သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့် နေထိုင်စားသောက်မှုပုံစံ လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။
ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။
သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ
သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ ကတော့
၁။ ဈေးကြီးခြင်း
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ အရည်ညစ်စက်၊ အရည်အသွေးကောင်းတဲ့ ဓါးတွေ၊ သိမ်းဆည်းဖို့ ဘူး၊ ခွက်တွေ စတဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ လိုအပ်လို့ပါ။ အရည်အသွေးကောင်းမွန်တဲ့ ဖျော်ရည်စက်တွေဟာ ဒေါ်လာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ကျသင့်နိုင်ပါတယ်။ ဖျော်ရည်ပြုလုပ်တာက အစားအစာ ပြင်ဆင်ရတာထက် ကုန်ကြမ်း ပိုလိုအပ်ပါတယ်။
ဖျော်ရည်ပြုလုပ်ဖို့ ကုန်ကြမ်းပမာဏများများ လိုအပ်တာကြောင့် အဲ့ပေါ်မှာ ငွေကြေးအတော် သုံးရပါလိမ့်မယ်။ ပမာဏအပြင် ကုန်ကြမ်းရဲ့ အရည်အသွေးကိုလဲ ဂရုစိုက်ရပါမယ်။ ဖျော်ရည်ပြုလုပ်ချိန်မှာ အရေးကြီးတဲ့ အချိုးအစားဆိုတာအတွက် သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ယူဖို့ကို သဘောတူကြပါတယ်။ ဒါက တခြားကုန်ကြမ်းတွေထက် ကုန်ကျစရိတ် ပိုစေပါတယ်။
၂။ ပိုးသတ်ခြင်းနဲ့ သန့်ရှင်းရေး
လတ်ဆတ်တဲ့ သစ်သီးတွေဆိုတာ ထုံးစံအတိုင်း ပိုးမသတ်ပဲ အစိမ်းလိုက် စားသုံးရတာကြောင့် ဖျော်ရည်ပြုလုပ်ရင်သုံးတဲ့ ကိရိယာတွေအားလုံးကို တစ်ခါသုံးပြီးတိုင်း ဆေးကြောသန့်ရှင်းရပါမယ်။ ဆိုလိုတာ စက်တွေကိုသာမဟုတ်ပဲ စဉ်းနှီတုံး၊ သိမ်းဆည်းမယ့် ဘူး၊ ဓါးနဲ့ တခြား ပန်းကန်ခွက်ယောက်တွေကို တစ်ခါအသုံးပြုပြီးတိုင်း သန့်ရှင်းစေလိုတာပါ။ အရည်ညစ်စက်တွေမှာ မတူညီတဲ့ အစိတ်အပိုင်းတွေ အများအပြား ပါဝင်ပါတယ်။
အစိတ်အပိုင်းတစ်ခုချင်းဆီကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တချို့အစိတ်အပိုင်းတွေကို ပန်းကန်ဆေးစက်နဲ့ ဆေးနိုင်ပြီး တချို့ကို လက်နဲ့ ဆေးပေးဖို့ လိုအပ်ပါတယ်။ beet juice လိုမျိုး ဖျော်ရည်တွေမှာ ပါတဲ့ သဘာဝရောင်ခြည်ပစ္စည်းတွေမှ အစအန၊ အကြွင်းအကျန်နဲ့ အစွန်းအထင်းတွေက သန့်ရှင်းရေးလုပ်တဲ့အခါ ပိုပြီး ခက်ခဲစေတတ်ပါတယ်။
၃။ အလွန်သေးငယ်တဲ့ ပိုးမွှားများ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အလွန်သေးငယ်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ သူတို့အတော်များများဟာ အစာအဆိပ်သင့်ခြင်း၊ အစာအိမ်နဲ့ အူများ ရောင်ရမ်းခြင်း၊ သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ E-coli ၊ salmonella နဲ့ တခြားသေစေနိုင်တဲ့ အဏုဇီဝတွေဟာ သင့်ရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစိမ်းတွေမှာ ရှိနိုင်ပါတယ်။ အပူနဲ့ ပိုးသတ်တာမျိုးမလုပ်ရင်တော့ အဲ့ဒီဘက်တီးရီးယားတွေရဲ့ ဘေးရန်ကနေ ကင်းမယ်လို့ လုံးဝအာမ မခံနိုင်ပါဘူး။ ဒါကြောင့် ခုခံမှုစနစ်အားနည်းနေတဲ့သူတွေ သို့မဟုတ် ကင်ဆာရောဂါရှင်တွေလို low microbial diets သမားတွေကို အစိမ်းအတိုင်းဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ဖို့ ညွှန်ကြားထားပါတယ်။
၄။ အမျှင်ဓါတ် ဆုံးရှုံးခြင်း
ဖျော်ရည်ပြုလုပ်လိုက်တယ်ဆိုတာ အမျှင်တွေ ပစ်ထုတ်လိုက်တယ်လို့ ဆိုလိုပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်ပြုလုပ်တဲ့အခါ အဟာရနဲ့ အရည်တွေဟာ အမျှင်ပျော့ဖတ်တွေမှ ထုတ်ယူရပါတယ်။ ပြီးရင် အများအားဖြင့် အဲ့အဖတ်တွေကို စွန့်ပစ်ကြတာပါ။ အဲ့ဒါတွေကို soups ၊ salads သို့မဟုတ် တခြားအစားအစာတွေထဲ မထည့်သွင်းရင်တော့ အမျှင်က ရရှိမယ့် ကောင်းကျိုးတွေကို စွန့်ပစ်လိုက်တာပါပဲ။
အမျှင်ဓါတ်မရရှိရင် အစာချေဖျက်မှု ကောင်းမွန်ဖို့ အခက်အခဲတွေ ဖြစ်လာပါလိမ့်မယ်။ အမျှင်တွေက သင့်ကို ဗိုက်ပြည့်နေတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေခြင်းဖြင့် အစာစားလိုခြင်း လျော့ကျဖို့လည်း အကူအညီပေးပါတယ်။ မဟုတ်ရင်တော့ သင့်ဆာလောင်မှုကို ဖြေသိမ့်ဖို့ ဖျော်ရည်အတော်များများ လိုအပ်ပါလိမ့်မယ်။
၅။ အချိုနဲ့ ကစီဓါတ် ပါဝင်မှု များပြားခြင်း
လေ့လာမှုတစ်ခုအရ အဝလွန်တဲ့ ကလေးတွေဟာ ပုံမှန်အလေးချိန်ရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ၆၅% လောက်က ဖျော်ရည်အချိုတွေကို ပိုသောက်သုံးကြပါတယ်။ အချိုရည်တွေကတောင် တချို့ သစ်သီးဖျော်ရည်တွေအောက် အချိုပမာဏ နည်းပါတယ်။ ဥပမာ စပျစ်သီးဖျော်ရည်ဟာ Coca Cola ထက် အချိုပမာဏ ၅၀% ပိုပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်အတိုင်းဆို သစ်သီးဖျော်ရည် ၈အောင်စမှာ ကယ်လိုရီ ၁၄၀လောက် အကြမ်းအားဖြင့် ပါဝင်တဲ့အချိန် လိမ္မော်သီးမှာ ကယ်လိုရီ ၆၀ပဲ ပါဝင်ပါတယ်။
သင်သောက်သုံးတဲ့ သစ်သီးဖျော်ရည်မှာ “ ၁၀၀%သစ်သီးဖြင့် ပြုလုပ်ထားသည် “ ဆိုတဲ့ စာသားပါဝင်တာ သေချာပါစေ။ စင်ပေါ်မှာရှိတဲ့ ဖျော်ရည်အများစုကို ရေ၊ အချိုဓါတ်နဲ့ တခြားဖြည့်စွက်စားသောက်ကုန်တွေဖြင့် ပြုလုပ်ထားတာပါ။ ဘူးတစ်ဘူးမှာ သစ်သီးဖျော်ရည်စစ်စစ် ၁၀% လောက်ပဲ ပါဝင်ပါတယ်။ သင့်ဖျော်ရည်ထဲကို သကြား ထက်မထည့်သင့်ပါဘူး။ တချို့ ဖျော်ရည်တွေမှာ ပါဝင်တဲ့ ဖန်တီးပြုလုပ်ထားသော အချိုဓါတ်တွေက သကြားထက် သင့်ရဲ့ ကျန်းမာရေးကို ပိုပြီးတောင် ဆိုးရွားသွားစေတတ်ပါတယ်။
[embed-health-tool-bmi]