backup og meta

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။

အဆီကျစေခြင်း

မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ဆီးချိုသွေးချိုထိန်းပေးခြင်း

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း

မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။

အစာခြေစနစ်ကို ကောင်းစေခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ isatin တို့ကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ မက်မန်းသီးက ဝမ်းချုပ်ခြင်းလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကုစားရာမှာထိရောက်မှုရှိပါတယ်။

ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း

မက်မန်းသီးဖျော်ရည်သောက်ရင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ယိုယွင်းမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။ အကျိုးပြု phytonutrients တွေကြောင့် လေ့လာသင်ယူနိုင်စွမ်းနဲ့မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ ပုံမှန်စားပေးရင်ပဲ အယ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့လို မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကိုကာကွယ်နိုင်ပါတယ်။

တခြားအကျိုးကျေးဇူးတွေဆက်ပြောရရင် –

  • အာရုံကြောစနစ်အတွက်ကောင်းခြင်း
  • နှလုံးကျန်းမာစေခြင်း
  • ကိုယ်ခံအားကောင်းစေခြင်း
  • ကိုလက်စထရောကျစေခြင်း
  • သွေးအားကောင်းစေခြင်း
  • စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေခြင်း
  • တုပ်ကွေးကို ကုသနိုင်ခြင်း
  • ကင်ဆာကာကွယ်နိုင်ခြင်း
  • အသားအရေလှခြင်း
  • မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း စတာတွေ ရှိပါသေးတယ်။

ဒါ့အပြင် မက်မန်းသီးဟာ ရာသီသွေးမမှန်ခြင်းကိုကုသရာမှာ ထိရောက်တဲ့အာနိသင်ရှိတယ်လို့ဆိုကြသလို အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်နိုင်တယ်လို့လည်း သိရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.organicfacts.net/health-benefits/fruit/health-benefits-of-plums.html?utm_source=onesignal&utm_campaign=15July18WebPush

Accessed Date Oct 16, 2019.

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ဆိုင်မသွားဘဲ စပျစ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ