တာ၊
  • ကိုယ်ခံအားစနစ် ထိခိုက်တာနဲ့
  • ဖူးရောင်တာမျိုးတွေ ဖြစ်ပေါ်နိုင်တာပါပဲ။ တကယ်လို့ ဒီလိုလက္ခဏာတွေပြလာပြီဆိုရင်တော့ အလျင်အမြန်ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-nutrition/how-chrysanthemum-tea-benefits-health#1

https://www.webmd.com/vitamins/ai/ingredientmono-904/chrysanthemum

https://www.verywellfit.com/chrysanthemum-tea-benefits-and-side-effects-4163463

https://www.rxlist.com/chrysanthemum/supplements.htmhttps://www.healthbenefitstimes.com/chrysanthemum/

ယခုပုံစံ

09/08/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Yarrow (၁၂ရာသီပန်းပင်)

Amaranth (ကြက်မောက်ပန်းပင်)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ