တစ်နေ့တာမှာ အနည်းဆုံး ကယ်လိုရီဘယ်လောက်လိုအပ်လဲဆိုတာသိဖို့ ခုပဲတွက်ချက်လိုက်ပါ။

home

ကျန်းမာရေး ကဏ္ဍများ

ဆောင်းပါးများ

ဆောင်းပါးများ

ကိရိယာများ

ကိရိယာများ

အဖွဲ့များ

အဖွဲ့များ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်း

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သွေးရောဂါများ

သွေးရောဂါများ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာစေမည့်အလေ့အကျင့်များ

အသားအရေနှင့် အလှအပ

အသားအရေနှင့် အလှအပ

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ကင်ဆာများ ကို စစ်ဆေးကြမယ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

၂၀၂၃ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး ရက်သတ္တပတ်

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

မုတ်ဆိတ်မရိတ်ပါ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

၂၀၂၂ ကမ္ဘာ့ဆီးချိုရောဂါနေ့

ကိရိယာများ

ကျန်းမာရေးကိရိယာများ

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာ

မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာ

နှလုံးခုန်မမှန်တာကြောင့် လေဖြတ်နိုင်သလား

နှလုံးခုန်မမှန်တာကြောင့် လေဖြတ်နိုင်သလား

ရင်သားကင်ဆာဖြစ်နိုင်ခြေ  စစ်ဆေးခြင်း

ရင်သားကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပန်းနာရင်ကျပ်ရောဂါ ရှိနေတာလား

ပန်းနာရင်ကျပ်ရောဂါ ရှိနေတာလား

သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုစောင့်ရှောက်မှု စစ်ဆေးခြင်း

ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ပိုမိုကြည့်ရှုမည်။
ဆီးချိုရောဂါအကြိုအဆင့် ဖြစ်နိုင်ခြေ စစ်ဆေးခြင်း
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
a month
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
tip_welcome

မင်္ဂလာပါ။ !

ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။

ဘာထူးပါသလဲ။

ပင်မ စာမျက်နှာ
ကျန်းမာစွာ စားသောက်ခြင်း
အာဟာရဆိုင်ရာ အချက်အလက်များ
မှတ်ချက်များ
0 comments

သင့်အတွေးများကို ဝေမျှပါ။

သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။

reply
ပို့စ်အသစ်စမည်။

ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။

သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး

    ရာသီဥတုပူတဲ့အချိန် အသီးအနှံချိုချိုလေးနဲ့မှ ရင်အေးကြတာနော်။ သင်္ဘောသီးက ချိုလည်းချို ဝမ်းလည်းမှန်စေတယ်။အမျှင်ဓါတ်၊ကယ်လ်စီယမ်၊သံဓါတ်နဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အာနိသင်ကတော့ အူတွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။

    အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊သောက်သုံးကြပေမယ့် သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ယုံကြည်ပြီးစားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစု ကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုမသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။

    သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၅) မျိုး

    (၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ်

    သင်္ဘောစေ့ကိုစားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပြီး ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ကုသမှုမှာအထောက်အကူပေးပါတယ်။ တစ်နေ့ကို ၇ စေ့လောက်ဝါးစားပေးရုံနဲ့လုံလောက်ပါတယ်။

    (၂) အသည်းကိုသန့်စင်ပေးတယ်

    အသည်းရဲ့တာဝန်က ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။ သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကိုအကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ၅ စေ့ကိုကြိတ်ပြီး သံပရာရည်တစ်ဇွန်းကိုရော၊ တစ်နေ့နှစ်ကြိမ် တစ်လကြာအောင်သောက်ပေးနိုင်ပါတယ်။

    (၃) အူကျန်းမာရေးကို ကောင်းစေတယ်

    ကပ်ပါးပိုးမွှားတွေကိုသေစေတဲ့အင်ဇိုင်းတွေ ပါဝင်မှုများတဲ့အတွက် အူကျန်းမာရေးကိုကောင်းမွန်စေပါတယ်တဲ့။ carpaine လို့ခေါ်တဲ့ anthelmintic alkaloid ကြောင့် အူတွင်းက ကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ သန်ကောင်၊တုတ်ကောင်တွေကို ကျစေနိုင်တယ်လို့ သိထားကြတာဖြစ်ပါတယ်။ သင်္ဘောစေ့ကိုအခြောက်ခံပြီးထောင်းကြိတ်ပါ။ ရလာတဲ့အမှုန့်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီးဆူအောင်တည်ပါ။ ပြုတ်ရည်ကို အအေးခံပြီး ပျားရည်ထည့်ပြီးဖြစ်ဖြစ်၊ မထည့်ဘဲဖြစ်ဖြစ် တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးနိုင်ပါတယ်။

    (၄) အစာချေစနစ်ကို အကာအကွယ်ပေးတယ်

    သင်္ဘောစေ့ဟာ ဘက်တီးရီးယားကိုသေစေပြီး ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်တွေကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ သင်္ဘောစေ့က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်နိုင်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။ တစ်နေ့ကို ၇ စေ့ သုံးကြိမ် စားသုံးနိုင်ပါတယ်။

    (၅) အဆီပိုတွေနဲ့ သကြားဓါတ်တွေကို စုပ်ယူပေးတယ်

    သင်္ဘောစေ့က ခန္ဓါကိုယ်မှာ အဆီကိုလောင်ကျွမ်းစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ အစာချေဖျက်မှုကို မြန်ဆန်စေတဲ့အတွက် အဆီပိုတွေနဲ့သကြားဓါတ်တွေကို ခန္ဓါကိုယ်က စုပ်ယူမှုနည်းပါးစေလို့ ဝိတ်လည်းကျစေပါတယ်။

    သင်္ဘောစေ့နဲ့ ဝိတ်ချနည်း

    သင်္ဘောစေ့နဲ့ပတ်သက်ပြီး သိပ်မသိကြတဲ့ အသုံးဝင်ပုံတစ်မျိုးကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပေးတာပဲဖြစ်ပါတယ်။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒါ့အပြင် အစားဆင်ခြင်စားပြီး လေ့ကျင့်ခန်းလည်း မကြာမကြာလုပ်ပေးရပါမယ်။

    ဂရိတ်ဖရုဖျော်ရည်တစ်ခွက်ထဲမှာ သင်္ဘောစေ့ ၁၅ စေ့ထည့်ပြီး အစာမရှိခင်သောက်ပါ။ အစေ့တွေကို ဆေးလိုမျိုချပါ။ ဒီဖျော်ရည်က အဆီပိုတွေကိုဖယ်ရှားပေးပြီး အစာချေဖျက်မှုမြန်စေပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Ref:

    https://www.healthline.com/nutrition/papaya-seeds

    Accessed April 22, 2019.

    https://steptohealth.com/discover-5-huge-benefits-eating-papaya-seeds/

    Accessed April 22, 2019.


    ဆက်စပ် အကြောင်းအရာများ

    ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

    Papaya (သင်္ဘောသီး)


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement
    Logo

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    Logo SocialLogo SocialLogo SocialLogo Social

    ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

    ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

    တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

    ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    Hello Health

    Hello Health အကြောင်း

    ကျွန်ုပ်တို့အကြောင်း


    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag

    DMCA Icon

    ©2023 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။