backup og meta

မျှဝေပါ။

သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး

Hello ဆရာဝန်ပရိတ်သတ်တွေထဲမှာ ထမင်းစားတိုင်း တို့စရာ သခွားသီးမပါရင် မစားတတ်တဲ့သူတွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ဖြစ်မှာပါ။ အလှအပအတွက်သာမက ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်ကိုပါ သခွားသီးက ဘယ်လိုအကျိုးပြုနိုင်လဲဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားပါမယ်။

သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး

သခွားသီးမှာ ပါတဲ့အာဟာရဓါတ်တွေ

ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓါတွင်း ရေဓါတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓါတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

သခွားသီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။ နှလုံး၊ အဆုတ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ် ဖောက်လွှဲဖောက်ပြန် မဖြစ်စေဖို့ ကူညီပေးတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးတယ်။

ကိုယ်တွင်းအပူချိန် သဟဇာတဖြစ်ဖို့၊ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ပေးဖို့ ရေဓါတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ၉၆ ရာခိုင်နှုန်းသော ရေဓါတ်ပါဝင်တဲ့ သခွားသီးဟာ ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး ဆီးရွှင်စေတယ်။ ကလေးတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။

သခွားသီးက ကိုယ်အလေးချိန်ကို ကျစေနိုင်လား။

ကယ်လိုရီနဲ့ အဆီဓါတ်ပါဝင်မှုနည်းလို့ များများစားလည်း ကိုယ်အလေးချိန်ကို မတက်စေပါဘူး။ ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေသူတွေ၊ Gym မှာ အပြင်းအထန်ကစားပြီး ချွေးထွက်သွားတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို သခွားသီးနဲ့ အစားထိုးဖြည့်ပေးလို့ ရပါတယ်။ နေ့လည်နေ့ခင်း ဒါမှမဟုတ် ထမင်းစားတဲ့အချိန် အစာကြေလွယ်စေဖို့ သခွားသီးကို ဆလတ်နဲ့ သံပရာရည်ညှစ်ပြီး သုတ်တာ၊ ပေါင်မုန့်၊ ထမင်းနဲ့ တွဲစားလို့လည်း ရသလို အစိမ်းစားလို့လည်း အဆင်ပြေစေပါတယ်။

တခြားဘာအတွက်ရော ကောင်းသေးလဲ။

သခွားသီးဟာ သွေးတွင်းသကြားဓါတ်ကို ကျစေလို့ ဆီးချိုရောဂါ ရှိသူတွေအတွက်လည်း စားလို့ အဆင်ပြေစေပါတယ်။ အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်မှုများလို့ အစာကြေစေပြီး ဆီးနဲ့ဝမ်းကို မှန်စေတယ်။ ရေဓါတ်ကြောင့် ဝမ်းအမာတွေ မဖြစ်စေဖို့၊ ဝမ်းမချုပ်စေဖို့ ကူညီပေးတယ်။

အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ဒီလိုဘက်စုံ အသုံးဝင်တဲ့ သခွားသီးကို အစိမ်းလိုက်ပဲ စားမလား၊ ထမင်းနဲ့ပဲ ရောစားမလား၊ ပါးပါးလေးလှီးပြီး မျက်နှာမှာပဲ ကပ်မလား၊ လိုသလို အသုံးပြုလို့ ရတယ်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/7-health-benefits-of-cucumber (June 26, 2019)

 

ယခုပုံစံ

28/02/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement